Honey cho
Libra လို့ဆိုလိုက်တာနဲ့ October Libra and September Libra ဆိုပြီး လစ်ကြီး ပုံစံ2ခုကြီးစိုးတာကိုလူတွေကပြေးမြင်ကြမှာပါ။
ဒါမဲ့ သူတို့နှစိဦးလုံးရဲ့ တူညီမှုတစ်ခုကတော့ မှန်တယ်လို့ဆုံးဖြတ်ထားတဲ့ အရာတစ်ခုကို နောက်မဆုတ်တမ်း ပြုလုပ်လေ့ရှိတာဘဲဖြစ်ပါတယ်။တစ်ခါတလေမှာ လည်း ခေါင်းအရမ်းမာတတ်ပါတယ်။မဟုတ်မခံ ကက်ကက်လန် ရာသီခွင်ဆိုလည်းမမှားပါဘူး။ဒါပေမဲ့ တူရာသီခွင်ပီသစွာဘဲ လူအများအပေါ်ကို တန်းတူညီမျှဆက်ဆံလေ့ရှိကြပါတယ် ။
သူတစ်ပါးရဲ့ ကိစ္စအဝဝကိုလည်း မိမိကိစ္စလိုသဘောထားမှတ်ယူလေ့ရှိပြီး အကြံဉာဏ်ပေး၊ဆုံးဖြတ်ချက်တွေချဖို့ကူညီရာမှာလည်း သူဟာဆရာတစ်ဆူပါဘဲ။ပတ်ဝန်းကျင်က အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို စိတ်ရင်းနဲ့ရင်းနှီးဖော်ရွေစွာဆက်ဆံလေ့ရှိပေမဲ့ သူတို့ရဲ့ personal space ကိုတော့လုံးဝအထိခိုက်မခံတဲ့ မာနခဲလေးတွေပါ။
တူရာသီဖွားအများစုဟာလည်း စာပေနဲ့အနုပညာအလုပ်များစွာကို ဝါသနာထုံပြီး အောင်မြင်သူတွေများပြားလှပါတယ်။ထိုင်းမင်းသမီးလေး baifern ဟာလည်း Libra ရာသီဖွားတစ်ဦးမို့ ဒါဟာငြင်းမရတဲ့အမှန်တရားတစ်ခုပါ။
အချစ်ရေးမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားကြပါသေးတယ်။Ghost လုပ်တယ်ဟုလည်းစွပ်စွဲခံရလောက်တဲ့ထိ သူတို့ဟာအချစ်ေရးမှာလည်းတစ်ဖက်လူကို အားနာတတ်တဲ့အတွက် ရှေ့မတိုး နောက်မဆုတ် အနေအထားလေးမှာနေလေ့ရှိပြီးရင်းနှီးေဖာ်ေရွမှုကိုဆက်လက်ထိန်းသိမ်းေစာင့်ေရှာက်တတ်တဲ့အတွက်ကြောင့် players ရာသီခွင်အဖြစ်လည်းကျော်ကြားကြပါတယ်။
ဒါပေမဲ့လည်းပြတ်သားပြီဆိုလျှင် နောက်ကိုလုံးဝလှည့်မကြည့်တတ်တဲ့ရာသီဖွားမို့ Libra ရာသီခွင်ကို သစ္စာဖောက်တာ၊လိမ်ညာပြောမိတာနဲ့သူတို့လက်မခံနိုင်တဲ့အရာတွေကို လုံးဝမလုပ်မှသာ သူတို့နဲ့ကောင်းမွန်တဲ့ friendship ဖြစ်ဖြစ်၊relationship တစ်ခုဖြစ်ဖြစ် ရေရှည်တည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။
ဒါကတော့ ကျွန်မတို့ရဲ့ ဆယ်နှစ်လရာသီခွင်တွေထဲက ဆရာတစ်ဆူ Libra sign ရဲ့လက္ခဏာတွေနဲ့ အကျင့်စရိုက်တွေသာမက သူတို့နဲ့ဆက်ဆံဖို့လိုက်နာသင့်တဲ့အချက်တွေဆိုလည်းမမှားပါဘူး။
Keep Reading