Hnin
လိုက်လို့မမှီနိုင်လောက်အောင် ခေတ်ကပြေးတာ မြန်လာပြီ။ ဒီနေ့ ဒီပစ္စည်းလေးဒီဇိုင်းအသစ်လေးဆိုပြီးဝယ်လိုက်တာ မနက်ဖြန်ကျတော့ ပိုကောင်းတဲ့ ဒီဇိုင်းတွေထပ်တွေ့နေရပြန်ပြီ။
အရင်ကဆိုလေ ကျွန်မတို့တွေ phoneတစ်လုံးဝယ်လိုက်ရင် အနည်းဆုံး သုံးနှစ်လောက်ကိုင်ရတယ်၊သုံးလို့လည်းအဆင်ပြေတယ်။အခုကျတော့ phoneတစ်လုံး မနှစ်ကမှဝယ်လိုက်တယ် ဒီနှစ်ကျတော့ သူများphoneတွေနှင့်ယှဥ်လိုက်ရင် ကိုယ့်phoneက version နိမ့်သွားပြန်ရော။ လိုက်လေ ပြေးလေ..ပြေးလိုက်လေ ပိုဝေးလေ ဖြစ်နေသလိုခံစားရတယ်။
social mediaကလည်း အရင်ကလိုမရိုးရှင်းတော့ဘူး၊ တစ်နေ့တစ်နေ့ မတူညီတဲ့ကြော်ငြာပေါင်းစုံ၊ လိုချင်တဲ့အရာများစွာ အလွယ်တစ်ကူ မှာယူလို့ရလာပြီ။ လူတွေမှာ လိုချင်တဲ့လောဘရှိတာမဆန်းပါဘူး။ စကားပုံတောင်ရှိသေးတာဘဲ''လူ့အကြိုက် နတ်မလိုက်နိုင်တဲ့'' လိုချင်တာတွေလည်းအများကြီး၊...
အဲဒါဆိုတော့လေ ခေတ်နှင့်အညီ လေ့လာပြီး နေထိုင်ရမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခေတ်နှင့်အညီ ပေါ်သမျှပစ္စည်းလိုချင်နေဖို့တော့ မလိုပါဘူးရှင်။ ကျွန်မတို့ကခေတ်နှင့်အညီ ပစ္စည်းတွေကိုသာ ဝယ်ဖို့ကြိုးစားနေရင် မောပြီးသေဖို့ဘဲ ရှိတော့တယ်။အတတ်နိုင်ဆုံး ဘဝမှာ ရောင့်ရဲတတ်အောင်လည်း ကြိုးစားပြီး နေကြည့်သင့်ပါတယ်ရှင်။ပေါ်သမျှပစ္စည်းတွေကို ကိုင်မှခေတ်မှီတာမဟုတ်ပါဘူးရှင့်။ ရှိတဲ့ပစ္စည်းလေးတွေနှင့် လူ့ဘဝမှာအဆင်ပြေအောင်နေလို့ရပါတယ်။
လိုချင်တာတွေများလာတဲ့အခါ တကယ်လိုအပ်လား၊မလိုအပ်လားဆိုတာ ကိုယ့်ကိုယ်ကိုအမြဲမေးခွန်းထုတ်ပါ။ကိုယ့်ချွေးနှဲစာလေးနှင့်ရှာထားတဲ့ ပိုက်ဆံတွေကို မလိုအပ်ဘဲ လုံးဝအသုံးမိပါစေနှင့်။ကျွန်မတို့အားလုံး ကြိုးစားနေဆဲအချိန်ကာလမို့ပါ။
Hnin(16.7.24)8:40Pm
Keep Reading