Myaing Hay Won
ကိုယ့်အဖေနဲ့ အမေဟာ ဘာလို့များ ကလေးတစ်ယောက်တည်း မယူဘဲ သုံးယောက်တောင် မွေးခဲ့ကြသလဲဆိုတာ ကိုယ် ငယ်ငယ်က စဉ်းစားမရဘူး။ ကိုယ်ဟာ ငယ်ငယ်က အကြီးနှစ်ယောက်နဲ့ ရန်ဖြစ်ရင် အဖေနဲ့ အမေဟာ ဘာလို့များ ကိုယ်တစ်ယောက်တည်း မွေးမပေးခဲ့ကြသလဲဆိုပြီး အပြစ်တင်စိတ်နဲ့ ခဏခဏတွေးခဲ့ဖူးတယ်။
အမေဟာ ကိုယ်တို့ ညီအစ်မ သုံးယောက်ကို ကျောင်းထားရလို့၊ သုံးယောက်စလုံးကလည်း ပညာရေးကို ဒီနိုင်ငံက ပညာရေးစနစ်အတိုင်း ဆုံးခန်းတိုင်အောင် တက်ရောက်ခဲ့ကြလို့ ကျောင်းထားစရိတ်တွေအတွက် ဘယ်လို ရှာဖွေရကြောင်း အခါအခွင့်သင့်တိုင်း ပြောပြလေ့ရှိတယ်။ ဒါတောင် မဦးနဲ့ မလတ်ဟာ ခြောက်နှစ်ကွာ၊ မလတ်နဲ့ ကိုယ်နဲ့ဟာ လေးနှစ်ခွာပြီး မွေးခဲ့လို့ ခံသာတယ်လို့ အသက်ရှုချောင်တယ်လို့ ဆိုတယ်။
အမေအဲ့လိုဆိုတိုင်း ကိုယ်က "အမေ ဘာလို့ သုံးယောက် မွေးခဲ့လဲ၊ တစ်ယောက်တည်း မွေးရင် တစ်ယောက်တည်းစာအတွက် ရှာရမှာလေ၊ အမေတို့ ဒီလောက် မပင်ပန်း မခက်ခဲတော့ဘူး" လို့ပေါ့။
အမေကလည်း ပြောရှာတယ်။
"ငါယောက်ျားကို မယူခဲ့ရမှာ" တဲ့။
အမေဟာ အမေ့ရဲ့အမေစကားကို နားထောင်ပြီး ယောက်ျားယူခဲ့မိသတဲ့။ မိဘစကားနားထောင်တိုင်းလည်း ဘဝက အဆင်ပြေချင်မှ ပြေမှာဆိုတဲ့ အသိဟာ ညရောက်ရင် ကြယ်ထွက်သလို ကိုယ့်ခေါင်းထဲက ခုန်ထွက်လာခဲ့တယ်။
အခုတော့ ကိုယ်တို့ ညီအစ်မသုံးယောက်ရဲ့ ကျောင်းစရိတ်ကို သူတို့ ထောက်ပံ့စရာမလိုတော့ဘူး။ အားလုံးက အတောင်ပေါက်တဲ့ ငှက်ငယ်တွေလို ဝေးရာမှာ စားကျက်ချနေကြပြီ။ ဒါပေမဲ့ အဲ့ဒီငှက်တွေထဲ အသိုက်ကနေ မစွန့်ခွာသေးတဲ့ ငှက်တစ်ကောင် ကျန်နေသေးတယ်။ အဲ့ဒီငှက်ဟာ ကိုယ်ပဲ။
အတောင်ပံဖြန့်ပြီး အဝေးကို ခဏခဏ ပျံခဲ့ဖူးတယ်။ အချိန်တန်တော့လည်း ငှက်ဟာ အသိုက်ဆီပဲ ပြန်ရောက်လာတယ်။ အသိုက်နားမှာပဲ ကျင်လည်နေတယ်။ ယုံကြည်ရာကို လုပ်မယ်ဆိုတဲ့ ပေတေတေနိုင်လှတဲ့ ခေါင်းမာမာဟာ အသိုက်နဲ့ ဝေးရင် အိမ်လွမ်းနာကျတဲ့ ဝေဒနာကို အပြင်းအထန်ခံစားရတယ်။ ကံတရားကလည်း ကိုယ့်ဘက်မှာရှိတယ်။ ပြန်လာချင်တဲ့ အချိန်တိုင်း ကိုယ်ပြန်ခွင့် ရနေသေးတယ်။
ကိုယ်ဟာ အခု အသိုက်မှာပဲ ရှိနေတယ်။
?
