Author's Profile Photo

Hein Zaw

22/07/2024

Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾

1 min read
Personal Development
Business
Finance
Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ
◾'s photo


ဟောပြောပွဲတစ်ခုမှာ ရောဘတ်ကီယိုဆာကီကို ပရိတ်သတ်တစ်ယောက်ကမေးတယ်။ “Financial Freedom ဖြစ်ဖို့ ပထမဆုံးအဆင့်က ဘာဖြစ်မလဲ” တဲ့။ ရောဘတ်က ပြန်ဖြေတယ်။ “ကိုယ့်ရဲ့ငွေကြေးနဲ့ Financial Statement ကို ထိန်းချုပ်ပါ” တဲ့။

Financial Statement ဆိုတာကတော့ Income Statement နဲ့ Balance Sheet ကိုပြောတာပါ။ အခြေခံအားဖြင့်တော့ Income Statement မှာဆိုရင် Income (ဝင်ငွေ) နဲ့ Expenses (အသုံးစရိတ်/ ထွက်ငွေ) ဆိုပြီးရှိမယ်။ ကိုယ့်ရဲ့ တစ်လတာဆိုပါတော့၊ ဝင်ငွေအနေနဲ့ လစာရှိမယ်၊ တခြားဝင်ငွေရှိမယ်။ အသုံးစရိတ်အနေနဲ့ဆိုရင် အစားအသောက်၊ အဝတ်အထည်ကနေ အိမ်ငှားစရိတ်၊ ဘီလ်အမျိုးမျိုး၊ အခွန် စသဖြင့်ရှိမယ်။ ဝင်ငွေနဲ့ အသုံးစရိတ်မှာ ဝင်ငွေကများရင် ကိုယ့်ရဲ့ Income Statement က အခြေအနေကောင်းပြီး ဝင်ငွေထက် အသုံးစရိတ်ကပိုများနေရင် အကြွေးပတ်ဖို့အခြေအနေရှိတယ်။

Balance Sheet ဆိုတာကတော့ Assets (တန်ဖိုးရှိပိုင်ဆိုင်မှု) နဲ့ Liabilities (ပေးရန်တာဝန်) ကိုဆိုလိုတာပါ။ Assets ဆိုတာက ကိုယ့်ကို ငွေရှာပေးမယ့် စတော့၊ အိမ်၊ ကား၊ လုပ်ငန်း စသဖြင့်ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့အိတ်ထဲကို ငွေတွေဝင်စေမယ့်အရာတွေပေါ့။ Liabilities ဆိုတာကတော့ Home Loans, School Loans, Car Loans, Credit Card Debt စသဖြင့် အကြွေးနဲ့ဝယ်ထားတာတွေ၊ အကြွေးယူထားတာတွေဟာ Liabilities ပါပဲ။ တစ်နည်းအားဖြင့် ကိုယ့်အိတ်ထဲကငွေတွေကို ထွက်သွားစေမယ့်အရာတွေက Liabilities ပါပဲ။ ကိုယ့်မှာ ဝင်ငွေမယ့်အရာတွေနဲ့ ငွေထွက်မယ့်အရာတွေ ဘယ်အရာတွေက ပိုများနေလဲ ချိန်ကြည့်လို့ရပါတယ်။

ဒါကတော့ Income Statement နဲ့ Balance Sheet ရဲ့ အခြေခံဖြစ်ပါတယ်။ ဒီအခြေခံတွေကို သိပြီဆိုရင် အရေးကြီးတဲ့အခြေခံက Statement နှစ်ခုရဲ့ ဆက်သွယ်မှုဖြစ်တဲ့ Cash Flow Pattern ကို သဘောပေါက်ဖို့လိုမယ်။ အရင်ကလည်းပြောဖူးပါတယ်။ ကိုယ့်ရဲ့ ဝင်ငွေက Expenses နဲ့တင် လမ်းဆုံးသွားလား၊ Assets ထဲမှာ ရင်းနှီးဖြစ်လား၊ ဒါမှမဟုတ် Liabilities အတွက် ဆပ်နေရလား ပြန်သုံးသပ်သင့်တယ်။ ယေဘုယျအားဖြင့်တော့ (ပုံမှာမြင်ရတဲ့အတိုင်း) အခြေခံလူတန်းစားတွေရဲ့ Income က Expenses နဲ့တင် လမ်းဆုံးသွားတတ်ပြီး လူလတ်တန်းစားတွေရဲ့ Income က Expenses နဲ့ Liabilities ထဲ ရောက်သွားတယ်။ ချမ်းသာကြွယ်၀သူတွေကတော့ Assets ကနေ Income ထဲတောင် ပြန်စီးဝင်တာကို တွေ့ရလိမ့်မယ်။

Financial Statement တွေကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ။

#HeinZaw
#FinancialStatement
#FinancialFreedom

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း