Author's Profile Photo

Hein Zaw

18/07/2024

မသေချာမရေရာတဲ့ကာလမှာ ကိုယ့်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ (Managing Money in Uncertain Times) ◾

1 min read
မသေချာမရေရာတဲ့ကာလမှာ ကိုယ့်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ
(Managing Money in Uncertain Times)
◾'s photo


အကြောင်းအမျိုးမျိုးကြောင့် အနာဂတ်က မရေရာမသေချာဖြစ်လာတဲ့ကာလမှာ ငွေကြေးစီမံခန့်ခွဲမှုက တော်တော် အရေးကြီးပါတယ်။ ပုံမှန်အချိန်မှာတောင် ငွေကြေးစီမံခန့်ခွဲက လူတိုင်းအတွက်မလွယ်တာ၊ မသေချာတဲ့ကာလ၊ စီးပွားရေးအရခက်ခဲတဲ့ကာလမှာ စီမံခန့်ခွဲမှုလုပ်ဖို့ ပိုခက်တတ်ပါတယ်။ ဒီ ၅ ချက်က မရေရာမသေချာတဲ့ကာလအတွင်း ငွေကြေးစီမံခန့်ခွဲမှုအတွက် အထောက်အကူပြုပါလိမ့်မယ်။

ဘတ်ဂျက်သေချာဆွဲပါ

ဘတ်ဂျက်က ကိုယ့်ရဲ့ အသုံးအစွဲကိုထိန်းဖို့အတွက် အခြေခံပဲ။ ကိုယ်က ဘာအတွက် ဘယ်လောက်သုံးမယ် မသတ်မှတ်ထားရင် အတိုင်းအဆမရှိသုံးတတ်ပါတယ်။ သေချာတာကတော့ လျှော့သုံးဖို့ထက် ပိုသုံးဖို့များပါတယ်။ အများပြောတဲ့ 50/30/20 စည်းမျဉ်းအတိုင်း အခြေခံလိုအပ်ချက်တွေအတွက် ၅၀ ရာခိုင်နှုန်း၊ ကိုယ့်လုပ်ချင်တာလေးတွေလုပ်ဖို့အတွက် ၃၀ ရာခိုင်နှုန်းနဲ့ Saving and Investment အတွက် ၂၀ ရာခိုင်နှုန်း ဆိုပြီး ဆွဲလို့ရသလို ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အခြေအနေချိန်ပြီး အဆင်ပြေသလို ဆွဲလို့လည်းရပါတယ်။

ကိုယ့်အသုံးစရိတ်ကို သုံးသပ်ပါ

လူအများစုကို ငွေရှာတာနဲ့ ငွေသုံးတာ ဘယ်ဟာက ပိုခက်လဲမေးရင် ငွေသုံးတာက ပိုခက်တယ်လို့ဖြေတာကို အံ့ဩစရာအဖြစ်တွေ့လိမ့်မယ်။ ပုံမှန်အချိန်မှာ ပုံမှန်အတိုင်းသုံးတာ ပြဿနာမရှိနိုင်ပေမဲ့ မရေရာတဲ့ကာလမှာ၊ အထူးသဖြင့် အကျပ်အတည်းကာလမှာ မလိုလားအပ်တဲ့ အသုံးစရိတ်တွေကို လျှော့နိုင်လေ ငွေကြေးဆိုင်ရာလုံခြုံမှုပိုရှိလေပါပဲ။ အထူးဖြင့် Entertainment အတွက် လစဉ်ကြေးပေးသုံးနေတာတွေ၊ မကြာခဏ Shopping ထွက်တာတွေ၊ အပြင်ထွက်စားသောက်တဲ့လေ့အထမျိုးတွေကို ပြန်သုံးသပ်သင့်ပါတယ်။

ဝင်ငွေလမ်းကြောင်းတစ်ခုမက ထားပါ

Personal Finance နဲ့ပတ်သက်ရင် “ဝင်ငွေလမ်းကြောင်းတစ်ခုတည်းနဲ့ မရပ်တည်ပါနဲ့” ဆိုတာက ငွေကြေးဆိုင်ရာဂုရုတွေ အများစုပေးတဲ့ အကြံဉာဏ်တစ်ခုဖြစ်ပါတယ်။ ကိုဗစ်ကစလို့ ကြုံခဲ့ဖူးတဲ့ Crisis ကာလတွေကို ပြန်ကြည့်ရင် လူအများစုရဲ့ ပုံမှန်ဝင်ငွေလမ်းကြော

Unlock to read this premium article with 100 points.