မောရိသျှ
၆။ ဘဝကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ရိုးသားတည်ကြည်မှု၊ စောင့်စည်းချုပ်တည်းမှု၊ ရဲရင့်ပြတ်သားမှုတွေနဲ့ ရုန်းကန်နေတယ်ဆိုရင်၊ အဓိပ္ပါယ် ရှိရှိ အသက်ရှင်နိုင်လိမ့်မယ်။ဖိနှိပ်ချုပ်ခြယ်မှု၊ လိမ်လည်လှည့်ဖျားမှု၊ ကောက် ကျစ်စဉ်းလဲမှု၊ စိတ်အလိုလိုက် မိုက်ရူးရဲဆန်မှု၊ ဘဝင်မကျသူရဲဘောကြောင်မှု တွေကြောင့် စိတ်တို၊ စိတ်ပျက်၊ စိတ်ကွက်နေရတယ် ဆိုရင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပုံ လွဲချော်နေလို့ပဲ။
မတရားမှု၊ ချွတ်ချော်တိမ်းမှားမှု၊ ရတာမလို၊ လိုတာမရ ဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပုံ မမှန်လို့ပါ။
ရှင်သန်မှုကို တန်ဖိုးမထားနိုင်ရင် သေဆုံးပျက်စီးခြင်းရဲ့ အန္တရာယ်က ပိုပြီး ကြောက်လန့်ဖို့ ကောင်းတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားသရွေ့၊ ချစ်မေတ္တာ သံယောဇဉ်ကောင်း ရှိနိုင်မှာ မဟုတ်ဘူး။ကိုယ့်အတွက် ကောင်းတာဖြစ်လာဖို့ မမျှော်လင့်တတ်ရင်၊ သူများအတွက် ကောင်းတာ လုပ်ပေးတတ်မှာ မဟုတ်ပါ။ ကိုယ်တိုင်က ကောင်းအောင် နေနိုင်မှ၊ ကောင်းတာဖြစ်အောင် လုပ်ပေးတတ်မှာပါ။
၇။ ယုံကြည်မှုကို ဖောက်ဖျက်မှ ကောင်းတာကို လုပ်နိုင်မယ်ဆိုရင်၊ အမှန်တရားအတွက် လုပ်နေတာ မဟုတ်ဘူး။
ကောင်းကျိုးဖြစ်ထွန်းဖို့ ရှက်ရမယ်၊ ကြောက်ရမယ်၊ သင်္ကာမကင်း ဖြစ်ရမယ်၊ မသိုးမသန့် ဖြစ်ရမယ်၊ သိုသိုဝှက်ဝှက် လုပ်ရမယ် ဆိုရင် ကောင်းခြင်း အစစ်မဖြစ်နိုင်ပါ။ အကျိုးရှိတဲ့ အလုပ်မှာ တိကျသေချာတဲ့ အကြောင်းရင်းခံ ရှိတယ်။ အကြောင်းတရားက မသေမချာ ဖြစ်နေခဲ့ရင်၊ အကျိုးဖြစ်နိုင်မှာ မဟုတ်ပါ။
ကြောက်စိတ်၊ ရွံ့စိတ်၊ တွန့်စိတ်ဆိုတာ မသေချာတဲ့ အခြေအနေအပေါ် စိန်ခေါ်နေတဲ့ အရိုးခံစိတ်တွေပါ။ ဒါပေမယ့် အကြောင်းအရင်း ခိုင်ခိုင်လုံလုံ မရှိဘဲ၊ ကြောက်စိတ်၊ ရွံ့စိတ်၊ တွန့်စိတ် ဖြစ်နေခဲ့ရင်၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတာ မဟုတ်လို့ပါ။
