သင်္ကေတ
ဒီဆောင်းပါးလေးကတော့ အတွေးတွေကို ပြောင်းလဲပစ်နိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။
"ဘယ်သူတွေက ကောင်းကင်ကို ကျောပေးကြတာလဲ" ဆိုတဲ့ မေးခွန်းလေးနဲ့ စလိုက်ကြရအောင်ပါ။
ကျွန်မတို့ လူ့ဘဝကြီးက ကစားပွဲတစ်ခုပါ၊ နေ့ရက်တိုင်းမှာ အခက်အခဲ၊ပြဿနာ၊စမ်းသပ်မှုတွေနဲ့ အမြဲတမ်းပြည့်နှက်နေတာပါ၊ တစ်နေ့တစ်နေ့ အဆင်မပြေစရာ တစ်ခုမဟုတ်တစ်ခု ကြုံနေရတာပါ။
အဲ့စမ်းသပ်မှုပြဿနာတွေကြောင့်မှလည်း ကျွန်မတို့ ဘဝအဆင့် တွေ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မြင့်ကို တက်လှမ်းနိုင်မှာပါ။ အဲ့တာတွေသာ မရှိတော့ရင် ကျွန်မတို့ လူသားတွေက ဘယ်လိုမှတိုးတက်မှုရှိလာမှာမဟုတ်ဘူး။
သတ္တဝါ တချို့မှာတော့ ကွာခြားချက် တွေရှိတယ်။ ဘယ်လိုကွာခြားချက်လဲဆိုတော့
သတ္တဝါတိုင်း အသက်ရှင်သန်ရပ်တည်ဖို့အတွက် အစာအာဟာရ ဖြည့်တင်းကြရတယ်။
သခင်ကိုယ်တိုင် ခိုင်းမှ ပြောမှ ရိုက်မှ လုပ်တတ်ကြတယ်။
တိရစ္ဆာန်တွေက အဲ့လိုမဟုတ်၊ ခံစားတတ်တဲ့ နှလုံးသားမရှိ။ သဘောမကျတဲ့အရာတွေ တွေ့ရင် ကိုက်ဖြဲစုတ်တတ်ဖို့ပဲ သိကြတယ်။ သူတို့ ဘာလုပ်ရမယ်ကို မသိ၊ သူတို့ဘဝ အလေလိုက်တဲ့ ကိစ္စတွေနဲ့ ပြီးဆုံးနေကြတယ်။ သူတို့အတွက် ကောင်းတာလုပ်ပေးရင်တောင် ကောင်းတာလုပ်ပေးမှန်းမသိကြ။
တိရစ္ဆာန်တွေမှာ အဲ့လိုမရှိ၊
တိရစ္ဆာန်များမှာက တွေးတောစရာများမရှိ သူတို့ နေ့စဉ် စားသောက်ဖို့နဲ့ နေထိုင်နေဖို့သာ ရှိပါတယ်။
တချို့သောလူတွေက ထိုနည်းတူပင် ဖြစ်နေတတ်ကြတာ တွေ့ရပါတယ်။
အဲ့လို လူတွေကို ထမင်းစားနေပါလျှက် အသိဉာဏ်မရှိတဲ့ လူ့တိရစ္ဆာန်လို့ခေါ်ဝေါ်ကြတယ်။
ဒါဆိုရင် အပေါ်က မေးခွန်းရဲ့အဖြေကို သိသွားကြပြီလို့ ထင်ပါတယ်။ ကိုယ်တိုင်ရော ကောင်းကင်ကို ကျောပေးနေမိပြီလား ဆိုတာကို ပြန်တွေးမိ စေဖို့ ရေးသားလိုက်ပါတော့သည်။
စာဖတ်သူများအား ထာဝစဉ် လေးစား လျှက်....
Friday 12 July 2024
16:20 PM (@Ag)
Keep Reading