SarPhat Author
ဟုတ်ပြီဗျာ။ လွန်ခဲ့တဲ့ရက်တွေက စီးပွားရေးတို့၊ ကိုယ်ပိုင်လုပ်ငန်းတို့၊ ဦးဆောင်သူတစ်ယောက်စိတ်ဓာတ်တို့ ဒီလိုတွေ မျှဝေပြီးသွားပြီဆိုတော့ကား ဒီနေ့မှာတော့ လုပ်ငန်းလုပ်ကိုင်ဖို့ အကျိုးတူမိတ်ဖက်ဘယ်လို ရှာဖွေရမလဲဆိုတာလေး ဆက်လက်ဆွေးနွေးချင်ပါတယ်။
ကဲဗျာ။ လုပ်ငန်းတစ်ခုစပြီထားပါတော့။ မိတ်ဖက်ကတော့ လိုပြီ။
ဒီတော့အများစုက ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို အရင်ဆုံး
စပြီး အကျိုးတူပူးပေါင်းဖို့ ကမ်းလှမ်းတတ်ကြတယ်။ မှားလားဆိုတော့လည်း မမှားလှပါဘူး။ အပြည့်အဝတော့ မမှန်ဘူးပေါ့။ ဘာလို့မမှန်လဲဆက်ပါမယ်။
၁။ အကျိုးတူပူးပေါင်းတဲ့အခါ အရည်အသွေးတွေ မျှခြေရှိပါစေ။
လုပ်ငန်းစပြီဟေ့။ အကျိုးတူပူးပေါင်းပြီးဆိုရင်တော့ ဒီလိုနဲ့ကိုယ်မှာ မတူညီတဲ့ အရည်အသွေးတွေရှိရင် ပိုကောင်းတယ်။ ဥပမာ တိုက်ဆောက်မယ့်လုပ်ငန်းစမယ်ဆိုပါစို့။ ခင်ဗျားမှာ တိုက်ဆောက်တတ်တဲ့ အရည်အချင်းရှိမယ်ဆိုရင် ရောင်းတတ်ဖို့၊ တိုက်ခန်းကို ဝယ်ရောင်းလုပ်တတ်မယ့် အရည်အသွေးမရှိရင်
အောင်မြင်ဖို့ ခက်တယ်။ ဒါကြောင့်မို့ ကိုယ်က လုပ်ငန်းတစ်ခုစတော့မယ်။ ဒီလုပ်ငန်းစတင်ဖို့ ရေရှည်တည်တံ့ဖို့ ဘယ်လို အရည်အသွေးတွေလိုအပ်လဲဆိုတာ အရင်ဆုံး ဆန်းစစ်။ ပြီးမှ အကျိုးတူမိတ်ဖက်ရှာ မဟုတ်ရင်။
မဟုတ်ရင် ခရီးမရောက်ဘူးဗျ။
၂။ စည်းမျဉ်းစည်းကမ်းတွေ ပြတ်သားပါစေ။
အချင်းချင်းပဲလေဆိုပြီး ဒီတိုင်း အတူတူ လုပ်လိုက်တယ်ဆိုပေမဲ့ တဖြည်းဖြည်း လုပ်ငန်းက ကြီးလာတဲ့အခါ သူ့ဖက်၊ ကိုယ်ဖက်ဆိုတာ ရှိလာပြီ။
ဒီတော့မှ ငွေကြေးပိုင်းဆိုင်ရာတွေ၊လုပ်ငန်းပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေ ရှင်းကြရင်း လုပ်ငန်းတွေ ရပ်ကုန်တာကို ကြားဖူးကြမှာပါ။ ဒါကြောင့်မို့ လုပ်ငန်းတစ်ခုမစတင်ခင်မှာ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြတ်သားစွာသတ်မှတ်ပါ။ အမြတ်ငွေဘယ်လိုခွဲမယ်။
ဘယ်ချိန်မှာ ဘာတွေဆက်လုပ်မယ်။ ငွေဘယ်လောက်ကုန်မယ်။ စသဖြင့်ပေါ့။
၃။ ရည်ရွယ်ချက်တူသူကို ဦးစားပေး ရှာပါ။
ဒီနေရာမှာ ရည်ရွယ်ချက်တူတာနဲ့ အရည်အသွေးတူတာမတူတဲ့ကြောင်း ရှင်းပြချင်ပါတယ်။ ဉပမာ အောင်မြင်တဲ့ ကားလုပ်ငန်းတစ်ခုတည်ထောင်ချင်တယ်။ ဒါဆို ရည်ရွယ်ချက်။ ဒီလို တည်ထောင်ဖို့အတွက် ဘာအရည်အသွေးတွေလိုအပ်လဲ။ ကားပြင်တာလား။ စီမံခန့်ခွဲတာလား။ မားကတ်တင်းဆင်းတာလား။ ဒါဆို အရည်အသွေး။ ဒါကြောင့် ဒီလို ရည်ရွယ်တူပြီး အရည်အသွေးမတူတဲ့သူကို ဦးစားပေးရှာပါ။ ဒါဆို လုပ်ငန်းက
နောက်တစ်ဆင့်တတ်ဖို့ ခရီးရောက်ပါလိမ့်မယ်။
နောက်ဆုံးအကြံပြုချင်တာကတော့ အခုမှတွေ့၊ အခုမှ လုပ်ငန်းလုပ်၊ ငွေကြေးတွေကို အများကြီးသုံး။ ဒါမျိုးလေးတွေ ရှောင်စေချင်တာတော့ အမှန်ပါ။
အောင်မြင်ကောင်းလည်း အောင်မြင်နိုင်ပေမဲ့လို့ အရမ်း Risk များလို့ပါ။ ဒါကြောင့်မို့ ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ အကျိုးတူပူးပေါင်းတဲ့အခါ အရည်အသွေးမျှခြေရှိပါစေ။ စည်းမျဉ်းစည်းကမ်းတွေ ပြတ်သားပါ။ ရည်ရွယ်ချက်တူကို ဦးစားပေး ရှာပါ။ ကဲ..ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ရင်း အောင်မြင်ကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။
Keep Reading