Author's Profile Photo

Hnin

11/07/2024

စကားတစ်ခွန်းတည်နိုင်အောင်ကြိုးစားပါ

1 min read
Personal Development
General Knowledge
စကားတစ်ခွန်းဟာလေ တန်ဖိုးရှိတယ်ဆိုတာအရင်ကမသိခဲ့ဘူး။နောက်ပိုင်းမှသိလာရတာက ပါးစပ်ကထွက်ကျလာတဲ့ စကားတစ်ခွန်းဟာ တာဝန်ကြီးတယ်ဆိုတာ အသက်ကြီးလာမှပိုသိလာတယ်။


ဒီနေ့အမေနှင့်ဖုန်းပြောတော့ ကိုယ့်ရဲ့plan ကိုပြောပြတယ်။ ဘာပြီးရင်၊ဘာလုပ်မယ် ၊ ဘာဆက်လုပ်ချင်တယ်လို့ပြောတော့ မေမေကပြောတယ် သမီး အဆင်ပြေရင် အကုန်လုပ်၊ အဲလိုပြောတော့ ပြန်တွေးမိလိုက်တယ်။ ငါပြောတဲ့စကားတွေကို ငါအကုန်တာဝန်ယူရမယ်၊ငါ့မိဘကို ဘာလုပ်ပေးမယ်ဆိုတာလည်း ပြောပြီးသွားပြီ။

မိဘတွေက သားသမီးရဲ့ဘဝလမ်းကြောင်းမှာ အဆင်ပြေသည်ဖြစ်စေ၊အဆင်မပြေသည်ဖြစ်စေ နားလည်ပေးမှာအသေအချာပါဘဲ။ ဒါပေမဲ့လေ ကိုယ်ပြောခဲ့တဲ့စကားတွေကို ကိုယ်တာဝန်ယူရမှာဘဲ။ပြောလိုက်တဲ့စကားတွေက ပြောပြီးရင်လေထဲပြန့်သွားပြီး ပျောက်သွားတာမှန်ပေမဲ့ တကယ်တွေးကြည့်လိုက်ရင် ကိုယ်ပြောလိုက်တဲ့စကားတွေက လေထဲရောက်သွားတာမဟုတ်ဘဲ ပြောလိုက်တဲ့သူရဲ့ဦးနှောက်ထဲ ရောက်သွားတာပါ။အဲဒိအခါကျတော့ ပြောတဲ့သူက ပြောတဲ့စကားနှင့်အညီ လိုက်လုပ်ရမဲ့ တာဝန်ရှိလာပါပြီ။

အဲဒါကြောင့်လေ စကားပြောတဲ့အခါမှာ အမြဲတမ်းသတိကပ်ပြီး တစ်ဖက်လူကိုပြောသင့်လား၊မပြောဘဲထားသင့်လားဆိုတာ မပြောခင်သေချာလေးစဥ်းစားကြည့်စေချင်ပါတယ်။ စကားပုံတစ်ခါကြားဖူးကြမယ်ထင်ပါတယ်''ကြမ်းကျွန်ရင် နှုတ်လို့ရတယ်၊စကား ကျွန်ရင် နှုတ်လို့မရ''။

အမေနှင့်ဖုန်းပြောပြီးရလိုက်တဲ့ အတွေးလေးတစ်ခုပါ။ပြောချင်တာက ကျွန်မတို့တွေကလူပေါင်းများစွာနှင့်တွေ့ရအုန်းမယ်၊ပြောဆိုရအုန်းမယ် အတတ်နိုင်ဆုံးစကားနည်းနိုင်အောင်ကြိုးစားပါ။ စကားကြီးကြီးတွေအများကြီးမပြောထားပါနှင့် resultထွက်လာမှသာ ရဲရဲကြီးချပြလိုက်ပါ။ မိသားစုကိုအကုန်လုံးချပြပြီးမှဖြစ်မလာရင် အဲဒါကအရေးမကြီးပါဘူး။မိသားစုဆိုတာ ကိုယ့်ကိုအမြဲတမ်း support ပေးပြီး နားလည်ပေးတဲ့ လူတစ်စုပါ။ ကိုယ့်ပတ်ဝန်းကျင် ၊ကိုယ့်သူငယ်ချင်းတွေကို အရင်းနှီးဆုံး ကိုယ့်အပေါ်ကိုလည်းမိသားစုလိုမျိုးချစ်ခင်ရရင် ရင်ဖွင့်ပါ။

ကျွန်မတို့တွေအားလုံး အတတ်နိုင်ဆုံးစကားနည်းအောင် ကြိုးစားပြီး အနာဂတ်ကို ဆက်လျှောက်ကြရအောင်။

Hnin(11.7.24) 8:45PM

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း