Author's Profile Photo

Leo(Nann)❤️

22/07/2024

စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များ

1 min read
Business
Entrepreneurship
စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များ's photo

စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်
အောက်ပါအချက်လေးတွေကိုသိထားသင့်ပါတယ်ရှင့်။

1.ကိုယ်ပိုင်လုပ်ငန်းလုပ်တာဘဲဖြစ်ဖြစ်၊စပ်တူရှယ်ယာလုပ်တာဘဲဖြစ်ဖြစ်၊လခစားအငှားဝင်ထမ်းလုပ်တာဖြစ်ဖြစ်
ကိုယ်ကပါးပါးနပ်နပ်ရှိဖို့လိုပါတယ်။ပါးနပ်သွက်လက်ပြီး ထက်မြက်တဲ့သူဟာ
ပိုအောင်မြင်ပါတယ်။ဉာဏ်သုံးတဲ့သူတွေက အများရဲ့ယုံကြည်မှုကိုအလျှင်အမြန်ရနိုင်သူတွေပါ။

2.အကျိုးစီးပွားတစ်ခုဖြစ်ထွန်းချင်တဲ့အခါ
ကိုယ့်ရဲ့မာနကိုနှိမ့်ချထားဖို့လိုပါမယ်။
လုပ်ငန်းတစ်ခုကိုစတဲ့အခါမှာ အတွေ့အကြုံကစကားပြောပါတယ်။
ဒါကြောင့် ဝါရင့်သူတွေဆီကနေတဆင့်
လေ့လာပါ။မှတ်သားသင်ယူပါ။
သူများကိုအောက်ကျို့ရတယ်ဆိုပြီးမတွေးပါနဲ့။ကိုယ်မတတ်တဲ့အရာကိုသင်ယူတာဟာ ရှက်စရာမဟုတ်ပါဘူး။

3.မကြောက်ပါနဲ့။
လုပ်ငန်းတစ်ခုကို ကိုယ့်ခြေကိုယ့်လက်စတင်ရမှာမကြောက်ပါနဲ့။စွန့်စားရပါမယ်။စွန့်ရဲမှ စားဖို့အခွင့်အရေးရမှာပါ။
(No one is perfect.)
ဘယ်သူမှအမှားနဲ့မကင်းပါဘူး။
အမှားသိမှလည်း အမှန်ပြင်လို့ရနိုင်တာပါ။
ဒီတော့ စွန့်စားကြည့်ဖို့မကြောက်ပါနဲ့။

4.လက်လျှော့ဖို့မတွေးပါနဲ့။
သင်တကယ်လုပ်ကြည့်ပြီးပြီလား။
မအောင်မြင်ဘူးလား။
စိတ်ဓာတ်ကျနေပြီလား။
ဆုံးရှုံးသွားတဲ့အကျိုးစီးပွားကို ပြန်လည်တမ်းတမနေပါနဲ့တော့။
အသစ်အသစ်တွေနဲ့ပြန်စတင်ကြည့်ပါ။
အရှုံးပေးလိုက်ဖို့တွေးတဲ့စိတ်ကိုဖျောက်။
မင်းအသက်ရှင်နေသရွေ့ မင်းမှာမျှော်လင့်ချက်ရှိနေသေးတယ်ဆိုမမေ့ပါနဲ့။

5.ရှေ့ကိုကြိုမြင်တတ်ပါစေ။
သင်ဒီအလုပ်ကိုလုပ်ရင် ဘယ်လောက်အကျိုးအမြတ်ရနိုင်မလဲ။
ရှုံးနိုင်ချေရှိသလား အရင်တွေးပါ။
ဒီလုပ်ငန်းကို ဘယ်လိုနည်းလမ်းနဲ့လုပ်ရင်
ဘယ်လောက်ပေါက်မြောက်နိုင်တယ်။
ဘယ်အပိုင်းကိုချဲ့ထွင်ရင် ပိုအဆင်ပြေနိုင်မလဲ၊ အစရှိသဖြင့် စဥ်းစားပါ။

