Author's Profile Photo

မောရိသျှ

29/05/2025

တဇောက်ကန်းသမား

3 mins read
Personal Development
Book Review
General Knowledge
တဇောက်ကန်းသမား's photo

တဇောက်ကန်းသမားတွေကတော့ နေရာစုံမှာ ရှိနေမှာပါ။ ကိုယ်တိုင်ကလည်း ခေါင်းအသေမာတဲ့ တဇောက်ကန်း ဖြစ်နေတတ်တာကို မမေ့ပါနဲ့နော်။ ခက်လိုက်တာနော်လို့ အပြောခံနေရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ အတော်ခက်ပါလားလို့ တွေးပြီး တဖက်သားအပေါ် အားမလိုအားမရစိတ် ဖြစ်နေရင်လည်း သတိထားပါ။ တဇောက်ကန်းစိတ်နဲ့ တဖက်သားအပေါ် အစွန်းရောက်မိတတ်ပါတယ်။ ငါ့လိုများ ဘာလို့ မလုပ်နိုင်ရတာလဲ၊ ဒါလေးများ အလွယ်လေးကိ ချာချာလည်နေတယ် စသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်၊ တဖက်သားရဲ့ လုပ်ရည်ကိုင်ရည်အပေါ်လည်း မကျေလည်ဖြစ်နေရင် ကိုယ်တိုင်က တဇောက်ကန်းစိတ်ဝင်နေလို့ပါ။

ခေါင်းမာတာ ကောင်းပေမဲ့ အစွန်းရောက်တဲ့အထိ တဖက်ပိတ်ဖြစ်သွားတာ လုံးဝ မကောင်းပါဘူး။ လူတွေရဲ့ အပြောကို ခံနိုင်ရည်ရှိပြီး ကဲ့ရဲ့သမျှ အထင်သေးသမျှကို မသိချင်ယောင်ဆောင်နိုင်တာက ကောင်းပါတယ်၊ ဒါပေမဲ့ လူတွေရဲ့ အပြုသဘောဆောင် ဝေဖန်မှု၊ အပြစ်ထောက်ပြမှုတွေကို ငြင်းဆန်ပြီး မသိသလိုနေတာက မှားပါတယ်။ ဒါကြောင့် ကိုယ့်ကြောင့်လည်း အလုပ်မပျက်ပါစေနဲ့။ သူများအပေါ် အားမရစိတ်ကြောင့် အလုပ်ဖျက်တဲ့သူလည်း မဖြစ်ပါစေနဲ့။ ခေါင်းမာစိတ်ဝင်လာရင် အမြဲဆန်းစစ်ပါ။ လူကဲ့ရဲ့ခံမဖြစ်ပါစေနဲ့။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်လုပ်တတ်ကိုင်တတ်တာက အကောင်းဆုံးပါပဲ။

သူများတွေလို အချိန်မဆွဲဘဲ အလုပ်ကို အလုပ်လို လုပ်တယ်၊ စေတနာပါတယ်၊ အလုပ်ဖြစ်အောင် လုပ်တယ်။ အကျိုးရှိအောင်လည်း လုပ်တယ်။ ရလဒ်ကောင်းနဲ့ အောင်မြင်မှုတွေလည်း ရှိတယ်။ ခေါင်းမာတာမျိုးတော့ မရှိပေမဲ့ တခြားလူတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အလုပ်လုပ်ပုံတွေကို အားမလိုအားမရဖြစ်ပြီး လိုက်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်အပေါ် အဲဒီလို ပစိပစပ်များလာရင်လည်း အများမခံပါနဲ့။ ရိုးသားစွာ ဝန်ခံပြီး အမုန်းခံ ငြင်းဆန်ပါ။ ပစိပစပ်များတာက များတဲ့သူရော များခံတဲ့သူရော လက်ခံသရွေ့ လုပ်ခံရပါတယ်။ ဒါကြောင့် ကြိုငြင်းပြီး ကန်ထုတ်ပထုတ်ထားရင် စိတ်မရှုပ်ရတော့ပါဘူး။

တကယ်လို့ ကိုယ့်မှာ ပစိပစပ်များတဲ့ အကျင့်ရှိတယ်လို့ ထောက်ပြခံထားရရင် စိတ်မဆိုးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲဖို့သာ စိတ်ပြောင်းလိုက်ပါ။ ပစိပစပ်များတာက လူမုန်းခံရပါတယ်။ ကဲ့ရဲ့ခံရပါတယ်။ လူမြင်ကတ်ခံရပြီး သူများရဲ့ အတင်းအဖျင်းစကားထဲ ထည့်ပြောခံရတတ်ပါတယ်။ အလုပ်မှာ ပစိပစပ်များလို့ ထူးပြီး ရလဒ်ကောင်းမထွက်ပါဘူး။ သူများထက် သာပြီး အောင်မြင်မှုတွေ ရမသွားပါဘူး။ လူမုန်းခံရတာပဲ အဖတ်တင်တာပါ။

