Honey cho
"နည်းပညာ သုံးရာဝယ် ဉာဏ်နဲ့ယှဉ်မယ်'
နည်းပညာ လို့ပြောလိုက်တာနဲ့ လူတွေဟာ အရင်ဆုံးကွန်ပျူတာတွေ၊hardware and software techniques တေွပါဝင်တဲ့ဖုန်းေတွကိုသာမျက်လုံးထဲအရင်ပြေးမြင်ကြပါတော့သည်။တကယ်တော့ လုပ်ဆောင်ချက်သေးသေးလေးမှအစ ကြီးမားတဲ့ လုပ်ငန်းဆောင်တာတွေ အထိဟာတကယ်တော့နည်းပညာကိုအခြေခံပြီးသွားကြတာများကြပါတယ်။လူကြီးတွေကတော့နည်းပညာကိုအရမ်းသူစိမ်းဆန်စွာမြင်နေကြပေမဲ့လူငယ်တွေအတွက်တော့ ဒီအရာဟာ လုံးဝကို သူတို့အတွက်အနာဂတ်မှာ ကောင်းကျိုးတွေယူဆောင်လာပေးမယ်ဆိုတာကို သူတို့ကြိုသိနေကြပုံ ရပါတယ်။
"ယနေ့လူငယ်နောင်ဝယ်လူကြီး" ဆိုတဲ့ စကားအတိုင်းယနေ့ခေတ်မှာ နည်းပညာမျိုးစုံကို အသုံးပြုဖို့လူငယ်တွေဟာ စိတ်အား ထက်သန်လာကြပြီးတော့ သင်ယူချင်စိတ်တွေများပြားလာခြင်းဟာလည်း လုံးဝကိုအနာဂတ်ကမ္ဘာအတွက် လုံးဝအလှဆင်နည်းတစ်မျိုးဆိုလည်း မမှားပါဘူး။နည်းပညာမှာလည်း နယ်ပယ်မျိုးစုံ၊ကဏ္ဍမျိုးစုံရှိနေပါတယ်။စီးပွားရေးဘက်မှာလည်းစီးပွားရေးနဲ့ဆိုင်တဲ့နည်းပညာတွေရှိသလို၊ပညာရေးဘက်မှာလည်းပညာရေးဆိုင်ရာနည်းပညာတွေရှိနေပါတယ်။တကယ်တော့နည်းပညာဟာသက်မဲ့အရာတစ်ခုပါဘဲ။ သူဟာသက်ရှိတွေရဲ့ အသုံးချမှု အပေါ်မူတည်ပြီးတော့သာသူရဲ့အကျိုးအကောင်း၊အဆိုးအပြောင်းဟာဖြစ်တည်လာခဲ့တာပါ။
"တလွဲဆံပင်ကောင်း"လုပ်ရင်း နည်းပညာရဲ့အသုံးဝင်ပုံကိုအသုံးချပြီး မကောင်းတဲ့လုပ်ရပ်တွေလုပ်တဲ့သူတွေကြောင့်သာလူအများဟာဒုက္ခရောက်ခဲ့ကြရပါတယ်။ထို့ပြင်နည်းပညာများရဲ့ဘေးထွက်ဆိုးကျိုးကိုခံစားခဲ့ရတဲ့သူတိုင်းဟာလည်းနည်းပညာဆိုတဲ့ အသံကိုမကြားချက်လောက်တဲ့ထိဖြစ်သွားကြရပါတယ်။ဘယ်အရာမဆိုသုံးတတ်လျှင်ဆေးဖြစ်နိုင်ပြီးမသုံးတတ်လျှင်ဘေးဖြစ်နိုင်တာကတော့မြေကြီးလက်ခတ်မလွဲပဲဖြစ်ပါတယ်။
