Nyein
?စာပေဆိုသည်မှာ
အကြမ်းဖျင်းအားဖြင့် "တန်ဖိုးရှိသောစာစု"ဟု အဓိပ္ပာယ်ရပါတယ်။
ဘဝအမြင်တိုးတက်ရေးနှင့် မိမိနှင့်သူတစ်ပါးတို့၏အကျိုးစီးပွားတိုးတက်ရေးကို အထောက်အပံ့ပြုနိုင်သည့် သတ္တိရှိသည်။
?စာပေကို နှစ်မျိုးခွဲ၍ရသည်။
သိမှုကိုပေးလျှင် သုတစာပေဟုခေါ်ပြီး နားလည်မှုကိုပေးလျှင်တော့ ရသစာပေဟုခေါ်ပါတယ်။
?သိပ္ပံနှင့်နည်းပညာစာတမ်းများ၊ကျမ်းစာအုပ်တွေကတော့ စာဖတ်သူကို အသိပသည့်သုတစာပေထဲမှာ ပါ ပါတယ်။
စားဝတ်နေရေးအခြေအနေတိုးတက်စေဖို့ နည်းလမ်းများ၊အကြံဉာဏ်ေတွကိုပေးတယ်။
လူ့လောကရုပ်ပိုင်းဘဝတိုးတက်ကောင်းမွန်ရေးအတွက် အရေးပါ ပါတယ်။
လူသားတို့၏ဘဝ၊လူသားတို့၏ စရိုက်၊လူသားတို့၏ အတွေးအခေါ်၊အထင်အမြင်များကို နားလည်စေဖို့ သရုပ်ဖော်ပြထားသည့် စာပေများကို ရသစာပေဟုခေါ်သည်။
သုဝစာပေသည်အရေးကြီးသလို ရသစာပေကလည်း အရေးကြီးပါတယ်။
?လူသားတို့၏အသိအလိမ္မာကို ရသစာပေက ပေးစွမ်းနိုင်သည်။ရသစာပေက လူတို့၏ မေတ္တာ၊ကရုဏာ၊စေတနာကောင်းတို့ကို နိူးဆပေးနိုင်ပါတယ်။လောဘ၊ဒေါသ၊တစ်ကိုယ်ကောင်းစိတ်၊ရက်စက်တတ်သည့်စရိုက်ဆိုးတို့ကို လျော့ပါးသွားစေနိုင်ပါတယ်။
?သုတစာပေက ဦးနှေက်၏ပညာဖြစ်သကဲ့သို့ ရသစာပေကလည်းနှလုံးသား၏ပညာရေးဖြစ်သည့်အတွက် သုတ- ရသစာပေနှစ်ခုစလုံးကို ဟန်ချက်ညီညီလေ့လာသင့်ပါတယ်။
ထို သုတ- ရသစာပေများကို လေ့လာဖို့အတွက် စာဖတ်ဖို့လိုပါတယ်။
?စာဖတ်ရာတွင် တစ်ရွက်ပြီးတစ်ရွက် လှန်ဖတ်နေပေမယ့်လည်း စိတ်ဝင်စားမှုမရှိ၊အနက်အဓိပ္ပာယ်ကိုလည်း နားလည်သဘောမပေါက်၊ကျေညက်မှုလည်းမရှိဘူးဆိုရင်တော့ စာဖတ်နေခြင်းသည် အလကားပါပဲဟု ဆိုနိုင်ပါတယ်။
?စာဖတ်ရာတွင် အချို့ကျတော့လည်း အပျင်းပြေသဘောမျိုးစာဖတ်ကြသည်။ဝတ္ထု၊မဂ္ဂဇင်းတို့ကို ဟိုလှန်ဒီလှန်ဖတ်ခြင်းမျိုး၊အလှအပကိုတွေ့ရမလားဆိုသည့် မျှော်လင့်ချက်ဖြင့်ဖတ်ကြတာမျိုး။
?အလုပ်သဘောစာဖတ်ခြင်းဖြင့် ဖတ်မည်ဆိုရင် ကိုယ်ကလည်းသိပ်ဉာဏ်မကောင်းဘူးဆိုလျှင် လက်ထဲမှာခဲတံက်ုင်ထားသင့်သည်။မှတ်စရာရှိတာ မှတ်ဖို့၊မှတ်စုထုတ်စရာရှိတာ ထုတ်ဖို့အတွက်ဖြစ်သည်။သမိုင်းကျမ်းကဲ့သို့သော လေးနက်သည့်ကျမ်းမျိုးဖတ်လျှင် အရေးကြီးသောစာပိုဒ်ပါသည့်စာမျက်နှာမျိုးကို စာအုပ်အဖုံးအတွင်းဘက်လိုနေရာမျိုးမှာ မှတ်နိုင်သည်။
သို့ဆိုရင် ကိုယ်ပြန်ဖတ်ချင်သည့်အခါမျိုး၌ စာအုပ်တစ်အုပ်လုံးလျှောက်လှန်ရှာနေဖို့မလိုဘဲ အလွယ်တကူတွေ့နိုင်သောကြောင့် အချိန်ဖြုန်းတီးရာမရောက်တော့ပါ။