လုပ်ဖော်ကိုင်ဖက်ထဲမှာ ပစိပစပ်များတဲ့သူ ပါလာရင် မပေါင်းသင်းပါနဲ့။ အပြောမခံပါနဲ့။ ကိုယ့်အထက်လူကြီးက ပစိပစပ်များရင် ပွင့်ပွင့်လင်းလင်းပြောပြီး ကိုယ့်အလုပ်တာဝန်ထဲ ဝင်စွက်ဖက်တာမျိုးကို ဆန့်ကျင်တဲ့အနေနဲ့ တိုက်ရိုက်အကန်ပြော ဝေဖန်ပါ။ ကိုယ့်အပေါ် ပစိပစပ်မများဖို့ ပွင့်လင်းစွာ တောင်းဆိုပါ။ အထက်လူကြီးလည်း မဆန်၊ ပညာရှင်မဆန်ဘဲ ကိုယ့်အပေါ် လူပါးဝလာရင်တော့ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ လက်အောက်မှာ အလုပ်မလုပ်ပါနဲ့။ ပွင့်လင်းစွာ ပြောပြီး အလုပ်ထွက်လိုက်ပါ။ အလုပ်ပြောင်းလုပ်ပါ။

ပစိပစပ်များပြီး နေရာတကာဝင်ပြောတတ်တဲ့ အလုပ်ရှင်တွေ လက်အောက်မှာ ဘယ်တော့မှ အလုပ်မလုပ်ပါနဲ့။ ဝေးဝေးရှောင်ပါ။ သူတို့က ကိုယ့်ရဲ့ အလုပ်တာဝန်ကိုပဲ ဝေဖန်ကြမှာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ နေ့စဉ် လူနေမှုဘဝကိုပါ ဝင်စွက်ဖက်တတ်ပါတယ်။ အလုပ်အရေးကိစ္စကိုပဲ ချေးများတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝကိုပါ ချေးလာများမှတော့ နည်းနည်းမှ မသည်းခံပါနဲ့။

#မောရိသျှ်ကန်းသမားတွေကတော့ နေရာစုံမှာ ရှိနေမှာပါ။ ကိုယ်တိုင်ကလည်း ခေါင်းအသေမာတဲ့ တဇောက်ကန်း ဖြစ်နေတတ်တာကို မမေ့ပါနဲ့နော်။ ခက်လိုက်တာနော်လို့ အပြောခံနေရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ အတော်ခက်ပါလားလို့ တွေးပြီး တဖက်သားအပေါ် အားမလိုအားမရစိတ် ဖြစ်နေရင်လည်း သတိထားပါ။ တဇောက်ကန်းစိတ်နဲ့ တဖက်သားအပေါ် အစွန်းရောက်မိတတ်ပါတယ်။ ငါ့လိုများ ဘာလို့ မလုပ်နိုင်ရတာလဲ၊ ဒါလေးများ အလွယ်လေးကိ ချာချာလည်နေတယ် စသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်၊ တဖက်သားရဲ့ လုပ်ရည်ကိုင်ရည်အပေါ်လည်း မကျေလည်ဖြစ်နေရင် ကိုယ်တိုင်က တဇောက်ကန်းစိတ်ဝင်နေလို့ပါ။



ခေါင်းမာတာ ကောင်းပေမဲ့ အစွန်းရောက်တဲ့အထိ တဖက်ပိတ်ဖြစ်သွားတာ လုံးဝ မကောင်းပါဘူး။ လူတွေရဲ့ အပြောကို ခံနိုင်ရည်ရှိပြီး ကဲ့ရဲ့သမျှ အထင်သေးသမျှကို မသိချင်ယောင်ဆောင်နိုင်တာက ကောင်းပါတယ်၊ ဒါပေမဲ့ လူတွေရဲ့ အပြုသဘောဆောင် ဝေဖန်မှု၊ အပြစ်ထောက်ပြမှုတွေကို ငြင်းဆန်ပြီး မသိသလိုနေတာက မှားပါတယ်။ ဒါကြောင့် ကိုယ့်ကြောင့်လည်း အလုပ်မပျက်ပါစေနဲ့။ သူများအပေါ် အားမရစိတ်ကြောင့် အလုပ်ဖျက်တဲ့သူလည်း မဖြစ်ပါစေနဲ့။ ခေါင်းမာစိတ်ဝင်လာရင် အမြဲဆန်းစစ်ပါ။ လူကဲ့ရဲ့ခံမဖြစ်ပါစေနဲ့။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်လုပ်တတ်ကိုင်တတ်တာက အကောင်းဆုံးပါပဲ။



