Min Khant (Verse)
ချစ်ခြင်းမေတ္တာတစ်ခုတည်ဆောက်တော့မယ်ဆိုရင် ငွေကြေးကလည်း လိုအပ်လာပါလိမ့်မယ်။ အထူးသဖြင့် LDRS တွေမှာဆိုရင် ငွေးကြေးနဲ့ပတ်သက်ပြီး ပြဿနာတွေပိုဖြစ်လာတာကိုတွေ့ရပါတယ်။
ကျွန်တော်နဲ့ One On One Coaching အတန်းယူထားတဲ့ ကောင်မလေးတစ်ယောက်ဆိုရင်လည်း LDRS တစ်ခုကိုတည်ဆောက်ရမှာအတော်လေးခက်ခဲနေပါတယ်။
သူ့အကြောင်းလေးဒီမှာကျွန်တော်ပြောပြချင်ပါတယ်။
အမှန်တိုင်းပြောရရင် LDRS တွေက ခက်ခဲပါတယ်။ ကောင်မလေးက ငွေရေးကြေးရေးအတွက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ပေမယ့် ကောင်လေးဖြစ်သူက ပြန်လာခဲ့ခိုင်းပါတယ်။ ဘယ်လိုဖြစ်လဲဆိုရင် ကောင်လေးဖြစ်တဲ့သူက " မင်းမရှိရင်မနေနိုင်ဘူး၊ မင်းကဘာလို့ဒီလိုသွားနိုင်ရတာလဲ၊ ငါ့ကိုပစ်ထားပြီး နိုင်ငံခြားမှာပျော်နေတာပေါ့ " စတဲ့စကားလုံးတွေနဲ့ Drama တွေခင်းပါတယ်။
အဲ့ဒီတော့ ကောင်မလေးဖြစ်သူမှာလည်း အတွေးတွေကျပ်တော့တာပေါ့၊ ပြန်ပဲလာရမလား၊ မပြန်ဘဲဆက်နေပြီးပိုက်ဆံစုရမလား၊ ဝေခွဲမရဘူးပေါ့။ သေချာတာကတော့ မြန်မာနိုင်ငံပြန်လာရင် အရင်လောက်တော့ ပိုက်ဆံစုမိမယ်မဟုတ်ပါ။
ဒီလိုနဲ့ရက်တွေ၊ လတွေသာကြာသွားတယ် ကောင်မလေးကကောင်လေးကိုနားလည်အောင်ရှင်းပြတယ်၊ ကောင်လေးကလက်မခံ။
" ကို ချစ်သွားတာ ၅နှစ်လောက်ပဲလေနော်၊ ပြီးရင်ပိုက်ဆံတွေစုပြီးချစ်တို့လက်ထပ်မှာပေါ့ " စသဖြင့် ပြောပေမယ့် အဆင်မပြေခဲ့တဲ့အဆုံး သူတို့လမ်းခွဲခဲ့ကြပါတယ်။
ကျွန်တော်ပြောချင်တာက ဒီညီမလေးရဲ့ဖြစ်စဥ်နဲ့အတူ နောက်ထပ် LDRS တွေကို သတိထားမိစေချင်လို့ပါပဲ။
တစ်ခါတလေမှာ အချစ်တွေများပြီး လွန်မိရင်မကောင်းပါဘူး။ အချစ်တစ်ခုအမြဲခိုင်မြဲနေဖို့ဆိုတာကိုယ့်ရ
Unlock to read this premium article with 100 points.