နည်းပညာကိုအကျိုးရှိရှိသုံးရင်း နဲ့ ကမ္ဘာကျော်တဲ့ထိအောင်မြင်သွားကြတဲ့လူတွေလည်းရှိကြပါတယ်။ဒါကြောင့်"အတုမြင် အတတ်သင်"လုပ်မယ်ဆိုရင်တော့မျက်စိရှေ့ကအကောင်းဆုံးဖြစ်ပြီးလူတွေကိုအများဆုံးအကျိုးပြုနိုင်တဲ့အရာတွေကို များများလုပ်ကြပါဟု တိုက်တွန်းချင်ပါသည်။ ကျွန်မတို့မိန်းကလေးတွေဟာလည်း ယခုအခါနည်းပညာကို စွဲလမ်းနှစ်သက်လာကြပါတယ်။အဘယ်ကြောင့်ဆိုသော် မီးဖိုချောင်နဲ့အဖွတ်အလျှော်ကို လူတွေဟာမိန်းကလေးတွေရဲ့တာဝန်လို့ အမြဲသတ်မှတ်ထားလေ့ရှိကြပါတယ်။
ယခုအခါမှာတော့ပန်းကန်ဆေးစက်၊အဝတ်လျှော်စက်၊ဖုန်စက်စက်တွေဟာ နည်းပညာရဲ့အစွမ်းရဲ့အသီးပွင့်တွေဖြစ်ရုံသာမကမိန်းကလေးအများစုရဲ့သည်းခြေကြိုက်ပစ္စည်းတွေအဖြစ်လည်းရပ်တည်နေခဲ့ပါတယ်။ဒီလိုနည်းပညာမြင့်စက်တွေကြောင့် အချိန်ကုန်၊လူသက်သာပြီး လူတွေဟာ လည်း နေ့စဉ်လူမှုဘဝကိုပါပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနိုင်ကြပါတယ်။
မိန်းကလေးတွေရဲ့အောက်ခြေအလုပ်သာမက မိန်းကလေးတွေရဲ့မွေးရာပါ တာဝန်လို့လူတွေသတ်မှတ်ထားကြတဲ့ မိန်းကလေးမှန်လို့အိမ်ထောင်ပြုရင် ကလေးမဖြစ်မနေ မွေးရမယ်ဆိုတဲ့ထုံးစံကိုပါ တစ်ချို့မိန်းကလေးတွေမှာအားနည်းချက်တွေ ရှိနေလျှင်လူတွေကလှောင်ပြောင်ကြပါတယ်။မိန်းမအမြုံမဆိုတဲ့စကားဟာမိန်းကလေးရှင်အချင်းချင်းဘဲနားလည်ပေးနိုင်တဲ့ထိလုံးဝကိုပြင်းထန်ပြီးထိုမိန်းကေလးရဲ့စိတ်ဓာတ်ခွန်အားကိုချိုးနှိမ်ရင်းနဲ့လူတောမတိုးအောင်လုပ်ပြစ်လိုက်နိုင်တဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ် ။
ဒီစကားတစ်ခွန်းကို ပြန်လည်ချေပနိုင်ခဲ့တာကလည်း ယခုလိုဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးထဲကသိပ္ပံနည်းပညာကိုသုံးပြီး ဖန်ပြွန်သန္ဓေသားယူကာ တကယ့်မိမိသွေးသားအစစိကိုရယူနိုင်ခြင်းဟာလည်းသိပ္ပံနည်းပညာရဲ့အံ့မခန်းအစွမ်းအစဆိုလည်းမမှားပါဘူး။ထိုကဲ့သို့အစွမ်းထက်လွန်းလို့လည်းလူတွေဟာ နည်းပညာတွေကိုတချိန်ချိန်မှာလူတေွအပေါ်လွှမ်းမိုးမှုများကြီးလာမှာကိုစိုးရိမ်စိတ်တွေကြီးစိုးလာခဲ့ပါတယ်။
