Author's Profile Photo

မိုးနှောင်းအလင်္ကာ

22/07/2024

သဘာ၀ထဲကတိရစ္ဆာန်တွေရဲ့ထူးခြားမှုများ....။

1 min read
General Knowledge
သဘာ၀ထဲကတိရစ္ဆာန်တွေရဲ့ထူးခြားမှုများ....။'s photo

သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမဟုတ်ဘဲ သဘာဝတရားကြီးထဲက ဆန်းပြားနေတာဟာ အလွန်ဘဲအံသ​ြ သင့်စရာကောင်းနေပါတယ်။ကျွန်​ေတာ်တို့ တွေဟာ ဆန်းပြားမှု့တွေနဲ့ပတ်သက်လာရင် အလွန်ဘဲစိတ်၀င်စားတယ်။ဒါ့ကြောင့် သဘာဝထဲကပဲ တိရစ္ဆာန်အချို့ရဲ့ ထူးခြားတဲ့အဖြစ်အပျက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ခေါင်းနှစ်လုံးပါ လင်းပိုင်တစ်ကောင်အား မြောက်ဘက်ပင်လယ်တွင် ဖမ်းဆီးရမိ။
ဒီလင်းပိုင်လေးကိုတော့ ၂၀၁၇ခုနှစ်မှာ ငါးဖမ်းသမားတွေက ဆယ်ယူရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အသေဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး မွေးဖွားပြီးမကြာခင်မှာ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလင်းပိုင်အထီးကလေးဟာ ခန္တာကိုယ်တစ်ခုထဲပါပြီး ခေါင်းနှစ်လုံးရှိပါတယ်။ ငါးအမွှာလို့ပဲ ပြောရမလား၊ ခေါင်းနှစ်လုံးက အင်္ဂါရပ်ပြည့်စုံစွာပါ ပါတယ်။ ဒါမျိုးက အလွန်ရှားပါးတယ်လို့ ဆိုပါတယ်။
၂။ ခွေးအ (hyena) တွေနဲ့ အတူနေတဲ့သူ။
ခွေးအဆိုတာ အလွန်အန္တရာယ်ကြီးမားတဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ ဆင်တွေတောင်မှ တစ်ကောင်ထဲဆိုရင် ခွေးအ အုပ်စုနဲ့တွေ့ရင် အစားခံရမှာ အသေအချာပါ။ အာဖရိကမှာ ခင်္ဩေ့တွေပြီးရင် ခွေးအအုပ်စုဟာ ကြောက်စရာအကောင်းဆုံးလို့ဆိုပါတယ်။ သူတို့ဟာ ရွာတွေထဲဝင်ပြီး ကလေးတွေကို ကိုက်ဖြတ်စားသောက်တတ်ပါတယ်။ ဒါပေမယ့် အီသီယိုးပီးယားနိုင်ငံမှ ယူဆက် (Yusef) ကတော့ ခွေးအတွေနဲ့ အိမ်တစ်အိမ်ထဲမှာ အတူတူနေထိုင်ပြီး အစားအစာတွေလည်း ကျွေးပါတယ်တဲ့။ အခုထိတော့ ဘာအန္တရာယ်မှ မဖြစ်သေးပါဘူး။
၃။ အချိန်အကြာကြီးအိပ်စက်သွားစေနိုင်တဲ့ အင်းဆက်။
စီးစီ (tsetse) အင်းဆက်အကိုက်ခံရရင်တော့ sleeping sickness လို့ပြောကြတဲ့ အချိန်အကြာကြီး မေ့မြောအိပ်စက်သွားစေနိုင်ပါတယ်။ သူက ခြင်နဲ့ပုံစံတူပေမယ့် ခြင်တော့မဟုတ်ပါဘူး။ လူသွေးထဲကို သူ့ရဲ့စုတ်တံ တိုက်ရိုက်ထိုးချပြီး သွေးစုပ်ပါတယ်။ တစ်ချို့ပိုပြင်းတဲ့မျိုးစိတ်တွေက လူကိုသေစေနိုင်သည်အထိ ဖြစ်စေပါတယ်။ သူက အပူပိုင်းဒေသတွေမှာ ပေါက်ဖွားတတ်ပြီး လူတွေရဲ့ခုခံစွမ်းအားကို ဘယ်လိုလုပ်ပြီး လျော့ကျသွားစေတယ်ဆိုတာ အံ့ဩနေကြပါတယ်။ သုတေသနပညာရှင်တွေကတော့ နည်းလမ်းရှာဖွေနေကြဆဲဖြစ်ပါတယ်။ စစချင်းအကိုက်ခံရရင် ဖျားတာ၊ ခေါင်းကိုက်တာ နဲ့ ကြွက်သားတွေနာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ ကြာလာရင်တော့ အဖျားပိုကြီးလာပြီး ကူးစက်ခံရသူဟာ ပင်ပန်းနုံးချိသထက် နုံးလာပါတော့တယ်။
၄။ ဝမ်းနည်းပူဆွေးတတ်တဲ့ မျောက်များ။
မယုံမရှိပါနဲ့။ မျောက်တွေဟာ ဝမ်းနည်းမှုကို ခံစားတတ်ကြပါတယ်။ သူတို့ရဲ့ မိတ်ဆွေတစ်ယောက်ယောက် သေဆုံးသွားခဲ့ရင် နာရီပေါင်းများစွာ ပူဆွေးသောကရောက်ပြီး ဝမ်းနည်းနေတတ်ပါတယ်။ ဒါ့အပြင် နာကျင်မှု၊ ဝမ်းသာမှုတို့ကိုလည်း အချင်းချင်း မျှဝေခံစားတတ်ပါတယ်တဲ့။ တစ်ကောင်ကောင် ထိခိုက်ဒဏ်ရာရရနေခဲ့ရင် သူ့ရဲ့အဖော်ဟာ သက်သာတဲ့အထိ အနားကမခွာပဲ စောင့်ရှောက်တတ်လေ့ရှိပါတယ်။
၅။ သားကောင်ရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့ အမဲလိုက်သိမ်းငှက်များ။
ကနေဒါနိုင်ငံက သုတေသနပညာရှင်တွေက အမဲလိုက်သိမ်းငှက်တွေရဲ့ သဘောသဘာဝကို ၁၀နှစ်ကျော်လေ့လာပြီးနောက်မှာ ဒီအချက်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့က သားကောင်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြပြီး ကိုယ်ရောင်ဖျောက်တဲ့နေရာမှာလဲ အလွန်တော်သူ များဖြစ်ပါတယ်။ သူတို့ရဲ့သားကောင်ဟာ သူတို့ဘယ်နေရာကလာမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ သားကောင်ကို ကြောက်ရွံ့မှု စိုးရိမ်မှုတွေ ပိုများပြားလာအောင်လုပ်ပြီးမှ တစ်ဟုန်ထိုး သုတ်ချီလေ့ရှိပါတယ်တဲ့။

#မိုးနှောင်းအလင်္ကာ

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ငွေမစုတဲ့ သူဌေးများ