Author's Profile Photo

Moe

15/07/2024

ကမ္ဘာ့ကလေးများနေ့

1 min read
General Knowledge
ကမ္ဘာ့ကလေးများနေ့'s photo


နှစ်စဉ်နိုဝင်ဘာလ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့”(World Children's Day)လို့သတ်မှတ်ကြပါတယ်။
အဲဒီနေ့က၁၉၅၉ခုနှစ် နိုဝင်ဘာလ၂၀ရက်နေ့မှာကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုကြေညာခဲ့တာပါရှင့်။

ရည်ရွယ်ချက်နှင့်အခွင့်အရေးများ


ရည်ရွယ်ချက်တွေကတော့ ကလေး​တွေရဲ့အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ကလေးတွေကိုကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ကလေးများရဲ့အခွင့်အရေးတွေပိုမိုရရှိစေနိုင်ရေး၊ကလေးတွေရင်ဆိုင်ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်ရေးတို့ပဲဖြစ်ပါတယ်ရှင့်။

အခွင့်အရေး​တွေကတော့

(၁)အသက်ရှင်သန်ခွင့်

(၂)ဖွံ့ဖြိုးတိုးတက်ခွင့်

(၃)ကာကွယ်စောင့်ရှောက်မှုရရှိခွင့်

(၄)ပါဝင်ဆောင်ရွက်ခွင့် တို့ဖြစ်ပါတယ်။

ဒီအခွင့်အရေးတွေကိုအသက် ၁၈ နှစ်မပြည့်သေးတဲ့သူတိုင်းအပြည့်အဝခံစားခွင့်ရှိပါတယ်ရှင့်။


ဒီလိုအခွင့်အရေးတွေနဲ့ရည်ရွယ်ချက်တွေကို ကမ္ဘာ့နိုင်ငံပေါင်း၁၄၀က အထွေထွေညီလာခံမှာသဘောတူလက်မှတ်ရေးထိုးထားကြပါတယ်ရှင့်။

#Moe

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးLeonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ငွေမစုတဲ့ သူဌေးများ