ယခုအခါမှာAI technology လို့ခေါ်တဲ့ artificial intelligenceလို့ခေါ်တဲ့လူသားဉာဏ်ရည်ကိုတုပထားနိုင်တဲ့စက်ရုပ်နည်းပညာဟာလည်း ပေါ်ပေါက်နေပြီဖြစ်လို့လူတွေရဲ့စိတ်တွေဟာလည်းပိုမိုစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ကျွန်မအဖို့AIနည်းပညာအသစ်ဟာလူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို အကုန်ဖျက်သိမ်းသွားမှာလားဆိုတဲ့ မေးခွန်းဟာလုံးဝကိုရယ်စရာဖြစ်နေခဲ့ပါတယ်။လူတွေရဲ့ကြောက်စိတ်ကိုလူတွေအချင်းချင်းကpsychologicalWarsတစ်ခုဖန်တီးပေးနေသလိုပါဘဲ။
ကျွန်မတို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ပုံပြင်လေးတစ်ခုထဲကလိုပေါ့။ယုန်နဲ့လိပ်ဟာ အစကတည်းကယှဉ်ပြိုင်စရာမလိုတဲ့သတ္တဝါနှစ်ကောင်ဆိုလည်းမမှားပါဘူး။ယုန်ဟာကျွန်မတို့လူသားတွေနဲ့တူပြီး ယခုAI technology ဟာလည်းအနိုင်ရလာတဲ့လိပ်နဲ့တူနေခဲ့ပါတယ်။တကယ်တော့လိပ်အနိုင်ရရှိခဲ့ခြင်းဟာ ယုန်ရဲ့ပျင်းရိမှုနဲ့သူတစ်ပါးအေပါ်အထင်သေးမှုတို့ကြောင့်သာဖြစ်ပါတယ်။လိပ်ကိုသူဟာလုံးဝရေခန်းမြေခန်းမပြိုင်ခဲ့ရပါဘူး။ထို့နည်းတူလူသားတွေဟာလည်းယုန်ရဲ့သင်ခန်းစာကိုအတုယူပြီးလူသားတွေရဲ့စမ်းသပ်မှုကြောင့်ဖြစ်လာတဲ့AI technology အပေါ်ကို အရမ်းမှီခိုနေတာထက် သူ့ရဲ့အကျိုးပြုပုံကို အကျိုးရှိရှိအသုံးချရင်းနဲ့ ကိုယ်သာသူ့ရဲ့သခင် ဆိုတာသာခေါင်းထဲစွဲနေအောင်မှတ်ထားဖို့လိုအပ်ပါတယ်။
သူတို့ရဲ့ပေါ်ပေါက်လာမှုဟာ လူသားတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီလုပ်ဆောင်ပေးဖို့နဲ့လူသားတွေရဲ့ဘေးအန္တာရာယ်တွေ၊ထိခိုက်ဒဏ်ရာတွေရရှိမှုနည်းပါးစေဖို့ကိုထိုကဲ့သို့ထိခိုက်ဒဏ်ရာတွေဖြစ်နိုင်မဲ့လုပ်ငန်းခွင်တွေမှာ ၎င်းတို့ကိုထည့်သွင်းအစားထိုးအသုံးပြုနေကြတာကိုသာ သတိချပ်ကြည့်ရပါမယ်။"သတိမမူ ဂူမမြင် "ဆိုတဲ့အတိုင်း ဖြစ်လာတဲ့အရာအားလုံးကို လူတွေရဲ့အသေးစိတ်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကိုအကျိုးရှိရှိဉာဏ်နဲ့ယှဉ်သုံးရပါ့မယ်။