6.တီထွင်ကြံဆဖို့မမေ့ပါနဲ့။
ဘာအလုပ်ကိုဘဲလုပ်လုပ် ပြိုင်ဖက်ဆိုတာရှိပါတယ်။
ဒီတော့ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ဆိုရင်
ပြိုင်ဖက်ထက် ခြေတစ်လှမ်းသာနေဖို့လိုပါတယ်။
ကိုယ်က ပြိုင်ဖက်ထက် ပိုတီထွင်နိုင်လေ ပိုလူကြိုက်များလေပါဘဲ။
စီးပွားရေးမှာ အပြိုင်အဆိုင်ရှိတာမဆန်းပါဘူး။
ကိုယ်မှာတီထွင်နိုင်စွမ်း(creativity)ရှိဖို့ဘဲလိုပါတယ်။ဥပမာ-သင်ကအကြော်သည်တစ်ဦးဖြစ်နေရင်တောင် သင့်လိုဘဲ အကြော်ရောင်းတဲ့သူတွေကရှိနေဦးမှာပါ။ကိုယ့်ဆီကဖောက်သည်တွေ သူများဆီရောက်မသွားအောင်
ဂရုစိုက်ရပါမယ်။ဒီနေရာမှာတီထွင်ဆန်းသစ်မှုကိုသုံးရပါမယ်။အချဥ်ကိုအရသာထူးကဲအောင်လုပ်တာဘဲဖြစ်ဖြစ်။အကြော်ကို စတိုင်အသစ်ထွင်ပြီးကြော်တာဘဲဖြစ်ဖြစ်လုပ်ပြီး ဆွဲဆောင်ရတော့မှာပါ ။မဟုတ်ရင်
သင့်ပြိုင်ဖက်အကြော်သည်ကို ဖောက်သည်တွေပေးလိုက်ရတော့မှာပါ။

7.ပြိုင်ဖက်ကိုအထင်မသေးမိပါစေနဲ့။
ယုန်နှင့်လိပ် ပုံပြင်ကိုအားလုံးကြားဖူးကြမှာပါ။
ယုန်ဟာ ပြိုင်ဖက်ဖြစ်တဲ့ လိပ်ကိုအထင်သေးခဲ့မိလို့ ရှုံးခဲ့ရတာပါ။
ဒါကိုသင်ခန်းစာယူပါ။
လူတိုင်းမှာသူ့အစွမ်းအစနဲ့သူရှိတာမို့အထင်မသေးသင့်ပါဘူး။ပြိုင်ဖက်ကိုလေးစားပါ။

8.အစီအစဥ်အပိုများထားရှိပါ။
လုပ်ငန်းတစ်ခုကိုရှေ့ရောက်ဖို့ကြိုးစားတဲ့အခါမှာ planတစ်ခုထဲပုံသေမထားပါနဲ့။
အနှောက်အယှက်ဆိုတာကြိုမမြင်ရပါဘူး။
"လှံထမ်းလာတာသာမြင်ရမယ် ကံထမ်းလာတာမမြင်ရဘူး"တဲ့။
ဒါကြောင့် plan A အပြင် plan B ,
plan Cဆိုပြီးထားရှိပါ။

အထက်မှာပြောပြပေးခဲ့တာတွေကတော့
စီးပွားရေး စလုပ်တော့မဲ့သူတိုင်း
မဖြစ်မနေ သိထားသင့်တဲ့
အချက်လေးတွေပါဘဲ။

စာဖတ်သူတို့အတွက်
အကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
------------------------------------
အားလုံးကိုအစဥ်လေးစားလျှက်
Leo

Keep Reading

အချိန်နှောင့်နှေးမှုက အေးဂျင့်တိုင် ကြုံတွေ့ရတဲ့ ပြဿနာလား?Market Research Project တစ်ခုရဲ့ Briefing ဘယ်လိုရေးမလဲလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားသုတေသန အမျိုးအစားများ ခွဲခြမ်းစိတ်ဖြာခြင်းData vs. Information ဘာကွာလဲရွေးချယ်စရာများတဲ့ခေတ်မှာ အရေးပါတာကို အာရုံစိုက်ဖို့ ပိုအရေးကြီးလာတယ်Quantitative Research ကို အရိုးရှင်းဆုံး နားလည်ကြည့်မယ်နယ်ပယ်တိုင်းရဲ့ ပွဲတိုင်းကျော် ဖြစ်လာမယ့် “Research & Analytic”ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း ◾Personal Budget အတွက် 50/30/20 Rule ◾