Moe
နှစ်စဉ်နိုဝင်ဘာလ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့”(World Children's Day)လို့သတ်မှတ်ကြပါတယ်။
အဲဒီနေ့က၁၉၅၉ခုနှစ် နိုဝင်ဘာလ၂၀ရက်နေ့မှာကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုကြေညာခဲ့တာပါရှင့်။
ရည်ရွယ်ချက်နှင့်အခွင့်အရေးများ
ရည်ရွယ်ချက်တွေကတော့ ကလေးတွေရဲ့အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ကလေးတွေကိုကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ကလေးများရဲ့အခွင့်အရေးတွေပိုမိုရရှိစေနိုင်ရေး၊ကလေးတွေရင်ဆိုင်ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်ရေးတို့ပဲဖြစ်ပါတယ်ရှင့်။
အခွင့်အရေးတွေကတော့ (၁)အသက်ရှင်သန်ခွင့် (၂)ဖွံ့ဖြိုးတိုးတက်ခွင့် (၃)ကာကွယ်စောင့်ရှောက်မှုရရှိခွင့် (၄)ပါဝင်ဆောင်ရွက်ခွင့် တို့ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကိုအသက် ၁၈ နှစ်မပြည့်သေးတဲ့သူတိုင်းအပြည့်အဝခံစားခွင့်ရှိပါတယ်ရှင့်။
ဒီလိုအခွင့်အရေးတွေနဲ့ရည်ရွယ်ချက်တွေကို ကမ္ဘာ့နိုင်ငံပေါင်း၁၄၀က အထွေထွေညီလာခံမှာသဘောတူလက်မှတ်ရေးထိုးထားကြပါတယ်ရှင့်။
#Moe
Keep Reading