SarPhat Author
Jiang Ping ဆိုတဲ့ကောင်မလေးက တရုတ်နိုင်ငံ ကျေးလက်ရွာမှဖြစ်ပါတယ်။ သူမရဲ့ အားလပ်ချိန်တွေမှာ ဆရာ မရှိပဲ ကိုယ်တိုင်သင်္ချာလေ့လာနေတဲ့သူလည်းဖြစ်ပါတယ်။ Alibaba ရဲ့ ကမ္ဘာ့အခက်ဆုံး သင်္ချာပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ သူမက နံပါတ် 12 နေရာရခဲ့ပြီး နာမည်ကြီး တက္ကသိုလ်ကျောင်းတွေဖြစ်တဲ့ MIT, Cambridge, နဲ့ Stanford မှကျောင်းသား ထောင်ပေါင်းများစွာကို အနိုင်ရခဲ့ပါတယ်။
Jiang Ping သည် တရုတ်နိုင်ငံ ကျေးလက်ဒေသမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ သူမက ဆင်းရဲတဲ့မိသားစုမှဖြစ်ပြီး တက္ကသိုလ်မတက်နိုင်သဖြင့် ရှန်ဟိုင်းမြောက်ဘက် Jiangsu ပြည်နယ်ရှိ Lianshui အသက်မွေးဝမ်းကျောင်းတွင် အပ်ချုပ်ပညာကို သင်ယူနေတဲ့သူဖြစ်ပါတယ်။ သို့သော်လည်း Jiang က သူမရဲ့ အားလပ်ချိန်တွေမှာ လျှို့ဝှက်စွာ သူ့ဘာသာသူ သင်္ချာလေ့လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အထိ Jiang က သင်္ချာဘယ်လောက်တော်လဲဆိုတာကို ဘယ်သူမှမသိခဲ့ကြပါဘူး။ အခုတော့ သူမမှာ အရည်အချင်းတွေ ရှိတယ်ဆိုတာကို သူမ သက်သေပြလိုက်ပါပြီ။
တရုတ်နိုင်ငံမှာ အစိုးရက အရည်အချင်းပြည့်မီတဲ့ အလယ်တန်းကျောင်းများသို့ ဝင်ခွင့်မရသော ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းကျောင်းများကို ဖွင့်လှစ်ပေးထားပါတယ်။ အသက်မွေးဝမ်းကျောင်း ကျောင်းသူ အများစုက ကျေးလက်ဒေသများမှ လာကြပြီး အများစုမှာ ပညာဆက်လက် မသင်ကြားကြပါဘူး။ တက္ကသိုလ်ဝင်ခွင့်အတွက် တစ်ခုတည်းသော နည်းလမ်းက တရုတ်နိုင်ငံမှာ "gaokao" ဟုလူသိများကြသည့် ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသားများကို သင်ကြားပေးမယ့် အထက်တန်းကျောင်းကို တက်ခွင့်ရရန်ပဲဖြစ်ပါတယ်။
Jiang Ping ရဲ့ ဇာတ်လမ်းက တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်တွင် မညီမျှမှုများကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ပြီးခဲ့သောခြောက်နှစ်တာကာလအတွင်း Alibaba Group ၏တစ်စိတ်တစ်ပိုင်းဖြစ်သော Damo Academy ဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ တရုတ်ကျောင်းသားများကို ဆွဲဆောင်နိုင်တဲ့ နာမည်ကြတဲ့ သင်္ချာပြိုင်ပွဲကို နှစ်စဉ် ကျင်းပေပးပါတယ်။ ပြိုင်ပွဲဝင်ကျောင်းသားအများစုက Massachusetts Institute of Technology နဲ့ United States ရှိ Stanford တက္ကသိုလ်ကျောင်းသားများ UK ရှိ Cambridge တက္ကသိုလ်မှ ကျောင်းသားများနှင့်အတူ အချို့မှာ တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် Tsinghua University မှ ကျောင်းသားများပဲဖြစ်ကြပါတယ်။
Jiang က ဤပြိုင်ပွဲမှာ လူတိုင်းရဲ့ အာရုံစိုက်မှုရရှိခဲ့ပါတယ်။ အရာအားလုံးကိုလည်း သူမကိုယ်တိုင်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ သင်္ချာဘာသာရပ်ကို လေ့လာခဲ့ပြီး ကိုယ်တိုင်သင်ကြားခဲ့ယုံသာမကပဲ သူမက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားရာနှင့်ချီကို အနိုင်ယူကာ ပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ သက်သေပြခဲ့ပါတယ်။ Damo Academy မှ နောက်ဆုံးရလဒ်များကို သြဂုတ်လတွင် ကြေညာမည်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ Jiang က အနိုင်ရထားပြီးတဲ့သူ ဖြစ်နေပါပြီ။ သူမက ဖိုင်နယ်သို့တက်ရန် စာမေးပွဲများတွင် အဆင့် ၁၂ နေရာကို ရယူနိုင်ခဲ့ပါတယ်။
ဤအဆင့်မှာ ကျောင်းသားပေါင်း ၈၀၀ ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။
"သင်္ချာကို သင်ယူရတာ ခက်ခဲပေမယ့် ပုစ္ဆာတစ်ခုကို ဖြေရှင်းပြီးတိုင်း အရမ်းပျော်ပါတယ်... အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင်္ချာကို ဆက်လေ့လာနေမှာပါ။ လက်လျှော့ဖို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူး”
ဆိုပြီး Jiang က South China Morning Post မှာ ပြောကြားခဲ့ပါတယ်။- Saung Su
Keep Reading