Moe
(1) ဂရုမစိုက်နဲ့
သင့်ကိုဂရုမစိုက်တဲ့သူတွေကို သင့်ဂရုစိုက်စရာမလိုဘူးတချို့လူတွေကသူတို့ကိုဂရုစိုက်လေလေသင့်ကိုတန်ဖိုးမထားလေလေပါပဲ။ဒီတော့သူတို့ကို လိုက်ဂရုစိုက်နေမှာထက်ကိုယ်ကိုယ်ကိုပိုဂရုစိုက်လိုက်ပါ။
(2) လူခွစာတွေကိုဝေးဝေးကရှောင်ပါ။
တချို့လူတွေကအခြားသူဘာပဲလုပ်လုပ်အမြဲတမ်းအပြစ်ပြောတတ်ကြတယ်။ဘုကလန့်တိုက်တတ်တယ်။ဂျစ်ကန်ကန်နဲ့စိတ်ထဲရှိရင် ရှိသလိုမဆင်မခြင်စကားတွေပြောတတ်ကြတယ်။ဒီလိုအဆိုးမြင်ဝါဒရှိသူတွေကိုရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓါတ်က သင့်ကိုပါကူးစက်လာနိုင်စေလို့ပါ။
(3) တစ်ခုခုကိုအမြဲသင်ယူလေ့လာနေပါ။
"ပညာလို အိုသည်မရှိ"ဆိုသလိုပဲဘယ်အတတ်ပညာမဆိုသင်ယူဖို့၀န်မလေးပါနဲ့။ငါအသက်အရွယ်ကြီးနဲ့မသင့်တော်ပါဘူးလေငါငယ်သေးလို့မလိုသေးပါဘူးဆိုပြီးမတွေးပါနဲ့
(4) အရမ်းမတွေးပါနဲ့။
အတိတ်ကအဖြစ်အပျက်တွေအတိတ်ကအကြောင်းအရာတွေကိုအရမ်းမတွေးပါနဲ့။အတိတ်မှာ အမှတ်ရစရာ အများကြီးရှိကောင်းရှိခဲ့မှာပါ။ဒါပေမဲ့အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသားအဖြစ်အပျက်တွေပါ။ နောက်ထပ် ဖြစ်လာမယ့်အနာဂတ်တွေကို လှပနေစေဖို့သာကြိုးစားပါ။
(5) ကိုယ်ကိုယ်ကိုတန်ဖိုးထားပါ။
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာတန်ဖိုးအရှိဆုံးပါ။ကိုယ်ကိုယ်ကို အမြဲတမ်းတိုးတက်အောင်ကြိုးစားပါ။ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။စိတ်ကောင်းကောင်းထားပါ။
(6) ထင်ချင်သလိုထင်ကြပါစေ
လူအမျိုးမျိုးစိတ်အထွေထွေရှိတယ်ဆိုသလိုပဲလူတစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတာတွေ၊ခံယူချက်တွေနဲ့အမြင်တွေမတူညီကြပါဘူး။ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြတာမို့ ကိုယ်မှန်တယ်လို့ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်လိုက်ပါ။ အခြားလူတွေဘယ်လိုထင်သလဲဆိုတာအရေးစိုက်မနေကြပါနဲ့
#Moe
Keep Reading