ယခုခေတ်မှာAI technology ထက်ကြောက်စရာပြသနာတစ်ခုဟာ လည်းထပ်ရှိနေပြီးလူအများမေးခွန်းထုတ်စရာတစ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။အဲ့ဒီအရာကတော့ nuclear energy ပါပဲ။Nuclearစွမ်းအင်ဟာလည်းနည်းပညာကိုမှားယွင်းစွာနဲ့အသုံးပြုခဲ့တဲ့ဘေးထွက်ဆိုးကျိုးလူသတ်လက်နက်တစ်ခုဆိုလည်းမမှားပါဘူး။ဒါပေမဲ့အဓိကထိုနည်းပညာကိုထိန်းချုပ်ထားတာဟာလည်းလူတွေဘဲဖြစ်တာမို့ အထွေအထူးကြံကြောက်လှည်းအောက်ဝင်စရာမလိုဘူးလို့လည်းထင်မိပါတယ်။
"သမင်ဆယ်လှမ်း၊ကျားတစ်လှမ်း"ဆိုတဲ့စကားကြောင့်လူတွေကကျားဟာသမင်ထက်အပြေးမြန်လို့သမင်အစားခံရတယ်လို့တွေးကောင်းတွေးနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအယူအဆဟာလုံးဝမှားယွင်းနေခဲ့ပါတယ်။ကျွန်မတို့သိပ္ပံနည်းပညာရဲ့မှတ်တမ်းတွေအရသမင်ရဲ့တစ်နာရီပြေးနှုန်းဟာ၈၀ကီလိုမီတာဖြစ်ပြီး၊ကျားရဲ့ပြေးနှု်းနဟာတစ်နာရီ၆၀ကီလိုမီတညသာရှိပါတယ်။သူတို့ရဲ့ပြေးနှုန်းစွမ်းရည်ဟာလုံးဝကိုမယှဉ်နိုင်မှန်းလူတွေဟာမှတ်တမ်းတွေကြည့်မှသာမယံုနိုင်ေအာင်လုံးဝမျက်လုံးအပြူးသားဖြစ်သွားနိုင်ပါတယ်။
ဒါဆိုဒီပြသနာမှာမေးခွန်းထုတ်စရာရှိနေပါတယ်။သမင်ဟာကျားထက်အပြေးမြန်မြန်ပြေးနိုင်စွမ်းရှိပေမဲ့ဘာလို့သူဟာကျားရဲ့သတ်ဖြတ်စားသောက်ခြင်းကိုခံရတာလဲပေါ့။ဒါဆိုရင်တော့အဖြေဟာမျက်စိအောက်မှာတင်ပျောက်နေခဲ့တာပါ။သမင်ရဲ့ကျားဟာသူ့နောက်ကိုလိုက်နေတယ်ဆိုတဲ့ကြောက်စိတ်အဟုန်ဟာ သူ့ရဲ့ပြေးလွှားမှုအရှိန်ကို ကျော်တက်သွားခဲ့လို့ပဲဖြစ်ပါတယ်။
ယခုလူတွေခံစားနေရတဲ့AI ပြသနာနဲ့အလားတူပင်ဖြစ်ပါသည်။တကယ်တော့လူေတွဟာဘယ်အရာကိုမှအလွန်အကျူးအစိုးရိမ်မလွန်ဘဲကိုယ့်ရဲ့အနာဂတ်ကိုသာအကောင်းဆုံးပုံဖော်ဖို့လိုအပ်ပါတယ်။တစ်နေ့ထက်တစ်နေ့အကောင်းဆုံးတွေဖန်တီးနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ဟာအရာအားလုံးရဲ့အထက်မှာရှိနေနိုင်ပါတယ် ။AIဟာလူသားတွေကိုဘယ်လိုနည်းနဲ့မှခံစားချက်ပိုင်းမှာယှဉ်ပြိုင်နိုင်မှာလည်းမဟုတ်ပါဘူး။လူတွေဟာဘဝမှာပျော်ရွှင်မှု၊ဝမ်းနည်းမှု၊အောင်မြင်မှု၊ရှုံးနိမ့်မှုတွေရဲ့ခံစားမှုတွေကိုလောကဓံအလိုက်သတ္တိရှိရှိစီးမြောနိုင်ခဲ့ပေမဲ့
