Thar Htoo-Be Unique
အရာရာက
မှန်ကန်တဲ့ပတ်၀န်းကျင်
(the right environment) ကို
တောင်းဆိုပါတယ်။
မိမိအနေနဲ့ အင်္ဂလိပ်စာတတ်ချင်တယ်ဆိုရင်
အင်္ဂလိပ်လို့ပြောတဲ့အစုအသိုက်မှာနေရမယ်၊
ကာရံရမယ်၊( ထိုင်း၊ ဂျပန် ဘာသာစကားစသဖြင့်...။)
ထို့နည်းတူစွာပဲ မိမိအနေနဲ့
စိတ်ငြိမ်းချမ်းမှုရချင်တယ်၊
ဘယ်လောက်ပဲစိတ်အတွင်းမှာ
ငြိမ်းချမ်းအောင်ကြိုးစား နေထိုင်လင့်ကစား
မိမိနေတဲ့နေရာက မငြိမ်းချမ်းဘူးဆိုရင်
အထမြောက်ဖို့ ခက်ပါတယ်။
ဆက်လက်ပြီးကာရံထား တဲ့လူ့အသိုက်အ၀န်း၊
ယဥ်ကျေးမှု၊ ခံယူမှု၊ သတ်မှတ်မှုတွေဟာလည်း
မိမိတို့အတွက် တနည်းတဖုံရိုက်ခတ်မှုတွေ
ရှိပါတယ်...။
ဒါကြောင့်မိမိအတွက် ဘယ်လိုနေရာဌာနက
တန်ဖိုးဖြည့်ပေးလဲ? ပိုပြီးဆွဲထူနိုင်လဲ?
တိုးတက်စေအောင် လမ်းကြောင်းပေးနိုင်လဲ?
အချိန်တစ်ခုအတွင်းမှာမိမိအတွက်
ရောက်စေနိုင်တဲ့နေရာတွေက ဘယ်မှာလဲ
စသဖြင့် ပြန်လည်သုံးသပ်ဖို့လိုပါတယ်။
နောက်ဆုံးတော့ နီးစပ်မှုဟာ
စွမ်းအားဖြစ်တယ်ဆိုတာပါပဲ။
proximity is power...
@TharHtooBeUnique
www.tharhtoobeunique.com
Keep Reading