Moe

နှစ်ပေါင်း ၃၀ကျော်သက်တမ်းရှိပြီး "ရွှေကျောင်း" လို့ လူသိများတဲ့ ရွှေနန်းတော်ကျောင်းဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာတည်ရှိပါတယ်။
ရွှေနန်းတော်ကျောင်းကို တိုင်ပေါင်း(၁၅၀)အပြင် နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင်၊ သရက်ကင်းအုတ် လှေကားငါးစင်းနဲ့ တည်ဆောက်ထားပါတယ်။
ကျောင်းတစ်ခုလုံးကို မြန်မာမှု သစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက် တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနဲ့ အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေမှာတော့ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်တွေကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားပါတယ်။
ရွှေကျောင်းကြီးဟာ စစ်ဒဏ်မခံခဲ့ရတဲ့ တစ်ခုတည်းသော နန်းတွင်းရှေးဟောင်းသစ်သားအဆောက်အအုံဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များက မန္တလေးနန်းတော်၀င်းကို ဗုံးများကြဲခဲ့တာကြောင့် နန်းတော်တွင်းမှာရှိတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး နန်းမြို့အပြင်သို့ပြောင်းရွှေ့ထားခဲ့တဲ့ ရွှေကျောင်းမှာ မီးမလောင်ဘဲကျန်ရှိခဲ့တဲ့ကျောင်းပဲဖြစ်ပါတယ်။
#Moe
Keep Reading