AITechnologyရဲ့ဘဝဟာထိုကဲ့သို့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေဟာသူ့အတွက်လုံးဝမရှိ ဘဲလူတစ်ယောက်ရဲ့စက်ခလုတ်တစ်ချက်ပေါ်မှာသာသူ့ရဲ့အနာဂတ်ဟာမူတည်နေခဲ့တာပါ။တကယ်တော့သူဟာလူသားတွေရဲ့အဖြည့်ခံ၊အစတေးခံအရာတစ်ခုဆိုလည်းမမှားပါဘူး။ဒီလိုအရာကိုလိုက်ပြီးယှဉ်ပြိုင်နေခြင်းဟာတော့လုံးဝကိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ပါဘူး။technology ဟာသူ့ဟာသူကိုယ်ပိုင်ဆုံးဖြတ်ချက်ချလို့မရပါဘူး။လူသားတွေရဲ့သူ့အပေါ်လွှမ်းမိုးမှုဟာလုံးဝကိုအင်မတန်ကြောက်စရာကောင်းလှပါတယ်။လူတွေမသွားချင်တဲ့ခက်ခဲကြမ်းတမ်းတဲ့နေရာတွေမိုင်းတွင်းတူးဖော်ရေး၊သတ္တုတူးဖော်ရေး၊ရေနံတူးဖော်ခြင်း၊တွေမှာသာမကလူသားတွေလက်လှမ်းမမှီနိုင်တဲ့အာကာသထဲထိသူတို့ကိုလူတွေအစားအသုံးချရင်းအကျိုးရလဒ်များစွာကိုလူတွေဟာပုံဖော်ခဲ့ကြပါတယ်။
လူတွေရဲ့ဆေးစက်ကျရာမှာအရုပ်ထင်ခဲ့ရတဲ့ထိုနည်းပညာများအစွမ်းကြောင့်လူသားတွေဟာလကမ္ဘာကိုလည်းယခုအခါမှာလွယ်ကူစွာသွားလာနိုင်သလို၊ဂြိုလ်ပေါ်မှာတောင်ယခုအခါလူသားတွေနေထိုင်ဖို့လေထုတစ်ခုနဲ့စိုက်ပျိုးရေးနည်းစနစ်တွေပါစတင်စမ်းသပ်ပြီးနယ်ချဲ့နေကြပြီပဲဖြစ်ပါတယ်။ထိုကဲ့သို့မရေမတွက်နိုင်တဲ့ကောင်းကျိုးများစွာကိုကျမမြင်နိုင်ဘဲသူတို့ရဲ့လွှမ်းမိုးမှုကိုသာမြင်နေခဲ့တာတော့လုံးဝကိုအရိပ်နေနေအခက်ချိုးချိုးအပြုအမူမျိုးဟုထင်မိပါတယ်။
လူတွေရဲ့မသိစိတ်၊သို့မဟုတ် သူတစ်ပါးအပေါ်မှာလွှမ်းမိုးချုပ်ကိုင်ချင်တဲ့နတ်ဆိုးစိတ်ဟာသာလျှင် AI Technology ထက်ကြောက်စရာကောင်းတဲ့အရာတစ်ခုလို့မြင်မိပါတယ်။AIရဲ့လွှမ်းမိုးမှုကြောင့်လူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဟာပျောက်သွားလိမ့်မယ်ဆိုတဲ့ကောလဟာလဟာတကယ့်ကိုလူတွေနဲ့နည်းပညာကြားရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုဖျက်ဆီးမှုတစ်ခုလို့ပဲမြင်မိပါတယ်။ကြက်ဥနဲ့ကြက်မဘယ်ဟာအရင်ဖြစ်လဲဆိုတဲ့မေးခွန်းကိုအချိန်တော်တော်ကြာစဉ်းစားနေသကဲ့သို့ပင်ဖြစ်နေလိမ့်မည်ဟုသုံးသပ်လိုက်ရပါတော့သည်။။
ဆောင်းပါးရှင်-မဟန်နီချို
Keep Reading