Author's Profile Photo

SarPhat Author

7/07/2024

ကိုယ့်ကိုယ်ကိုယ် စကားပြောခြင်း

1 min read
Personal Development
General Knowledge


ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းဆိုတဲ့ Self-talk က လူတိုင်လိုလိုလုပ်မိတဲ့ အလေ့တစ်ခုပေမယ့် သူ့ရဲ့အကျိုးတရားတွေကိုတော့ လူတွေက သတိမထားမိတတ်ကြပါဘူး။

ဒါတွေကတော့ Self-talk ရဲ့ကောင်းကျိုးတစ်ချို့ပါ။

စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို အထောက်အကူပြုခြင်း။

ကိုယ့်ကိုယ်ကိုယ် စကားပြောခြင်းက ပြဿနာတွေဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ နှင့် မှတ်ဉာဏ်တွေကို မှတ်မိစေဖို့အတွက် အထောက်အကူပြုပါတယ်။


စိတ်အားတက်ကြွစေခြင်း။

ကောင်းမွန်သောစကားတွေဟာ စိတ်ပိုင်းဆိုင်ရာ တက်ကြွအားပြည့်စေဖို့ကို အထောက်အကူပြုတာမို့ ဘယ်သူမှအားပေးစကားမပြောတာတောင် ကိုယ့်ကိုယ်ကိုယ်တော့ အားပေးစကား ပြန်ပြောသင့်ပါတယ်။

Emotion တွေကို ထိန်းပေးခြင်း။

ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းက ထိန်းရခက်တဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်တဲ့ ဒေါသတွေ၊ စိတ်အားငယ်ခြင်းတွေ၊ အကြောက်တရားတွေကို လျော့ချပေးပါတယ်။ ထို့အပြင် အထီးကျန်ခြင်းကို လည်း ကုစားပေးပါတယ်။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းက စိတ်ပိုင်းဆိုင်ရာပိုမိုသန်မာစေပြီး အကျိုးများတာမို့ အောင်မြင်သူတိုင်းရဲ့ အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စကားပြောရာမှာ ကောင်းမွန်တဲ့စကားတွေကို ပြောဖို့တော့ မမေ့ပါနဲ့နော်။ လောကကြီးမှာ ဘယ်သူမှ မကြင်နာတောင် ကိုယ့်ကိုယ်ကိုယ်တော့ ကြင်နာရမယ်မလား။

#Ann #Positive #Selftalk

Keep Reading

အတ္တသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလူကဲခတ်နည်း အပိုင်းနှစ်ငွေကြပ်တည်းမှုသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)အဆန့်အဖျက်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)