Author's Profile Photo

Hnin

19/07/2024

အဖော်မွန်ကောင်းတစ်ယောက်လောက်တော့

1 min read
Personal Development
Poetry


တိုးတက်ပြောင်းလဲလာတဲ့ခေတ်တစ်ခုနှင့်အတူ မရိုးသားမှုတွေ၊ အပေါ်ယံတွေက များများလာတယ်။လူတစ်ယောက်ကို ယုံကြည်ဖို့ခက်ခဲလာတယ်။


အပေါ်ယံတွေပါကွာ ဆိုတဲ့စကားတွေအခုနောက်ပိုင်းအများကြီးကြားလာရတယ်။ social media မှာလည်း ဘယ်သူကလိမ်သွားလို့၊ ဘယ်သူကဖောက်ပြန်လို့၊ အဲလိုသတင်းတွေကအရမ်းများလာတယ်။အဲဒါဆိုတော့လေ အဲလိုမရိုးသားမှုတွေများတဲ့အထဲမှာ ရိုးသားတဲ့သူတွေနှင့်ဘဲ ဆုံချင်ပါတယ်။

..သူငယ်ချင်း၊မိတ်ဆွေတွေအများကြီးမလိုချင်ဘူး တစ်ယောက်ထဲကဘဲ ကိုယ့်အတွက်အချိန်ပေးပြီး၊ကိုယ့်ကိုနားလည်ပေးတဲ့သူဆိုရင် လုံလောက်ပါပြီ။
..Luxury ပစ္စည်းတွေမလိုချင်ဘူး ရိုးရိုးရှင်းရှင်း ပစ္စည်းလေးတွေနှင့် ကိုယ့်ကိုစိတ်ချမ်းသာအောင်ထားပေးနိုင်ရင်ရပြီ။
..နေ့တိုင်း သတိရတယ်လို့ပြောပေးနေစရာမလိုဘူး.ဒါပေမဲ့ ကိုယ်ဝမ်းနည်းနေတဲ့အချိန်လေးတွေမှာ ကိုယ်ရှိပါတယ်ဆိုတဲ့ စကားလေးလာပြောပေးရင် ကျေနပ်တယ်။
..ဘဝလမ်းကြောင်းကိုအတူတူလျှောက်တဲ့အခါ ဆင်းရဲတဲ့အချိန်တွေရှိမယ်၊ချမ်းသာတဲ့အချိန်တွေရှိမယ် အဲလိုအချိန်တွေမှာ နှစ်ယောက်အတူ သစ္စာရှိဖို့ပါဘဲ။
.. အရိုးသားဆုံးပြောရရင်လေ ဖောက်ပြန်တဲ့သူတွေများတဲ့ ဒီလိုခေတ်အခြေအနေမျိုးမှာ တစ်ယောက်ထဲကိုဘဲ မရိုးသောချစ်ခြင်း၊မပြောင်းလဲသောမေတ္တာမျိုးနှင့်ချစ်ပေးနိုင်ရင် လုံလောက်နေပါပြီ။



Hnin(19.7.24)9:40Pm

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းလူဆိုသည်မှာPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?