Honey cho
Regret ဆိုတဲ့နောင်တ
နောင်တ ဆိုတာဟာ ပြုသင့်ပြုထိုက်တဲ့အရာတွေကို မပြုလုပ်ခဲ့ရခြင်းအတွက် လူတိုင်းဟာ အချိန်လွန်မှ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ပြန်တွေးရင်း ရကြတဲ့ လူ့ဘဝရဲ့ရိုက်ချက် သင်ခန်းစာတစ်ခုပါ။
ဘဝမှာ နောင်တကင်းတဲ့ လူဆိုတာဟာ လုံးဝမမွေးဖွားနိုင်သေးပါဘူး။နောင်တဆိုတဲ့ အရာကို သင်ခန်းစာယူပြီး အကောင်းဆုံးကျော်ဖြတ်သွားတဲ့ လူစွမ်းကောင်းheros တွေတော့ လောကမှာရှိနေမှာပါ။
တကယ်တော့ တစ်ခါတလေမှာ လူတွေဟာ ကြံကြောက်လှည်းအောက်ဝင်ဆိုတဲ့အတိုင်း တစ်ချို့အရာတွေကိုမပြောရဲ၊မဆိုရဲ၊မသွားရဲ၊မလာရဲ စတဲ့မိမိကိုယ်ကိုယုံကြည်မှုမပေးခြင်းနဲ့ အလွယ်တကူလက်လျှော့တတ်ခြင်းကြောင့် နောင်တစ်ချိန်မှာနောင်တရဲ့သားကောင်တွေအဖြစ်ရောက်သွားရတာပါ။
တကယ်တော့ ဘဝမှာ ချမှတ်ရတဲ့ တစ်ချို့ဆုံးဖြတ်ချက်တွေဟာ do or die ဆိုတဲ့ သေရင်မြေကြီး၊ရှင်ရင်ရွှေထီးဆိုတဲ့အရာတွေလည်းရှိပါတယ်။ထိုအရာတွေကို ရဲရဲဝံ့ဝံ့စဉ်းစားဆုံးဖြတ်မယ်ဆိုရင်တော့ နောင်တနည်းတဲ့ဘဝနေထိုင်မှုတစ်ခုကို၊ကိုယ့်ရဲ့အတိတ်ကိုပြန်တွေးတိုင်းစိတ်ချမ်းသာစရာကောင်းနေမှာပါ။
ဒီဆောင်းပါးတိုလေးကနေ ကောင်းမွန်တဲ့အတွေးအခေါ်တွေနဲ့comfort zone ကနေရဲရဲရင့်ရင့်တွန်းထွက်ပြီး road to successလမ်းမပေါ်ရောက်ရှိပါစေဟုဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဆောင်းပါးရှင်-မဟန်နီချို
Keep Reading