Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

10/07/2024

?ဗိုက်တစ်လုံးကိုအသုံးချပြီး သန်းကြွယ်သူဌေးဖြစ်အောင်လုပ်သွားခဲ့တဲ့လူ

1 min read
Personal Development
General Knowledge
Finance
?ဗိုက်တစ်လုံးကိုအသုံးချပြီး သန်းကြွယ်သူဌေးဖြစ်အောင်လုပ်သွားခဲ့တဲ့လူ's photo


?ဒီလူကတော့ သူ့ရဲ့ဗိုက်ရွှဲကြီးကို ကောင်းကောင်းအသုံးချပြီး ဆင်းရဲသားဘဝကနေ မီလီယံနာသူဌေးဖြစ်အောင် လုပ်ပြသွားခဲ့ပါတယ်။ သူက ဒီသီချင်းတစ်ပုဒ်တည်းကိုဖွင့်ပြီး သူ့ရဲ့ဗိုက်ကိုလှုတ်ကပြလိုက်ရုံနဲ့ ပိုက်ဆံတွေ ရေလိုဝင်နေပါတယ်။

?မိတ်ဆွေတို့အားလုံးလည်း သူ့ကို ဆိုရှယ်မီဒီယာပလက်‌ဖောင်းတစ်ခုခုပေါ်မှာ မြင်ဖူးကြမှာပါ။ ပြီးတော့ သိပ်မကြာခင်တုန်းက သူကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

?ဒါဆိုရင် ဒီလူက ဘယ်သူလဲ? ဒီလို ကရုံနဲ့ ဘာလို့မီလီယံနာဖြစ်သွားတာလဲ? နောက်ပြီး သူကွယ်လွန်သွားပြီဆိုတာကရော တကယ်ပဲလား? ဒါတွေကိုသိရဖို့ သူ့အကြောင်းလေးကို သွားလေ့လာကြည့်ရအောင်။

? သူ့နာမည်က Yasinလို့ခေါ်ပြီးတော့ တူရကီနိုင်ငံသားတစ်ယောက်ပဲဖြစ်ပါတယ်။ Yasinက ငယ်ငယ်တုန်းက ပျော်ပျော်နေတတ်ပြီး စာတော်တဲ့ကျောင်းသားတစ်ယောက်ပါ။ ဒါမယ့် ကံအကြောင်းမလှတာကြောင့် ကျောင်းထွက်ပြီးတော့ ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။

? တစ်ဖက်မှာလည်း သူဝါသနာပါတဲ့ Tiktok ကို အားရင်အားသလို ဆော့ဖြစ်ခဲ့ပြီးတော့ အဲ့လို Tiktok ရိုက်နေရတဲ့အချိန်ဆိုရင် Yasinက အရမ်းပျော်ပြီးတော့ စိတ်ညစ်တာမှန်သမျှ ခဏတာပျောက်သွားသလိုခံစားရတယ်လို့ ပြောဖူးပါတယ်။

?သူအဲ့လိုဆော့ခဲ့သမျှ Tiktok ဗီဒီယိုတွေထဲမှာမှ အခုလိုဗိုက်လှုတ်ပြီးကတဲ့ ကကွက်တစ်ကွက်က နာမည်ကြီးသွားခဲ့တယ်ဆိုပါတော့။ အဲ့လိုနဲ့ သူလမ်းသွားရင် မသိတဲ့သူစိမ်းတွေကပါ သူ့ကိုပြုံးပြနှုတ်ဆက်တာတွေ၊ သူ့ရဲ့အကအကြောင်းကို ပြန်ပြောတာတွေ စတာတွေကြောင့် Yasin လည်း အားတက်ပြီးတော့ ဒီသီချင်းနဲ့ပဲ Tiktokဆော့တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

?ဒီလိုနဲ့ တဖြည်းဖြည်း viewတွေက ကောင်းသထက်ကောင်းလာတယ်၊ ဒီအကတစ်ကွက်တည်းနဲ့ တင်သမျှဗီဒီယိုတွေက အပုဒ်တိုင်းပေါက်လာသလို တူရကီနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတစ်လွှားကလူတွေကလည်း သူ့ကို သိကျွမ်းလာခဲ့ကြပါတယ်။

?တစ်ရက်ကျတော့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက သူ့ဆိုင်ကိုကြော်ညာရိုက်ပေးဖို့အတွက် Yasinကို ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီကြော်ညာကြောင့် စားသောက်ဆိုင်လည်းနာမည်ကြီးသွားသလို Yasinလည်း ပိုပြီးနာမည်ကြီးလာပါတော့တယ်။

? တစ်ခြားစီးပွားရေးသမားတွေကလည်း သူ့ကို ကြော်ညာရိုက်ဖို့ငှားလာသလို တစ်ချို့နာမည်ကြီး Tiktok ဆယ်လီတွေကပါ Yasinနဲ့အတူ ဗီဒီယိုတွေ ရိုက်ကူးလာကြပါတယ်။

?အဲ့လိုနဲ့ Yasin တစ်ယောက် Tiktok ကရတဲ့ပိုက်ဆံတွေ၊ ကြော်ညာရိုက်ပြီးရလာတဲ့ပိုက်ဆံတွေနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းတွေကိုထောင်လာလိုက်တာ နောက်ဆုံး မီလီယံနာတစ်ယောက်ဖြစ်လာနိုင်တဲ့အထိပါပဲ။

?သူအခုလို သူဌေးဖြစ်လာနိုင်ခဲ့တဲ့ အကြောင်းရင်းခံကို ပြပါဆိုရင်တော့ ဟောဒီက သူ့ရဲ့ဗိုက်ရွှဲကြီးကိုပဲညွှန်ပြရပါလိမ့်မယ်။ ဒီလိုနဲ့ တစ်ရက်ကျတော့ Yasinကွယ်လွန်သွားပြီဆိုတဲ့ စိတ်မကောင်းစရာသတင်းတစ်ခုထွက်လာခဲ့ပါတယ်။

? ဒီသတင်းကိုဖြန့်ခဲ့တဲ့သူတွေကလည်း Yasinရဲ့ပရိတ်သတ်‌တွေကိုယ်တိုင်ပါပဲ။ တကယ်တော့ Yasinက သက်ရှိထင်ရှားရှိနေတုန်းပါ။ သူရက်ပိုင်းလောက် လိုင်းမတက်ဖြစ်တာကို လူတွေက "တစ်စိတ် တစ်အိတ်"လုပ်ပြီး Yasinသေသွားပြီဆိုတဲ့သတင်းကို စိတ်အထင်နဲ့လွှင့်ခဲ့ကြတာပဲဖြစ်ပါတယ်။

?ဒါကြောင့် Yasinလည်း သူအလတ်ကြီးရှိနေပါသေးတယ်ဆိုတာကို ဗီဒီယိုတစ်ပုဒ်ရိုက်ပြီး လိုင်းပေါ်တင်လိုက်ခါမှ အားလုံးလည်းနားလည်သွားခဲ့ကြပါတယ်?

မြသွန်း(တောင်ဒဂုံ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း