SarPhat Author
ဒီနေ့မှာတော့ နိုင်ငံတကာအတွေ့အကြုံများအကြား အမေရိကန်မှာ Scholarship လျှောက်ချင်တဲ့ Academic လူငယ်များအတွက် အထောက်အကူဖြစ်စေမဲ့ YSEALI အကြောင်းကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ လူငယ်လေးတွေ ငယ်တုန်းရွယ်တုန်း၊ လျှောက်သင့်ကြိုးစားကြည့်သင့်ပါတယ်။ အတွေ့အကြုံတစ်ခုရတာပေါ့။ ကြိုးစားကြည့်တာမမှားပါဘူး။ အဆုံးထိ လေ့လာကြည့်ရအောင်နော်။
YSEALI ဆိုတာ ဘာလဲ?
Young Southeast Asia Leaders Initiative (YSEALI) ဆိုတာ အရှေ့တောင်အာရှလူငယ်များရဲ့ ခေါင်းဆောင် မှုပိုင်းဆိုင်ရာအရည်အသွေးကို တိုးတက်မြင့်မားလာစေဖို့နှင့် အာဆီယံလူငယ်တွေကြား ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို ပိုမိုအားကောင်းလာစေဖို့အတွက် အမေရိကန်အစိုးရမှ ပြုလုပ်ပေးတဲ့ Fully Funded US Exchange Program တစ်ခုဖြစ်ပါတယ်။
ဘယ်သူတွေ လျှောက်လို့ရလဲ?
အသက် 18 နှစ် မှ 23 နှစ်အတွင်းမှ English Language ကို အရေး၊ အဖတ်ကျွမ်းကျင်စွာဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်မဲ့ လူငယ်တွေအနေနဲ့ Civic Engagement၊ Environmental Issues & Natural Resources Management နှင့် Economic Development တို့မှာ စိတ်ပါဝင်စားပြီး အာဆီယံနဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်တွေကို စိတ်ပါဝင်စားသူတွေ လျှောက်လို့ရပါတယ်။
ဘယ်အချိန်မှာ လျှောက်ရမှာလဲ?
YSEALI Academic Fellowship အတွက် လျှောက်ရမဲ့ အချိန်အတိအကျနှင့်အတူ Application Form ကိုတော့ U.S. Embassy ရဲ့ Website မှာ ဖော်ပြပေးထားပါတယ်။ 2024 Program အတွက် Application Form ကို September 8 - October 9, 2023 မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။
ဘယ်ကျောင်းတွေမှာ တက်ရမှာလဲ?
ကျောင်းအနေနဲ့ကတော့ (၂) ကျောင်း ဖော်ပြထားပြီး ကိုယ်တက်ရမဲ့ ကျောင်းကို ပြန်ရွေးချယ်ပေးမှာဖြစ်ပါတယ်။
- YSEALI Academic Fellowship on Civic Engagement
- YSEALI Academic Fellowship on Environmental Issues & Natural Resources Management
- YSEALI Academic Fellowship on Economic Development
YSEALI လျှောက်ဖို့ ဘာတွေလိုအပ်လဲ?
Application ကြာချိန်ကရော?
YSEALI ရဲ့ Application ကြာချိန်ကတော့ (၃) လခန့်လောက် ကြာပါတယ်။ Application Form Deadline ပြီးရင် သူတို့ဘက်ကနေ Essay Review ကို တစ်လခန့်လောက် လုပ်ပါတယ်။ Essay အဆင့်မှာ အောင်သွားရင် Interview ခေါ်ပါတယ်။ Interview Result ကလည်း တစ်လခန့် ကြာပါတယ်။ Interview မှာ အောင်ရင်တော့ နှစ်ပတ်လောက်အတွင်း US Education & Cultural Department ကနေ ပြန် Review ပြီးမှ Finalist ကို ပြန်ရွေးတာပါ။ (မှတ်ချက် - Interview အောင်သွားလည်း အရွေးမခံရနိုင်တဲ့ အခြေအနေရှိပါတယ်။)
Full Scholarship လား?
US Government က မေးတဲ့ Fully Funded Program ဖြစ်တာကြောင့် Virtual အတွက် Technical Fee တွေနှင့် In Person အတွက်ရော အစစအရာရာ အကုန်လုံး အခမဲ့ ဖြစ်ပါတယ်။
YSEALI အတွက် သိထားသင့်တဲ့အချက်များ။
ဒါဆိုရင်တော့ YSEALI Academic Fellowship Program အကြောင်းကို နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။
Keep Reading