Leo(Nann)❤️

အာဇာနည်လို့ပြောလိုက်တာနဲ့ ဇူလိုင်၁၉မှာကျဆုံးသွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ရဲဘော်တစ်စုကို
ပြေးမြင်မိကြမယ်ထင်ပါတယ်။
အာဇာနည်ရဲ့အဓိပ္ပာယ်ကိုရောထဲထဲဝင်ဝင်သိကြပါရဲ့လား။
"ကိုယ့်အကျိုးကိုမငဲ့ဘဲအများအကျိုးအတွက်သက်စွန့်ကြိုးပမ်းလုပ်ဆောင်သူ"ပါတဲ့ရှင်။
အများအကျိုးအတွက်ကိုယ့်အသက်ကိုတောင်မငဲ့တတ်တဲ့သူဟာ အာဇာနည်ဖြစ်တယ်။
ဒါအပြင် အများအတွက် ကိုယ်တန်ဖိုးထားရတဲ့အရာတွေကိုတောင်
စွန့်လွှတ်နိုင်တာကလည်း အာဇာနည်ဘဲဖြစ်တယ်။
အသက်ကိုစွန့်မှဘဲ အာဇာနည်ဖြစ်နိုင်တာလားဆိုတော့လည်း
မဟုတ်ပါဘူး။
အာဇာနည်မိခင်ပြဇာတ်ကို စာဖတ်သူတို့ကြားဖူးကြမယ်ထင်ပါတယ်။
ပြဇာတ်ထဲမှာဆိုရင် ၁၃၀၀ပြည့်အရေးတော်ပုံအတွင်း နွားကျောင်းသားလေးမောင်နေဝင်းဟာ ဆရာစံပုန်းအောင်ရာနေရာကိုဖော်ပြောရင် စည်းစိမ်ခံစားရမယ်ဟူသော ပလိပ်တွေရဲ့ကမ်းလှမ်းချက်ကိုပင်ဂရုမစိုက်ခဲ့။သစ္စာဖောက်မလား၊အသက်အသေခံမလားဟုမေးရာ ကြောက်သွေးမပါသူမို့ သတ်လိုလျှင်သတ်၊ တိုင်းပြည်ကိုတော့သစ္စာမဖောက်နိုင်ဟုဆိုကာအသေခံခဲ့ပါတယ်။ဒါဟာအာဇာနည်တစ်ဦးရဲ့စိတ်ဓာတ်ပါ။ဒါ့အပြင်အမယ်အိုကြီး ဒွေးတုတ်က သူ့ရဲ့သား မောင်နေဝင်း အသတ်ခံရတဲ့အချိန် ရင်ကော့ပြီး ဂုဏ်ယူခဲ့တာပါ။ကိုးလလွယ်ဆယ်လဖွား ဝမ်းနဲ့လွယ်မွေးထားရတဲ့သားကိုဆုံးရှုံးလိုက်ရတာတောင် မျက်ရည်မစို့ခဲ့တာ ဘာ့ကြောင့်လဲ။ သူ့သားကိုမချစ်လို့လား။?? မဟုတ်ပါဘူး။မှန်ကန်တဲ့လမ်းကိုလျှောက်ဖို့ တိုင်းပြည်ကိုသစ္စာဖောက်ခြင်းထက် သေလမ်းကိုရွေးသွားခဲ့တဲ့သားရဲ့စိတ်ဓာတ်ကိုလေးစားတာကြောင့်ဖြစ်တယ်။ သူ့သားဟာ အာဇာနည်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဒီအမေအိုကြီးကဂုဏ်ယူတယ်ဟဲ့ဆိုပြီး ကြွေးကြော်ခဲ့တာပါ။တိုင်းပြည်အတွက် အသက်ထက်ချစ်ရတဲ့သားကိုပေးလှူခဲ့တဲ့ အမယ်အိုကြီးဟာ ရင်ထဲမှာဘယ်လောက်တောင် ပူဆွေးဝမ်းနည်းနေလိုက်မလဲ။ဘယ်လောက်တောင်ကြေကွဲနေလိုက်မလဲ။ သို့ပေမဲ့ သူမဟာ စံပြမိခင်တစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တယ်။ သူမရဲ့ အာဇာနည်စိတ်ဓာတ်ကို လုပ်ရပ်တွေကနေတစ်ဆင့်သက်သေပြသွားခဲ့တယ်။ ဒါဟာလည်း အာဇာနည်ပါဘဲ။
ရှေ့တန်းကိုထွက်ပြီး တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေသာ အာဇာနည်မဟုတ်ပါဘူး။
နောက်ကွယ်ကပံ့ပိုးပေးနေတဲ့ မိသားစုတွေ
သူငယ်ချင်းတွေအားလုံးဟာလဲ အာဇာနည်တွေပါဘဲ။
အာဇာနည်တစ်ယောက်ရဲ့လက္ခဏာရပ်တွေကဘာတွေဖြစ်မလဲ။
စိတ်ဓာတ်ကြံ့ခိုင်ခြင်း မလျှော့သောဇွဲရှိခြင်း အများအကျိုးအတွက် အရာရာကိုစွန့်လွှတ်နိုင်ခြင်း
စတဲ့လက္ခဏာတွေဘဲဖြစ်တယ်။
အာဇာနည်နေ့ဆိုတာ အနစ်နာခံကိုယ်ကျိုးစွန့်ခဲ့ကြသူတွေကိုဂုဏ်ပြုတဲ့အနေနဲ့သတ်မှတ်ထားတဲ့နေ့ရက်လေးဖြစ်တယ်။
နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့နေ့ထူးနေ့မြတ်ဖြစ်ပြီး အထူးထိန်းသိမ်းထားရမဲ့နေ့တစ်နေ့လည်း
ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံသားတာဝန်ကျေပွန်ပြီး
စံပြအာဇာနည်များလိုဖြစ်အောင်ကြိုးစားကြစို့လားရှင်။
------------------------------------
အားလုံးကိုအစဥ်လေးစားလျှက်......
Leo
Keep Reading