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သွားဟယ်လားဟယ် လုပ်တတ်တဲ့ကိုယ်ဟာ တစ်ခါတစ်ခါကျ အမေနဲ့ အဖေရဲ့ ဘဝကို ကြည့်ပြီး အားမလိုအားမရဖြစ်မိတယ်။ သူတို့ဘဝမှာ သူငယ်ချင်းဆိုတာရော ရှိခဲ့ဖူးကြရဲ့လားပေါ့။ ဘာလို့ဆို ကိုယ်တို့အိမ်ကို လာတဲ့ ဧည့်သည်တွေထဲမှာ သူတို့ရဲ့ သူငယ်ချင်းဆိုတာတွေ မပါကြလို့ပဲ။
အမှတ်ရတဲ့တစ်ခါတော့ အမေ့ကို မေးခဲ့ဖူးတယ်။ အမေ့မှာ သူငယ်ချင်းရော ရှိရဲ့လားလို့။ အမေက ရယ်တယ်။
"ရှိတာပေါ့၊ ငါ့သူငယ်ချင်းတွေက ...." လို့ အစချီပြီး ဝေးကွာနေတဲ့ သူ့သူငယ်ချင်းတွေအကြောင်း ပြောပြလေ့ရှိတယ်။
အဖေ့ကိုတော့ ကိုယ်မမေးဖူးဘူး။ အဖေနဲ့ ကိုယ်ဟာ အကြောင်းအရာတစ်ခုကို ငါးမိနစ် ဆယ်မိနစ်ထက် ပိုအောင် တစ်နေရာမှာ ဖင်နွေးအောင်ထိုင်ပြီး စကားအကြာကြီး မပြောဖူးတဲ့ ဆက်ဆံရေးပဲ။
ဒီနေ့တော့ အဖေ့သူငယ်ချင်းဆိုသူ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေတယ်။ နောက်ဖေးက ခြံထဲနဲ့ ကိုယ့်အခန်းထဲမှာပဲ အချိန်ကုန်ဆုံးလေ့ရှိသူ ကိုယ်ဟာ ဧည့်ခန်းကို ထွက်မလာဘူး။ ဧည့်ခန်းကနေ ကြည့်ရင် မမြင်ရပေမယ့် ဧည့်ခန်းကို ကြည့်ရင် မြင်နိုင်တဲ့ ထမင်းစားခန်းကနေ အဲ့ဒီလူကို ခိုးကြည့်လိုက်တယ်။
အသားညိုညို၊ ဝဝဖိုင့်ဖိုင့် အဖေ့အသက်အရွယ်လောက်ရှိမယ့် လူကြီးတစ်ယောက် ဆက်တီခုံပေါ် ထိုင်နေတယ်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနှစ်ယောက်ထိုင်ရင်တောင် နေရာလွတ်ကျန်နေတတ်တဲ့ ဆက်တီခုံဟာ အဲ့ဒီလူကြီး ထိုင်လိုက်တော့ နေရာလပ်မကျန်တော့ဘူး။
ဓာတ်ဆီဈေးကြီးတဲ့အကြောင်းတွေ ပြောတယ်၊ ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းတွေပြောတယ်။ အပြင်ခဏသွားနေတဲ့ အဖေ့ရဲ့ အိမ်သူသက်ထား ဇနီးမယားကို မေးတယ်။ စကားဝိုင်းက တိတ်ဆိတ်နေတယ်။ တိတ်ဆိတ်နေတဲ့ အကြောင်းရင်းဟာ အဲ့ဒီလူကြီး ကွမ်းဝါးနေလို့ဆိုတာ အဖေ့ရဲ့ စကားအသွားအလာကို နားထောင်ပြီး ခန့်မှန်းရတယ်။
"မင့် ကွမ်းကြီး ထားပြီး မုန့်စားပါလား" တဲ့။
အိမ်ရှေ့ဧည့်ခန်းမှာ ဧည့်သည်လာရင် တည်တတ်တဲ့ ဝေဖာပန်းကန်ဟာ အဆင်သင့်ရှိနေလို့ တော်သေးတယ်။ မဟုတ်ရင် အဖေဟာ ကိုယ့်နာမည် အော်ခေါ်ပြီး မုန့်လာချခိုင်းနိုင်တယ်။
ကံတရားဟာ ကိုယ့်ဘက်မှာ ရှိနေပြန်တယ်။ ကိုယ်မတွေ့ချင်တဲ့ သူစိမ်းကို မတွေ့ဘဲနဲ့ သူ့စကားကို နားထောင်နေနိုင်တယ်။ ဒါကိုယ့်ရဲ့ အကျင့်ပဲ။
"မင့် သမီးတစ်ယောက်လေ..." လို့ အစချီတဲ့ အသံကို နားစွန်နားဖျားပဲ ကြားလိုက်တယ်။ ထမင်းစားပွဲနားမှာ ထိုင်နေတဲ့ ကိုယ်ဟာ အုပ်ဆောင်းကို ပုန်ကန်ထွက်လာတဲ့ စမြိတ်ခပ်ထားတဲ့ ချဉ်ရည်ဟင်း အနံ့ကြောင့် တစ်ဇွန်းမြည်းကြည့်နေတုန်း အဲ့လူကြီးပေါ် ရောက်နေတဲ့ အာရုံ ခဏလွတ်သွားတယ်။
"သူက နေပြည်တော်မှာလေ"
မလတ်ရဲ့ ရာထူးကိုပြောတဲ့ အဖေ့အသံမှာ မသိမသာ ဂုဏ်ယူသံကလေး ပါနေတယ်လို့ ကိုယ်ထင်မိတယ်။
"လစာ ဘယ်လောက်ရလဲ"
အဲ့ဒီလူဟာ အဖေနဲ့ ဘယ်လောက်ရင်းနှီးလို့ လူတစ်ယောက်ရဲ့ လစာငွေကို မေးရတာလဲ။ ကိုယ် မျက်မှောင်ကြုတ်မိတယ်။ အဖေက ရိုးရိုးသားသားပဲ ပြောတယ်။
"သုံးသိန်းဝန်းကျင်ပေါ့"
သူ့ရာထူးနဲ့ လစာဟာ မမျှဘူးလို့ အဓိပ္ပာယ်ရတဲ့ စကားတစ်ခွန်းကို အဖေပြောတယ်။
"ငါ့သမီးက ခုနှစ်သိန်းရတယ်"
သူ့သမီးဟာ အဖေ့သမီးလောက် ရာထူးမရှိပေမယ့် လစာပိုရတယ်လို့ သူပြောချင်နေတာ။
တစ်လကို ငါးသိန်းစုရင် တစ်နှစ်ဆို ဘယ်လောက်စုမိတယ်လို့ အဖေ့သူငယ်ချင်း သင်္ချာပညာရှင်ကြီးဟာ စိတ်တ
Unlock to read this premium article with 10 points.