Honey cho

ဒီနေ့မှာလည်း ဟန်နီက စာဖတ်ရတာကြိုက်နှစ်သက်တဲ့စာပေချစ်သူတွေအတွက် ဖတ်လို့ကောင်းပြီးဗဟုသုတရစေမဲ့စာအုပ်လေးတွေကို ခုလိုညွှန်ပြပေးလိုက်ရပါတယ်။
ထိုစာအုပ်လေးတွေကတော့ beauty and brain နှစ်ခုလုံးပိုင်ဆိုင်တဲ့ မိန်းမသားဖြစ်ဖို့ကြိုးစားနေသူမိန်းကလေးတွေအတွက်လိုအပ်တဲ့စိတ်ဓာတ်ခွန်အားနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေကို အသစ်တစ်ဖန်မွေးဖွားစေမဲ့စာရေးဆရာမ ယုနွယ်လင်းရဲ့ မိမိဘဝမှာမိမိသည်သာကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဖြစ်ကြောင်းကိုပြောပြထားသည့်I'm my damn person ဘဲဖြစ်ပါတယ်။နောက်တစ်အုပ်ကတော့ ဂျာနယ်ကျော်မမလေးရဲ့"သူ့လိုမိန်းမ"ဘဲဖြစ်ပါတယ်။ဒီစာအုပ်လေးကလည်း တကယ့်ကိုကောင်းမွန်တဲ့စိတ်၊ဘဝမှာမိန်းမသားဖြစ်ပေမဲ့လည်းအောင်မြင်အောင်စွမ်းဆောင်နိုင်မှန်း၊မိန်းမတွေရဲ့မြင့်မြတ်မှုအနှစ်သာရတွေကိုတွေ့ရှိနိုင်မဲ့စာအုပ်ကောင်းတစ်အုပ်ဘဲဖြစ်ပါတယ်။
နောက်ဆုံးစာအုပ်လေးကတော့ လောကဓံကဘယ်လောက်ဘဲဆိုးဝါးစွာတိုက်ခိုက်တိုက်ခိုက်ဘဝမှာဘယ်သူ့ရဲ့အကူအညီမှမပါဘဲ ကိုယ်ပိုင်အစွမ်းသတ္တိနဲ့ပြန်ထနိုင်တယ်ဆိုတဲ့အကြောင်းကို ခပ်ချေချေလေးslay queensတွေရဲ့ povကနေရေးသားထားတဲ့ Novel Thway ရဲ့ "လာမထူနဲ့ ၊ပြန်ထနိုင်တယ်ဘဲဖြစ်ပါတယ်။ဒီစာအုပ်လေးဟာလည်း မဗေဒါအံကိုခဲ၊ပန်းပန်လျက်ဘဲဆိုတဲ့စိတ်ဓာတ်ရှိသူလေးတွေသာမကထိုစိတ်ဓာတ်မျိုးလေးတွေလိုအပ်နေလို့ဘယ်လိုအစပျိုးရမှန်းမသိတဲ့သူတွေအတွက်ပါ အထောက်အကူဖြစ်စေမဲ့စာအုပ်လေးတစ်အုပ်ဆိုလည်းမမှားပါဘူး။
အားလုံးဘဲအသိပညာတွေ
တိုးပွားကြစေဖို့
မျှော်လင့်လျက်
မဟန်နီ
Keep Reading