Author's Profile Photo

SarPhat Author

17/07/2024

အဝေးရောက်ဖူးစာ

1 min read
Book Review
Poetry
Art
အဝေးရောက်ဖူးစာ's photo

ဒီနေ့ရေးသားခဲ့တဲ့ထဲမှာ လူငယ်စီသို့ ဆိုတဲ့ စာတိုကဗျာတို နဲ့ ကဗျာနဲ့အက်ဆေးတွေကို ပြုစုခဲ့ပါတယ်။

ကမ္ဘာကြီး ကျဥ်းလာတာနဲ့အမျှ မင်းသတင်းတွေလည်း ကိုယ်မကြားရ​တော့ဘူး။ အဝေးကြီးကိုမရောက်ဖူးတော့ အဝေးဆုံးမှာနေဖို့ ငါအရမ်းကြောက်မိတယ်။ သတိရရင် တိမ်တွေကိုကြည့်တယ်။ နှစ်ကိုယ်တူ လျှောက်သွားဖူးတဲ့နေရာရောက်ရင် ခြေလှမ်းတစ်ချက် လှမ်းလိုက်တိုင်း လွမ်းမောဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ချင်ဖြစ်နေမယ်။ ငါ့ခန္ဓာမှာ မေ့မရသေးတဲ့ ပျော်ရွှင်ဖွယ်ရာ အတိတ်တွေ ဖြစ်ချင်ဖြစ်နေမယ်။ တစ်ခြားကမ္ဘာက တိမ်တွေကိုငေးပြီး ပြန်မဆုံနိုင်တော့တဲ့အထိ ငါတို့တွေ့ဆုံမှုက အဝေးရောက်ဖူးစာတွေ ဖြစ်ခဲ့ကြတယ်။အနာဂတ်တွေအဖျားနည်းနည်းဝင်နေတယ်။စိတ်ကလေးအအေးမိနေတယ်။အတွေးတွေ အရင်လို မလန်းဆန်းတော့ဘူး။ပန်းကလေးတွေ အရင်လို မပျော်တော့ဘူး။မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ တိုင်းပြည်မှာ ကြယ်ကလေးတွေ အရင်လို မလင်းလက်တော့ဘူး။
လက်ချိုးရေစရာမလိုပါဘူး။ နာကျင်ရတဲ့အတိတ်တွေထဲမှာ ရရှိဖူးတဲ့ဒဏ်ရာတွေကို တောနင်းပြီးလည်း ရှာစရာမလိုပြန်ဘူး။ ခန္ဓာတစ်ခြမ်း အအေးပတ်လာတယ်လို့ခံစာရတဲ့အခါ စိတ်လိုက်မာန်ပါ ကမ္ဘာထဲမှာ ရှင်လျက်နဲ့လည်းသေနေရတယ်။ ပြီးတော့ စုံလုံးကန်နေသူက ရှူမျှော်ခင်းရဲ့အရသာကိုခံစားကြည့်ချင်သလိုမျိုး ငါရူးရူးမူးမူး စွဲလမ်းနေမိတယ်။ တစ်ခါတစ်ရံ စိတ်လိုလက်ရ မရှိတော့တဲ့ နေ့ရက်တွေမှာ ပြုံးနိုင်အောင် မရမက လုပ်ယူထားရတယ်။

လူငယ်များစီသို့ ယနေ့စာတိုများ


ချစ်တယ်။
ဒါပေမဲ့
မလိုချင်တော့ဘူး ။

သတိရခြင်းသည်
ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်စေသည်။

ကိုယ်နဲ့တန်ရာတန်ရာပဲရမယ်တဲ့
ဒါကြောင့်လည်း
ဒဏ်ရာတွေသာ ရခဲ့တာလေ။

လွမ်းလွမ်းဆွေးဆွေး ငေးမောရင်း
မေ့မေ့ပျောက်ပျောက် တစ်ခြားသူရင်ခွင်မှာ
ပန်းတွေကိုငါစိုက်ပျိုးခဲ့ပါတယ်။

လွမ်းရမှာလား
စောင့်ရမှာလား
ငါ့မှာအခုထိတစ်ယောက်ထဲ

မလွမ်းချင်ယောင်
ဟန်ဆောင်နေရင်း
အိုဇာတာအထိ ဝေးသွားကြပြီး။

ချစ်ရသည်က အသက်ထက်ဆုံး
လွမ်းရသည်က သံသရာတစ်ဆုံး

ခေတ်တွေပျက်နေတဲ့တိုင်းပြည်မှာ
အချစ်ကိုမျက်နှာဖုံးတပ်ပြီး
ပုတ်သင်ညိုလိုလူတွေပိုများလာတယ်။

ကိုယ့်ဘေးမှားမင်းကိုရှိစေချင်တဲ့
ဆန္ဒတွေများလာတိုင်း
သူ့ဘေးမှာမင်းကို ပိုပိုတွေ့လာရတယ်။

ချစ်တယ်
ပျော်ရွှင်ခြင်းတစ်ဝက်
နာကျင်ခြင်းတစ်ဝက်နဲ့။


စာဖတ်သူများအား အစဥ်ကျေးဇူးတင်လျှက်......

-Joy (ဘုန်းမိုးသွန်း)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