Author's Profile Photo

San G

8/07/2024

ကွမ်း

1 min read
General Knowledge
ကွမ်း's photo

- ကွမ်းလို့ပြောလိုက်တာနဲ့ မိတ်ဆွေတို့စိမ်းမည်မထင်ပါ
ဟုတ်ပါတယ် ကျွန်တော်လည်းကွမ်းသမားတယောက်
ပါ။

- ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာအမျိုးမျိုး၊
အစာရေမြိုကင်ဆာအမျိုးမျိုးနဲ့ နှလုံးရောဂါဖြစ်ပွား
နေတာဆိုတာကမ္ဘာနဲ့အဝှမ်းက ဆရာဝန်တွေ
အသိပေးပြောကြားထားပါတယ်။

- ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံ၊အသုံးဝင်ပုံတွေလဲရှိပြီး
မြန်မာ့တိုင်းရင်းဆေးတွင်များစွာအသုံးဝင်လျှက်လဲ
ရှိပါသည်။

- ကျွန်တော်လက်လှမ်းမီသလောက် မြန်မာ့ကွမ်း
အကြောင်းပြောပြရလျှင် ပုဂံခေတ်ကစပြီး
ကွမ်းစားခြင်းဓလေ့ရှိခဲ့ကြောင်းကို သက္ကရာဇ်၆၀၃ခုနှစ်
မိဘုရားဖွားစောရဲ့ ကူနီဘုရားကျောက်စာမှာ
ရဟန်းသံဃာတော်တွေရဲ့ ဆွမ်းကွမ်းအတွက် စပါးခင်း
လှူတယ်ဆိုပြီး ရေးထိုးထားပုံတွေ၊

- ပုဂံရာဇဝင်မှာ အမတ်ကြီးရာဇသင်္ကြအား
အိမ်ရှေ့မင်းသီဟသူက ကွမ်းသွေး(ကွမ်းတံတွေး)
ဖြင့်ထွေးခဲ့ကြောင်းလဲဖော်ပြထားသည်ကတကြောင်း၊

- ဗျတ်ဝိကို သထုံမြို့ဝန်က တောင်စွယ်နေမကွယ်
သတ်စေဆိုပြီး နေမိန်ဒရကုန်း (စာလုံးပေါင်းမှားနိုင်)
မှာအာဏာဝကွက်သားတွေ လည်မြိုကိုဝါးရင်းတုတ်
ဖြင့်ရိုက်သတ်ရာမသေတဲ့အတွက် သူ၏ ချစ်သူ
မအိုဇာကို ကွမ်းတရာရေတမှုတ်ဖြင့် လာရောက်တွေ့
ဆုံခိုင်းပြီးမှသာ မာန်လျော့၍ သတ်လို့သေကြောင်း၊

- ရခိုင်ရာဇဝင်တွင်လည်း ရခိုင်ဘုရင်မင်းထီးသည်
သူ၏ နန်းတော်ရှိတိုင်များတွင် ထုံးရာများပေနေ
ကြောင်း၊ သူထုံးသုတ်သူအား တွေ့ရှိလျှင် လက်ဖြတ်
မည်ဟု အမိန့်ထုတ်ရာ မင်းထီးကိုယ်တိုင်ပင်ဖြစ်နေ၍
မိမိထုတ်သော အမိန့်အားတည်စေရန်အတွက် သူ၏
လက်ညိုးကို သူကိုယ်တိုင်ဖြတ်ခဲ့ကြောင်း ဖတ်ရှုဖူးခဲ့
ပါသည်။

- ထို့ပြင်တကောင်းမင်းလက်ထက်တွင် ကွမ်းလောင်း
ကြီး၊ ကွမ်းလောင်းငယ်ရာထူးများ ခန့်ထားပေးအပ်
ခြင်း၊ ရာထူးအဆောင်အယောင်အလိုက် ကွမ်းအစ်
များကို ပေးသနားခြင်းများ ရှိခဲ့ပါသည်။

- တရားမမှုများတွင် တရားဖြစ်သောပစ္စည်း၏ ၁၀%
ကောက်ယူသောငွေကိုလည်းကောင်း၊ ရာဇဝတ်မှုများ
၌ ဒဏ်ရိုက်သောငွေကိုလည်းကောင်း၊ ကွမ်းဖိုးဟုခေါ်
ပြီး ထိုငွေကို ကွမ်းဖိုးထိန်းရာထူးခန့်၍ ထိန်းသိမ်းစေ
ကာ ဘဏ္ဍာတိုက်သို့တိုက်ရိုက်အပ်ရာ၏၊ ထိုကွမ်းဖိုး
ငွေသည် မိဖုရားခေါင်ကြီး၏ အသေးသုံးငွေအဖြစ်
လည်းပေးရာ၏ ဟု မှတ်တမ်း၌ ဖတ်ရှုဖူးပါသည်။

- မြန်မာလူမျိုးများက ကွမ်းစားရာတွင်ကွမ်းရွက်၏
အရင်းနဲ့အဖျားကို ဖြတ်တောက်ပြီးမှစားကြလေ့ရှိ
သည်မှာ ကွမ်းရွက်၏အရင်း၌ ဘီလူးစောင့်၏၊ အဖျား၌
ကာလကဏ္ဏီ နတ်မိစ္ဆာစောင့်ပြီး ကွမ်းရွက်အလည်၌
ကုဝေရနတ်မင်းစောင့်၏ ဆိုကာ အလည်ပိုင်းသာ
စားခြင်းကြောင့် သီရိကျက်သရေတိုးစေ၏ ဟူ၍လည်း
မှတ်သားဖူးပါသည်။

- ရှေးမြန်မာဘုရင်များသည် ကွမ်းကြိုက်သူများပီပီ
စာဆိုတော်များဖြင့် ကွမ်းအကြောင်းကဗျာများဖွဲ့ကာ
သီကုံးကြလေ့ရှိသည့်အနက် ကျွန်တော်ယခုကဗျာ
လေးကိုပြန်လည်ဖော်ပြလိုက်ပါသည်-
တံတားဦးက ကွမ်းနုဝါ
ငမြာကဆေး
ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှားငယ်
အသာဝါးလို့ထွေး ဟူ၍ ဖြစ်သည်။

- ကွမ်းစားခြင်းကြောင့် ယခင်ဘုရင်ခေတ်တွေတုန်းက
မြစ်ပွားနာတို့ အပူနာတို့ဟူသည် ယခု ခံတွင်းကင်ဆာ
များဖြစ်ဟန်တူပါသည်၊ ကျွန်ုပ်လဲကွမ်းစားသူဖြစ်၍
ကွမ်းဖြတ်ရသည်မှာ မလွယ်ကူချေ မိတ်ဆွေတို့ရော...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း