Author's Profile Photo

Leo(Nann)❤️

15/07/2024

စာလုပ်ပျင်းသူတွေအတွက် Motivation

2 mins read
Personal Development
Education
General Knowledge
စာလုပ်ပျင်းသူတွေအတွက်
Motivation's photo


စာလုပ်ရတော့မယ်ဆိုရင်ပျင်းတယ်မလား။

ကျောင်းစာကိုဘဲဖြစ်ဖြစ်၊အပြင်စာဖြစ်တဲ့ဘာသာစကားတစ်ခုခုကိုဘဲဖြစ်ဖြစ် လေ့လာကြတဲ့အခါမှာ အနည်းနှင့်အများတော့အပျင်းကြီးတတ်ကြပါတယ်။ကျောင်းသားတစ်ယောက်ဖြစ်တဲ့leoကိုယ်တိုင်လဲ အဲ့လိုပါဘဲ။

⚜️စာလုပ်ရတာဘာ့ကြောင့်ပျင်းကြတာလဲ။
ရှင်းပါတယ်။
စာကိုမလုပ်ချင်လို့ပေါ့။?
စာကို ဘာလို့မလုပ်ချင်ပြန်တာလည်းဆိုရင်

-အတွေးတွေဝေဝါးပြီး စိတ်လေနေလို့
-စာကပျင်းစရာကောင်းတယ်လိုထင်နေလို့
-တခြားကို အာရုံရနေလို့

စတဲ့ အချက်တွေကြောင့်ဘဲဖြစ်ပါတယ်။

⚜️အတွေးဝေဝါးခြင်းကိုဘယ်လို
တားဆီးကြမလဲ။
ပညာရပ်တစ်ခုခုကို ဆည်းပူးနေတဲ့လူတွေအနေနဲ့
stressဆိုတာတော့ရှိစမြဲပါဘဲ။
မိသားစုကြောင့် ဖြစ်တဲ့stress၊
သူငယ်ချင်းကြောင့်ဖြစ်တဲ့stressအစရှိသဖြင့် အသီးသီးရှိတတ်ကြပါတယ်။
အဲ့ဒီ stressတွေရှိလာတဲ့အခါမှာ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့
အတွေးဂယက် မငြိမ်ခြင်း၊ တွေဝေခြင်း
အတွေးဝေဝါးခြင်း စတဲ့လက္ခဏာတွေကို
ရင်ဆိုင်လာရပါတယ်။
စိတ်ဂဏာမငြိမ်တဲ့အခါမှာ စာလုပ်ရတာကိုလည်း စိတ်မပါတော့ပါဘူး။
ဒီလိုနဲ့ စာလုပ်ရမှာပျင်းလာတတ်ပါတယ်။
ဒီပြဿနာက အသေးအမွှားအဆင့်မှာဘဲ
ရှိနေပါသေးတယ်။ဒီအဆင့်မှာသေချာရှင်းလိုက်နိုင်ဖို့လိုပါတယ်။

စာလုပ်တဲ့အခါ ထိရောက်စေမဲ့
နည်းလမ်းလေးတွေရှိပါတယ်။

စာမလုပ်ခင်စိတ်ရှင်းထားပါ။
စာကြည့်စားပွဲတွင်စာမှတပါး အခြားအရာတွေကို မတွေးပါနှင့်။စာကိုအာရုံစိုက်ပါ။
ဒါဆိုရင် စိတ်ကတည်ငြိမ်နေမှာပါ။

stressတွေကိုလျှော့ချဖို့ စာမလုပ်ခင်မှာ
သီချင်းလေးတွေနားထောင်ပါ။
သီချင်းနားထောင်တဲ့အခါမှာလည်း
အဆွေးသီချင်းကြီးတွေ၊အသည်းကွဲသီချင်းတွေဖြစ်မနေဖို့တော့လိုတာပေါ့။?
အဲ့လိုသီချင်းမျိုးကို သွားနားထောင်ရင်တော့
ပိုဆိုးဖို့ဘဲရှိပါတယ်။မြူးပြီးတက်ကြွတာလေးတွေကို ဦးစားပေးနားထောင်ကြည့်ပါ။
စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုစေမှာပါရှင့်။
stressတွေမရှိတော့ရင် စာလုပ်ရပိုအဆင်ပြေသွားပါလိမ့်မယ်။

