Author's Profile Photo

Honey cho

21/07/2024

Book reviews

1 min read
Personal Development
Book Review
Art
Book reviews's photo

ဒီနေ့မှာတော့ honey ကအရင်နဲ့မတူဘဲဖတ်လို့ကောင်းတဲ့ဗဟုသုတရစေမဲ့စာအုပ်လေးတွေကို recommend ပေးသွားမှာဘဲဖြစ်ပါတယ်။

အမျိုးသမီးတိုင်းဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ Why Men love bitches ဘဲဖြစ်ပါတယ်။ဒီစာအုပ်လေးကတော့ relationship တစ်ခု တည်ဆောက်ထားတဲ့အမျိုးသမီးတိုင်းဖတ်ရှုသင့်သလိုမျိုး၊ခုမှrelationship စတင်မဲ့ အမျိုးသမီးလေးတွေလည်း လုံးဝကိုဖတ်ရှုလေ့လာသင့်တဲ့relationship တွေအတွက်စာအုပ်ကောင်းတစ်အုပ်ဆိုလည်းမမှားသလို ဒီစာအုပ်ထဲမှာမိန်းကလေးတွေရဲ့စိတ်ဒဏ်ရာတ္၊ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာinsecurities တွေကိုကောင်းကောင်းcontrolလုပ်နိုင်ဖို့၊healing လုပ်နိုင်မဲ့အရာတွေအ‌ေဖြ‌ေတွလည်းပါဝင်ပါသေးတယ်။

စာရေးသူမိုင်မိုင်း (နမ့်စန်)ရဲ့တန်ဖိုးဆိုတဲ့စာအုပ်သာလည်း ကျားမ၊လူကြီးလူငယ်မရွေး ဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ပါ။ဘာလို့လဲဆိုတော့ ဒီစာအုပ်ထဲမှာလည်းလူတစ်ယောက်ရဲ့ဘဝမှာမရှိမဖြစ်၊မထားမဖြစ်တဲ့ကျင့်ဝတ်တွေအကြောင်းနဲ့ကိုယ့်ကိုကိုဘယ်လိုဂရုစိုက်ပြီးတန်ဖိုးမြင့်တဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာကိုပါအသေးစိတ်ဖော်ပြထားလို့သိမှတ်ဖွယ်ရာအခြေခံစာအုပ်တစ်အုပ်ဆိုလည်းမမှားပါဘူးနော်။ဒီစာအုပ်ထဲက ကိုယ့်crushဟာကိုယ်ပဲဖြစ်ပါစေဆိုတဲ့စာသားလေးဟာလည်းအရမ်းကိုလေးနက်ပြီးကိုယ့်ကိုကိုချစ်ဖို့၊ဂရုစိုက်ဖို့မေ့နေသူများကိုလည်းremind လုပ်ပေးလိုက်သလိုပါဘဲ။

နောက်ဆုံးတစ်အုပ်ကတော့ exကိုမမေ့နိုင်ဘဲဘဝမှာတဝဲလည်လည်နဲ့ရှေ့အနာဂတ်ကိုမတွေးနိုင်သေး၍ဆွေးနေသူများအတွက် လုံးဝကိုစိတ်သစ်၊လူသစ်နဲ့ဘဝသစ်၊အနာဂတ်သစ်ကိုစနိုင်ဖို့ရာအတွက် ကိုခဲတံရဲ့ တစ်ပတ်အတွင်း move on လုပ်နည်းစာအုပ်ကိုညွှန်ပေးလိုက်ပါတယ်နော်။သူကတော့ခုမှrelationship ကနေထွက်လာတဲ့သူတွေအတွက်သာမကtoxic relationship ကနေဘယ်လိုရုန်းထွက်ရမှန်းမသိဘဲလမ်းပျောက်နေသူတွေအဖို့လည်းအိပ်မက်ဆိုးကနေနိုးထခွင့်ရမဲ့စာအုပ်တစ်အုပ်ဆိုလည်းမမှားပါဘူး။

စာဖတ်သူအားလုံးဘဲ
ဘဝမှာ သာယာပျော်ရွှင်ကြပါစေ။
မျှော်လင့်ခြင်းများစွာဖြင့်
မဟန်နီ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်