သူများတွေလို အချိန်မဆွဲဘဲ အလုပ်ကို အလုပ်လို လုပ်တယ်၊ စေတနာပါတယ်၊ အလုပ်ဖြစ်အောင် လုပ်တယ်။ အကျိုးရှိအောင်လည်း လုပ်တယ်။ ရလဒ်ကောင်းနဲ့ အောင်မြင်မှုတွေလည်း ရှိတယ်။ ခေါင်းမာတာမျိုးတော့ မရှိပေမဲ့ တခြားလူတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အလုပ်လုပ်ပုံတွေကို အားမလိုအားမရဖြစ်ပြီး လိုက်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်အပေါ် အဲဒီလို ပစိပစပ်များလာရင်လည်း အများမခံပါနဲ့။ ရိုးသားစွာ ဝန်ခံပြီး အမုန်းခံ ငြင်းဆန်ပါ။ ပစိပစပ်များတာက များတဲ့သူရော များခံတဲ့သူရော လက်ခံသရွေ့ လုပ်ခံရပါတယ်။ ဒါကြောင့် ကြိုငြင်းပြီး ကန်ထုတ်ပထုတ်ထားရင် စိတ်မရှုပ်ရတော့ပါဘူး။



တကယ်လို့ ကိုယ့်မှာ ပစိပစပ်များတဲ့ အကျင့်ရှိတယ်လို့ ထောက်ပြခံထားရရင် စိတ်မဆိုးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲဖို့သာ စိတ်ပြောင်းလိုက်ပါ။ ပစိပစပ်များတာက လူမုန်းခံရပါတယ်။ ကဲ့ရဲ့ခံရပါတယ်။ လူမြင်ကတ်ခံရပြီး သူများရဲ့ အတင်းအဖျင်းစကားထဲ ထည့်ပြောခံရတတ်ပါတယ်။ အလုပ်မှာ ပစိပစပ်များလို့ ထူးပြီး ရလဒ်ကောင်းမထွက်ပါဘူး။ သူများထက် သာပြီး အောင်မြင်မှုတွေ ရမသွားပါဘူး။ လူမုန်းခံရတာပဲ အဖတ်တင်တာပါ။



လုပ်ဖော်ကိုင်ဖက်ထဲမှာ ပစိပစပ်များတဲ့သူ ပါလာရင် မပေါင်းသင်းပါနဲ့။ အပြောမခံပါနဲ့။ ကိုယ့်အထက်လူကြီးက ပစိပစပ်များရင် ပွင့်ပွင့်လင်းလင်းပြောပြီး ကိုယ့်အလုပ်တာဝန်ထဲ ဝင်စွက်ဖက်တာမျိုးကို ဆန့်ကျင်တဲ့အနေနဲ့ တိုက်ရိုက်အကန်ပြော ဝေဖန်ပါ။ ကိုယ့်အပေါ် ပစိပစပ်မများဖို့ ပွင့်လင်းစွာ တောင်းဆိုပါ။ အထက်လူကြီးလည်း မဆန်၊ ပညာရှင်မဆန်ဘဲ ကိုယ့်အပေါ် လူပါးဝလာရင်တော့ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ လက်အောက်မှာ အလုပ်မလုပ်ပါနဲ့။ ပွင့်လင်းစွာ ပြောပြီး အလုပ်ထွက်လိုက်ပါ။ အလုပ်ပြောင်းလုပ်ပါ။



ပစိပစပ်များပြီး နေရာတကာဝင်ပြောတတ်တဲ့ အလုပ်ရှင်တွေ လက်အောက်မှာ ဘယ်တော့မှ အလုပ်မလုပ်ပါနဲ့။ ဝေးဝေးရှောင်ပါ။ သူတို့က ကိုယ့်ရဲ့ အလုပ်တာဝန်ကိုပဲ ဝေဖန်ကြမှာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ နေ့စဉ် လူနေမှုဘဝကိုပါ ဝင်စွက်ဖက်တတ်ပါတယ်။ အလုပ်အရေးကိစ္စကိုပဲ ချေးများတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝကိုပါ ချေးလာများမှတော့ နည်းနည်းမှ မသည်းခံပါနဲ့။



#မောရိသျှ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားလိုတာထက် မပိုပါနဲ့စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအကျင့်ဆိုးသမားတွေကိုရှောင်ပါ စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါ