Author's Profile Photo

Moe

19/07/2024

"မိဘ မုန်းတီးခြင်း"

1 min read
Personal Development
General Knowledge
"မိဘ မုန်းတီးခြင်း"'s photo


သားသမီးတွေမုန်းတီးတာကို မိဘဖြစ်သူက
မလိုလားဘူးဆိုရင်မိဘတွေ အတ္တကြီးတာကိုလည်း သားသမီးတွေက မလိုလားပါဘူး။

ဒါ ငါ့သားသမီး
ငါ လုပ်ချင်ရာလုပ်မယ်။
ငါ့စကားကို အမြဲနားထောင်ရမယ်။
ငါ့ကို ကြောက်နေရမယ်။
ငါ့ကိုလေးစားရမယ်။
ငါပြောသလိုနေရမယ်။
ငါ ခိုင်းသလို လုပ်ရမယ်ဆိုတဲ့ မိဘမျိုးတွေဟာ
သိပ်ကို အတ္တကြီးတဲ့ မိဘ‌တွေပါ။

ဒီလို မိဘတွေနဲ့ နေတာ ကြာလာတဲ့အခါ
သားသမီးတွေရဲ့ မသိစိတ်ထဲမှာ မိဘမုန်းတီးခြင်းဝါဒ တဖြည်းဖြည်းနဲ့ စွဲကပ်လာတတ်ပါတယ်။

ဒီနေရာမှာ မုန်းတီးတယ်ဆိုတာဟာ


မိဘ အနားက အဝေးဆုံးကို ပြေးထွက်သွားချင်တာ မိဘအပေါ် မကျေနပ်ချက်တွေ များလာတာ မိဘ နဲ့ စကားပြောချင်စိတ်မရှိတော့တာ မိဘဆိုတဲ့ အသံကြားရင် အလွန်ကြောက်ရွံ့လာတာ ကို ဆိုလိုတာပါ။

တချို့မိဘတွေဟာ
သားသမီးတွေ ဘယ်လောက်ကြိုးစားနေပါစေ
စိတ်တိုင်းမကျဘူး။
အကောင်းမြင်မပေးဘူး။
အမှားကို မျက်စိဒေါက်ထောက်လိုက်ရှာပြီး
အပြစ်တင်ဝေဖန်ကြတယ်။
ကိုယ့်သားသမီးကို
တခြားသားသမီးတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး ပြောကြတယ်။
ကြာလာတော့ ဒီလို အပြုမူခံရတဲ့ သားသမီးတွေမှာ Inferiority complex လို့ခေါ်တဲ့ စိတ်ရောဂါ တစ်မျိုး စွဲကပ်လာတယ်။

ဒီ စိတ်ရောဂါကြောင့် အရာရာမှာ သိမ်ငယ်စိတ်
ဝင်ကြတယ်။ 


စိတ်အတက်အကျ မြန်ကြတယ်။
အမြဲ အထီးကျန်သလို ခံစားကြရတယ်။

မိဘတွေကို သားသမီးတွေ ကိုယ်စား
တစ်ခု တောင်းဆိုချင်ပါတယ်။
မြင်ပေးပါ။
မြင်ပေးကြပါ။

သားသမီးတွေရဲ့ စိတ်ဒဏ်ရာတွေကို မြင်ပေးကြပါ။
ထောင့်တစ်နေရာရာမှာ ကပ်ငြိနေတဲ့ သူတို့လေးတွေရဲ့မျက်ရည်တွေကို မြင်ပေးကြပါ။
ဆဲဆိုသံတွေ ကြားရတိုင်းတုန်လှုပ်ခြောက်ခြားနေတဲ့ ဟန်ပန်တွေကိုမြင်ပေးကြပါ။

"ငါ ကောင်းစေချင်လို့ လုပ်ခဲ့တာပဲ ငါမမှားဘူး" ဆိုတဲ့ အတ္တစိတ်တွေကိုလည်း လျှော့ချ‌ပေးကြပါ။


သင့်ရဲ့ သားသမီးတွေဟာ လောကကြီးထဲမှာ
အားတင်းပြီး ရှင်သန်နေကြတယ်ဆိုတာ
သတိရှိရှိနဲ့ မြင်နိုင်အောင်ကြိုးစားပေးကြပါ။

သင်လည်း တချိန်တုန်းက သားသမီးဖြစ်ခဲ့တာပါပဲ။
သားသမီးတွေရဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။

ဒီလိုမှ မဟုတ်ရင်တော့ သားသမီးတွေရဲ့
သွယ်ဝိုက်သော မုန်းတီးခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

#Moe

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု