Author's Profile Photo

Thet Shwe Sin Phoo

9/07/2024

မောင်လေးလှိုင်နှင့် မမဝေ

1 min read
Book Review
မောင်လေးလှိုင်နှင့် မမဝေ's photo

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ပရိတ်သတ်တွေဆိုရင် ပိတောက်ပွင့်ဆဲ လသာဆဲဝယ်ဆိုတဲ့ စာအုပ်လေးကို သိကြမယ်လို့ ထင်ပါတယ်။
ဆရာကြီးက ရသစာပေအရေးအသားမှာ ဆရာတစ်ဆူဖြစ်ပြီး ရေးခဲ့သမျှစာအုပ်တိုင်းဟာ လွမ်းစရာ၊ ဆွေးစရာ ခံစားချက်တွေသာမကဘဲ အသိပညာ ဗဟုသုတတွေကိုလည်း အများကြီးပေးစွမ်းနိုင်စွမ်း ရှိပါတယ်။

အလားတူပဲ ဆရာကြီးရဲ့ ဂန္တဝင်လက်ရာတစ်အုပ်ဖြစ်တဲ့ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်ဆိုတဲ့ စာအုပ်လေးမှာ မောင်လေးလှိုင်နဲ့ မမဝေတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောပြီး ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားရပါတယ်။

မောင်လေးလှိုင်အတွက် မမဝေဟာ အချစ်ဦးဖြစ်ခဲ့ရပြီး မမဝေအတွက်လည်း ထပ်တူထပ်မျှ မောင်လေးလှိုင်ကို ချစ်ခဲ့ရပါတယ်။ ပိတောက်ပန်းလေးတွေကို အကြောင်းပြုလို့ သူတို့နှစ်ဦးရဲ့ ခင်မင်ရင်နှီးမှုဇာတ်လမ်းလေး အစပြုခဲ့ရာကနေ အရာအားလုံးကို လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန်အထိ ဆရာကြီးက ဆွဲခေါ်သွားလိုက်တာ ရင်တမမနဲ့ပါပဲ။

အချစ်လမ်းခရီးလေး ဖြောင့်ဖြူးမယ်မှမကြံသေး၊ ချစ်သူနှစ်ဦးကို ဝေးကွာစေမယ့် ကံအကြောင်းတရားက ပေါ်လာခဲ့လေတော့ ဝမ်းနည်းသွားလိုက်၊ ရင်မောသွားလိုက်နဲ့ မောင်လေးလှိုင်နဲ့ထပ်တူ၊ မမဝေနဲ့ထပ်တူ ခံစားခဲ့ရပြန်ပါတယ်။

ဒီစာအုပ်လေးကို မဖတ်ရသေးတဲ့သူတွေကိုလည်း ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်း ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်ရှင်။

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