?စာဖတ်သည့်အခါမှာ အများကြီးအပေါ်ယံသိခြင်းထက် အကြောင်းအရာနည်းနည်းကို ပြည့်ပြည့်စုံစုံသိခြင်းက ပိုပြီးအဖိုးတန်သည်။
?စာအုပ်ကောင်းရွေးချယ်သည့်အခါ အတိတ်ကကြီးကျယ်ထင်ရှားကျော်ကြားခဲ့သည့် စာရေးဆရာများ၏စာများကို ပိုပြီးအထူးအာရုံစိုက်ေရွးချယ်သင့်ပါတယ်။
သူတို့က မျိုးဆက်အဆင့်ဆင့်ကျော်ကြားခဲ့သူတွေ မဟုတ်လား။
?စာပေလောက၌ စာအုပ်များများလွန်းသည့်အတွက် ဘယ်ဟာကောင်းမှန်း၊ဘယ်သူကောင်းမှန်း အကုန်မသိနိုင်ပါ။ဒါကြောင့် ခေတ်အဆက်ဆက် အောင်မြင်ခဲ့သောစာရေးဆရာကြီးများ၏ စာပေများကိုရွေးချယ်ပြီး ဦးစားပေးဖတ်သင့်ပါတယ်။
အသေးအမွှားစာအုပ်များထဲမှာ နစ်မြုပ်ပြီး အချိန်ကုန်တာမျိုးလည်းမရှိနိုင်ပါ။
ထိုကဲ့သို့ စာဖတ်ခြင်းကို "အတိတ်ရာစုနှစ်များက ဂုဏ်သတင်းကျော်ကြားသည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစကားပြောခြင်း"ဟု ဒဿနဆရာများက အမွှမ်းတင်ခဲ့ကြပါတယ်။
သိုပေမယ့်လည်း ခေတ်ပေါ်စာရေးဆရာများ၏စာပေများကိုလည်း ဖတ်သင့်ပါတယ်။သူတို့စာပေထဲ၌ မျက်မှောက်ခေတ်၏ အေခြအနေ ခေတ်မီအတွေးအခေါ်စသည့်တို့ ပါဝင်သောကြောင့် ဖတ်ရူလေ့လာသင့်ပါတယ်။
?စာမဖတ်ရင်တော့ ရေရှည်ကိုမကြည့်တတ်၊မမြင်တတ်။
အနှစ်နဲ့အကာကို ကွဲကွဲပြားပြားမသိ။အပေါ်ယံကိုသာယာပြီး အတွင်းအဇ္ဈတ္တကိုအလေးမထား။
ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးတောမစဉ်းစား၊
လွယ်လင့်တကူ ယုံကြည်တတ်ပြီး လမ်းမှားရောက်၍ လမ်းပျောက်သွားတတ်သည်။
ထို့ကြောင့် သုတ- ရသစာပေများကို ဖတ်သည့်အလေ့အကျင့်မွေးမြူစေချင်ပါတယ်။
?"စာဖတ်သူတိုင်း ခေါင်းဆောင်မဖြစ်မဖြစ်ပေမယ့်လည်း ခေါင်းဆောင်တိုင်းတော့ စာဖတ်ကြပါတယ်။
စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးတိုင်းသည် စာဖတ်သည်"ဟု
ဦးသန့်က မိန့်ဆိုခဲ့သည်ကို သတိပြုစေချင်ပါတယ်။
?စာပေအနုပညာသည် လူတို့၏စိတ်ဓာတ်ကို သိမ့်မွေ့စေတတ်သည်။မေတ္တာတရားကို ကြီးထွားလေးနက်စေတတ်သည်။
ထို့ပြင် မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်၊တာဝနိသိစိတ်တို့ကို ပေးစွမ်းနိုင်ပါတယ်။
ထို့ကြောင့် သုတ- ရသစာပေများကို ဖတ်ဖို့လိုအပ်ပါတယ်။
သို့မှသာ လက်ရုံးရည်၊နှလုံးရည်ပြည့်ဝသော နိုင်ငံသားကောင်းများဖြစ်လာနိုင်ပါမည်။
?ခန္ဓာကိုယ်ကြီးထွားရေးအတွက် အစားအစာအာဟာရများ လိုအပ်သကဲ့သို့
ဦးနှောက်နှင့်နှလုံးသားဖွံ့ဖြိုးရေးအတွက် သုတရသစာပေအနုပညာအာဟာရများလည်း လိုအပ်ပါသည်။
#Nyein
19/7/2024(Friday)
Keep Reading