⚜️စာဟာပျင်းစရာကောင်းတဲ့အရာလို့မထင်အောင်ဘယ်လိုလုပ်ကြမလဲ။
စာလုပ်တဲ့အခါမှာ ရည်မှန်း
ချက်targetလေးထားပြီးလုပ်ဖို့လိုပါတယ်။ဒါဆို စာလုပ်နေရတာ အဓိပ္ပာယ်ပိုရှိပြီး
ပျင်းတယ်လို့မခံစားရစေတော့ပါဘူးရှင့်။
ဒါက စာလုပ်တဲ့အခါ တွန်းအားတစ်ခုလည်းဖြစ်လာစေမှာပါ။
နောက်ပြီး စာကို တစိုက်မတ်မတ်လုပ်နိုင်စေဖို့ mental
motivationတွေပါ ရလာစေမှာဘဲဖြစ်တယ်။
ဘယ်အရာကိုဘဲလုပ်လုပ် targetတစ်ခုထားရှိတဲ့အခါ
ကိုယ်ဘာကို လုပ်သင့်တယ်၊မလုပ်သင့်ဘူးကိုသိလာတဲ့အပြင်
လမ်းပျောက်သွားမဲ့ အလားအလာကို
သေချာပေါက်ဖြိုခွင်းနိုင်မှာဘဲဖြစ်ပါတယ်။


⚜️ဘာကြောင့်စာလုပ်သင့်တာလဲ။

(၁)ကိုယ့်ကိုကိုယ်အတွက်စာလုပ်ပါ။
(၂)မိဘအတွက်စာလုပ်ပါ။
(၃) ရည်မှန်းချက်အတွက်စာလုပ်ပါ။

ကျွန်မတို့က စာလုပ်တဲ့အခါမှာ
အပျင်းကြီးနေကြလို့သာပါ။
တကယ်ထက်သန်တဲ့စိတ်သာရှိပါစေ၊
စာရဖို့လွယ်ပါတယ်။
ကျွန်မတို့အတွက် စာကခက်ခဲနေတယ်ဆိုတာ
စာထဲကိုသေချာအာရုံမနှစ်ထားမိလို့ပါ။
ကျွန်မတို့က လူသားတွေဖြစ်တယ်။
ဒါကြောင့် ကျွန်မတို့မလုပ်နိုင်တဲ့အရာက
မရှိသလောက်ကိုရှားပါတယ်။
စာမရဘူး၊စာမလိုက်နိုင်ဘူးဆိုတာ
သင်တကယ်မကြိုးစားရသေးလို့ပါ။

အထက်မှာပြောပြခဲ့တဲ့အချက်တွေကိုဂရုမပြုမိတဲ့အခါ စာလုပ်ချင်စိတ်ကလည်း
နိုးကြားနေမှာမဟုတ်ပါဘူး။
တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အခက်အခဲတွေ၊အကျပ်အတည်းတွေနဲ့
ရင်ဆိုင်နေရတဲ့အခါ အတွေးပိုများတတ်ပါတယ်။
လူက စာကြည့်နေလည်း၊စိတ်က တစ်နေရာရာကိုလွင့်နေတတ်ပါတယ်။
အဲဒီအခါ ဘာမှ အရာရောက်မှာမဟုတ်တော့ပါဘူး။
လူပင်ပန်းတာဘဲ အဖတ်တင်မှာပါ။
ဒါကြောင့် စိတ်ကိုrelaxဖြစ်နေအောင်ထားဖို့လိုပါတယ်။
ထို့အပြင်ဘဝကို positive attitude(အကောင်းမြင်သဘောထား)လေးထားကြည့်ပါ။
ဒါဆို မင်း ခွန်အားတွေရလာလိမ့်မယ်။

ကျောင်းသားတစ်ယောက်ဘဲဖြစ်စေ၊
overseaထွက်ဖို့စာလေ့လာနေသူတစ်ဦးဘဲဖြစ်စေ မိမိရဲ့တာဝန်ကိုမိမိထမ်းဆောင်နေတာဖြစ်တယ်။
နိုင်ငံသားကောင်းပီသချင်ရင် တာဝန်ယူတတ်ရမယ်။
ဒီတော့ကိုယ်က စာလေ့လာနေတာဖြစ်တဲ့အတွက်
ကိုယ်လုပ်နေတဲ့စာကို ပိုင်နိုင်အောင်လုပ်ရမှာက ကိုယ့်တာဝန်ဘဲဖြစ်တယ်။
စာလုပ်ရမှာပျင်းမနေပါနဲ့။
တာဝန်ပြီးဆုံးသွားရင် အနာဂတ်ကြီး
မင်းကိုဆုလာဘ်တွေနဲ့စောင့်ကြိုနေပါလိမ့်မယ်။
အရာရာကမင်းအပေါ်မှာဘဲမူတည်တယ်။
မင်းနည်းနည်းကြိုးစားခဲ့ရင် အကျိုးကနည်းနည်းဘဲပြန်ရမယ်။
မင်းများများကြိုးစားရင် ရလဒ်ကောင်းများများထွက်မယ်။
ဒါကြောင့် မင်းကြိုးစားရမယ်။
------------------------------------
အားလုံးကိုအစဥ်လေးစားလျှက်....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း