စိုးရိမ်စိတ်၊ ပူပန်စိတ်၊ ဘဝင်စိတ် ဆိုတာ မရေရာတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ မလုံစိတ်တွေပါ။ ဒါပေမယ့် အကြောင်းအရင်းခံ သေချာလျက်သားနဲ့ စိုးရိမ်၊ ပူပန်နေရပြီး၊ ဘဝင်မကျနိုင်ဘဲ ဖြစ်နေရင်တော့၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတာ မဟုတ်လို့ပါ။ အရိုးခံ စိတ် နဲ့ စိတ်မလုံခြုံမှုတွေကို သေချာ ထိန်းညှိပါ။ အမှားနဲ့ ဘယ်သူမှ မကင်းနိုင်ပေမယ့်၊ အမှား အကင်းနိုင်ဆုံးဖြစ်အောင် အားထုတ်လို့ရနိုင်တယ်။
၈။ စိတ်ဆိုတာ တစ်သတ်မှတ်တည်း ပြောင်းလဲဖြစ်ပျက်နေတဲ့ အလျင်တစ်မျိုးပါ။ ဖြစ်လာသမျှ ခံစားချက် အသိတိုင်းကို ဖျောက်ဖျက်လို့ မရသလို၊ အစားထိုးလို့ မရနိုင်ပါ။ညစ်ညူးတဲ့ စိတ်ဖြစ်စေ၊ စင်ကြယ်တဲ့ စိတ်ဖြစ်စေ၊ ဘယ်စိတ်ဖြစ်ဖြစ် ဖြစ်လာတဲ့ စိတ်ကို အသိဉာဏ်နဲ့ ယှဉ်ပြီး ဘက်မျှတအောင် ထိန်းညှိပါ။ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်တွေကို ထပ်တူညီကျအောင် မညှိနိုင်သရွေ့ အတ္တရဲ့ စေ့ဆော်မှုကြောင့် အစွဲကြီးပြီး၊ အမှားတွေကို ထပ်ခါတလဲ လုပ်နေမိပါလိမ့်မယ်။
၉။ အတွေးကို ထိန်းချုပ်နိုင်ဖို့ ခံစားချက်တိုင်းကို တန်ဖိုးထားတတ်ရမယ်။စိတ်ခံစားချက်မှာ ဖြစ်လာသမျှ အာရုံတိုင်းက အကြောင်းရှိလို့ ဖြစ်လာရတဲ့ အကျိုးဆက်တွေပါ။ကောင်းတဲ့ ခံစားချက်ပဲ ဖြစ်စေ၊ ဆိုးတဲ့ ခံစားချက်ပဲ ဖြစ်စေ၊ အာရုံအလိုက် အလျင်းသင့် ဖြစ်ခွင့်ပေးပြီး၊ အကျိုးဆက်ကို လက်သင့်ခံ နိုင်ရမယ်။ ဘဝဆိုတာ တိုတောင်းပါတယ်။ ခဏတာ ရှင်သန်ရတဲ့ အခိုက်အတန့်ကို နောင်တတွေနဲ့ မဖျက်ဆီးပါနဲ့။ အမှားနဲ့အလွဲကို ရင်ဆိုင်ရဲမှ၊ အမှန်တရား ရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားခွင့် ရမှာပါ။
၁၀။ အရာအားလုံးကို မေ့ထားလိုက်ပါ။ လက်ရှိခနကိုပဲ အာရုံစူးစိုက်ထားပါ။ ဖြစ်ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။မဖြစ်သေးတာကို တွေးနေလို့ အကျိုးမရှိနိုင်ပါ။လက်ရှိ ခနကို ဆုပ်ကိုင်ထားနိုင်မှ ဖြစ်လိုတဲ့ ဆန္ဒအတိုင်း ဖြစ်ခွင့် ရှိပါလိမ့်မယ်။ အခု ဆိုတဲ့ ခဏက အင်မတန်တိုတောင်းပါတယ်။ ဘဝဆိုတာ သေးနုပ်ပါတယ်။ ဘာရယ် မဟုတ်တဲ့ အ ကြောင်းကိစ္စတွေနဲ့ ဘဝကို မညစ်ညူးပါစေနဲ့။ အခုထက် အရေးကြီးတဲ့ အချိန် မရှိပါဘူး။
#မောရိသျှ
Keep Reading