Default Profile Photo

SarPhat User

19/07/2024

‘ဟီး’လား၊ ‘ဟိန်း’လား

1 min read
Book Review
Education
General Knowledge
‘ဟီး’လား၊ ‘ဟိန်း’လား's photo

*****
အချို့အဓိပ္ပာယ်တွေအတွက် ရေးထုံးက တစ်လုံးထက်မက သတ်မှတ်တာမျိုးလဲ ရှိနိုင်ပါတယ်။
လက်ရှိ 'မြန်မာအဘိဓာန်'ထဲမှာတော့ ‘အိမ်ကြီးက ဟီးနေတာပဲ’ ဆိုတဲ့ အဓိပ္ပာယ်အတွက် 'ဟီး' ဆိုတဲ့ တည်ပုဒ် ဖော်ပြထားတာ မပါပေမဲ့ 'ဟိန်း' ဆိုတာကိုတော့ ဒီလို ပြထားပါတယ်။
* ဟိန်း (ကြိယာ)= (၁) (ကျား၊ ကျားသစ် စသည်) ကျယ်လောင်စွာ အော်သည်။ (၂) အသံကျယ်လောင်စွာ မြည်ဟည်းသည်။ (၃)။ ကြီးကျယ် ခမ်းနားသည်။
'ဟိန်း' ဆိုတာကို အဓိပ္ပာယ် ၃ မျိုး ခွဲခြား သတ်မှတ်ထားရာမှာ အမှတ် (၃) အဓိပ္ပာယ်နဲ့ 'အိမ်ကြီးက ဟိန်းနေတာပဲ' ဆိုပြီး 'ဟိန်း'နဲ့ သုံးနှုန်းရတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် တည်းဖြတ်ပြီး ၂၀၁၉ ခုနှစ်မှာ ပြန်လည် ထုတ်ဝေလာတဲ့ 'မြန်မာ-အင်္ဂလိပ်' အဘိဓာန်မှာ ဆိုရင်တော့ 'ဟိန်း' ဆိုတဲ့ တည်ပုဒ်ကိုလဲ ကြီးကျယ်ခမ်းနားတယ် ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုထားသလို တည်ပုဒ် 'ဟီး'ကိုလဲ တည်ပုဒ်ထားပြီး 'ကြီးကျယ်ခမ်းနား'တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖွင့်ဆိုထားပါတယ်။ ဒီအထောက်အထားအရ ကြီးကျယ် ခမ်းနားတာ ဆိုတဲ့ အဓိပ္ပာယ်အတွက် 'ဟိန်း'ကိုတင်မက 'ဟီး'ကိုလဲ သုံးနှုန်းနိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
?LinkedIn
https://www.linkedin.com/company/yay-mal/
?Viber Channel
https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်သည်းခြေကြိုက် စာအုပ် ၆ အုပ်အာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး