Default Profile Photo

SarPhat User

12/07/2024

‘မဲမဲသဲသဲ’လား ‘မည်းမည်းသည်းသည်း’လား

1 min read
Book Review
Education
General Knowledge
‘မဲမဲသဲသဲ’လား ‘မည်းမည်းသည်းသည်း’လား's photo


*****

အသံထွက်အတိုင်း ရေးမိတဲ့အတွက် အလွဲလွဲ ဖြစ်နေတဲ့ စကားလုံးတွေကို အတော်များများ တွေ့နေရတာ ဖြစ်ပါတယ်။



'မဲမဲသဲသဲ'နဲ့ 'သဲသဲမဲမဲ' ဆိုတဲ့ ၂ မျိုးက အဓိပ္ပာယ်ချင်းလဲ မတူတဲ့အတွက် ရေးသားရပုံချင်းလဲ ကွာပါတယ်။

'မဲမဲသဲသဲ' ဆိုပြီး ရေးထားပုံက သတ်မှတ်ရေးထုံးနဲ့ ကိုက်ညီပါတယ်။



* သဲသဲမဲမဲ (ကြိယာဝိသေသန)= သဲကြီးမဲကြီး။



ကြိယာဝိသေသန စကားလုံး ဖြစ်တဲ့ 'သဲသဲမဲမဲ'ဟာ 'သဲကြီးမဲကြီး'နဲ့ အဓိပ္ပာယ် အတူတူပဲလို့ ဆိုလိုပါတယ်။



* သဲကြီးမဲကြီး (ကြိယာဝိသေသန)= စူးစူးစိုက်စိုက် ဇွဲကြီးစွာ။ ပြင်းပြင်းထန်ထန်။



ရေးထုံး 'သဲကြီးမဲကြီး'ကို အသံထွက်ရင်တော့ 'သဲဂျီးမဲဂျီး'လို့ အသံထွက်ရပါတယ်။

နက်တဲ့အရောင်ကို ဆိုလိုရင် 'မည်း'လို့ 'ည်'နဲ့ သုံးရပါတယ်။



* မည်း (နာမဝိသေသန)= မီးသွေး၏အရောင်ကဲ့သို့သော အရောင်မျိုး ရှိသော။



'မည်း'လို့ ရေးထုံး သတ်မှတ်ထားပေမဲ့ 'မဲ'လို့ အသံထွက်ရတော့ 'အမည်းရောင်၊ အသားမည်းတယ်' စသဖြင့် 'မည်း'နဲ့ သုံးရမှာအစား 'အမဲရောင်၊ အသားမဲတယ်' စသဖြင့် 'မဲ'နဲ့ လွဲသုံးမိတတ်ကြပါတယ်။ နက်တာကို 'မည်း'လို့ သုံးရတာ ဖြစ်ပြီး အရောင် သိပ် နက်တာကိုတော့ တွဲလုံးအနေ 'မည်းသည်း' ဆိုပြီး 'ည်'တွေနဲ့ သုံးရပါတယ်။



* မည်းသည်း (နာမဝိသေသန)= အလွန် မည်းသော။



'မည်းသည်း'လို့ သုံးနှုန်းရတာ သိပြီ ဆိုရင် 'မည်းမည်းသည်းသည်း' ဆိုပြီး စကားလုံး ပွားသုံးလို့ ရပါတယ်။ ဒီတော့ 'မည်းမည်းသည်းသည်းကြီးမို့ သဲသဲမဲမဲ ချစ်တယ်' ဆိုမှ သတ်မှတ်ရေးထုံးနဲ့ လျော်ကန်တဲ့ ရေးသားသုံးနှုန်းပုံ ဖြစ်ပါတယ်။



ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။



#ရေးမယ်ထရိန်နင် 

#အသုံးအနှုန်းအလွဲ 



(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)



မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့ 

ရေးမယ်ထရိန်နင်ရဲ့ Social Media

Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။ 



?Telegram channel

https://t.me/yaymaltraining



?Instagram Channel

https://instagram.com/yaymal_training?igshid=119xh0bd0nfp5



?Youtube Channel 

https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q



?LinkedIn 

https://www.linkedin.com/company/yay-mal/



?Viber Channel

https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