Author's Profile Photo

Youth’s Book Reflections

15/07/2024

လို၍မရသောဆင်းရဲ-မောင်ဝဏ္ဏ

1 min read
Book Review
လို၍မရသောဆင်းရဲ-မောင်ဝဏ္ဏ's photo

——————————————————

“သုရှင် နှလုံးကွဲချေသည်”
နှလုံးကွဲတာ ကျွန်တော်လား၊ သူလား မသေချာဘူး။

ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏဒုက္ခ၊မချစ်မနှစ်သက်သူနဲ့ နေရသောဆင်းရဲ၊ချစ်နှစ်သက်သူနဲ့ ကွေကွင်းရသောဆင်းရဲ၊
“ယံပိစ္ဆံနလဘတိဒုက္ခ-လို၍မရသောဆင်းရဲ” စတဲ့ ဆင်းရဲခြင်း ဒုက္ခသစ္စာတွေထဲက လို၍မရသောဆင်းရဲ တဲ့…

မမြဲတဲ့လောကကြီးမှာ ဒုက္ခသစ္စာတွေကတော့ မပြောင်းမလဲတည်မြဲပါတယ်။ဆရာသာဓုရဲ့သားကြီးဩရသ၊ဆရာမင်းလူ၊သုမောင်တို့ရဲ့အစ်ကိုကြီး၊ရုပ်ရှင်ထူးချွန် ဒါရိုက်တာဆု နှစ်ဆု ဆွတ်ခူးရရှိထားသော ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဝတ္ထုအရေးအသားကို ဖတ်ရှုခံစားရမှာပါ။

ဇာတ်လမ်းလေးက တက္ကသိုလ်နောက်ခံ ကျူတာ
ဆရာမနဲ့တပည့်ဇာတ်လမ်းလေးပါ။ဆီသည်မ လက်သုတ်ပုဝါလိုဖတ်ဖူးနေကျဖြစ်ကောင်းဖြစ်နေပေမယ့် မတူတာကတော့ စာသားအသုံးအနှုံးတွေက နာမည်ကျော်စာရေးဆရာရုပ်ရှင်ဒါရိုက်တာပီပီ ရုပ်ရှင်ရိုက်ကွက်တွေလို ခံစားရပါတယ်။ စာအုပ်အစပိုင်း အဖြေတောင်းတာကိုငြင်းခံရတဲ့ အခန်းမှာဆို သုံးနှုံးသွားတဲ့စာတွေက တကယ်ကို ကွက်ကွက်ကွင်းကွင်းမြင်ယောင်မိစေတယ်ဗျ။

ဆက်​ရေးရင်လည်း အကျဉ်းချုပ်ရေးသလိုဖြစ်ပြီး spoilသလိုဖြစ်သွားမှာစိုးလို့ ဖလော်ဆော်ဖီပါမောက္ခ Dr. Irwin Edmond ရဲ့ သဘောထားအရပြောပြရရင် “စာဖတ်သူ သို့မဟုတ် အနုပညာဟုဆိုကြသော ပစ္စည်းတစ်ခုခုကို ကြည့် ရှုနားဆင် စသဖြင့် အာရုံခံစားလိုက်တဲ့အခါ ခံစားမှု Emotion လေး တစ်ခုတော့ရသင့်တယ်”ဆိုပဲ။[လို၍မရသော ဆင်းရဲ, p. 18]ဒီတော့ ‘လို၍မရသောဆင်းရဲ’စိတ်ကူးယဉ်ဝတ္ထုကပေးတဲ့ emotionကိုလည်း အခွင့်သင့်ရင် ခံစားကြည့်ကြပါခင်ဗျာ။

Rating-⭐️⭐️⭐️




Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