Author's Profile Photo

သင်္ကေတ

6/07/2024

မိုး(ပညာမိုး) ဘာကြောင့် ရွာချတာလဲ။

1 min read
Personal Development
Education
General Knowledge
မိုး(ပညာမိုး) ဘာကြောင့် ရွာချတာလဲ။'s photo

‌မိုးရွာခြင်းကို လူတိုင်းသိကြမယ်ထင်သည်။ မိုးရွာခြင်းဖြစ်စဉ်မှာ နေမှ ရေမျက်နှာပြင်ပေါ် ကျရောက်ပြီး ရေ‌ငွေ့ပျံကာ ရေငွေ့များသည် လေထုအမြင့်ဆုံးဆီကို တက်သွားသည်၊ တက်သွားသောရေငွေ့များသည် ကောင်းကင်မှာရှိသော ‌တိမ်များမှာ စုပေါင်းပြီး တအားများလာ‌သောအခါရေစက်ရေပေါက်များအဖြစ် ကျလာခြင်းဖြစ်ပါသည်။

မိုးရွာခြင်းသည် လူအများကိုအထောက်အကူပြုစေသည်၊ဥပမာ- စပါးစိုက်ပျိုးကြသော တောင်သူသမားဦးကြီးများ အတွက်။ ရေမရရှိတဲ့‌နေရာမှာ နေရတဲ့လူများအတွက်။ ရာသီဥတု‌ပူနေရာမှ မိုးရွာချတဲ့အတွက် လူတွေကို အေးမြ‌သွားစေနိုင်သည် စသဖြင့်။ မိုးရေကိုအသုံးချနိုင်တဲ့လူတွေအတွက် အကျိုးရစေသည်။

ထိုနည်းတူ ဆရာသမား၊မိဘများသည် တပည့်၊သားသမီးများအ‌ပေါ်၌ ပညာ‌ဗဟုသုတ မိုး‌ပေါက်များ ရွာချပေးကြသည်။ ထိုမိုးပေါက်များကို ခံယူတတ်သည့်လူမှသာ ရနိုင်သည်။

  • မိုးသည်လည်း သူ့ရွာရမည့်အချိန်တိုင်း ရွာမည်ဖြစ်သလို ဆရာသမား၊မိဘများကလည်း ပြောဆိုဆုံးမသင့်သည့် အချိန်တိုင်း ပြောဆိုဆုံးမမည်ဖြစ်သည်။ လက်ခံမည်၊ မလက်ခံမည်က ကျွန်မတို့၏ ကိုယ်ပိုင်စိတ်ဆုံးဖြတ်ချက်ဖြစ်သည်။


  1. မိုးရွာခြင်းသည် လူသားများအား အပူဒဏ်မှ အနည်းငယ် ကင်းလွတ်စေရန် ရွာချပေးခြင်းဖြစ်သည်၊
  2. ဆရာသမား၊မိဘများ၏ ပညာမိုးရွာခြင်းသည်လည်း တပည့်သားသမီးများအား ရင်ဆိုင်ရမည့်လောကဓံ အခက်အခဲအပေါင်းမှ အနည်းငယ် ကင်းလွတ်စေရန်ဖြစ်သည်၊

ကျွန်မတို့ခံယူတတ်ရင် ခံယူတတ်သလို အကျိုးကျေးဇူးကိုခံစားရမည်ဖြစ်သည်။

မိုးရွာချလျှင် ခံယူကြသည့် လူများတွင်
လည်း ခံယူပုံစံများမတူညီမကြပေ၊ တချို့‌သောသူများသည် ပုံး၊ခွက် သေးသေးလေးများဖြင့် ခံယူကြပြီး တချို့သောသူများသည် ‌ပုံး၊ခွက် ကြီးကြီးမားမား ဖြင့် ခံယူကြသည်၊ မိုးရွာခြင်းပြီးသွားလျှင် ခံယူထားတာခြင်းတူလျှင်တောင် ခံယူပုံစံနည်းမတူသောကြောင့် ရရှိပုံခြင်းမတူပေ။
ဆရာသမား၊မိဘများမှ ပြောဆိုဆုံးမ
သောအခါတွင်လည်း ခံယူသူများခံယူပုံစံနည်းပေါ်မူတည်ပြီး ရရှိပုံခြင်းကွာခြားမည်ဖြစ်သည်။

မိုးရွာချခြင်းသည် ပထဝီကမ္ဘာမြေကြီးတည်ရှိနေသရွေ့ကာလပတ်လုံး သဘာဝအလျောက်ရွာချနေမည်ဖြစ်သည်၊
ပညာမိုးသည်လည်း ဆရာသမား၊မိဘများရှိနေသ၍ တပည့်၊သားသမီးများအပေါ် အမြဲ ရွာချနေမည်ဖြစ်သည်၊

ထိုကြောင့် ဒီနှစ်ခုသည် သံသရာစက်ဝိုင်းတွေဖြစ်ကြသည်ကို သတိပေးရင်း ရေးသားလိုက်တော့သည်။

မိုးရွာရင် မိုးရေများများခံနိုင်ကြသူများ‌ဖြစ်စေသော်
ပညာမိုးများလည်း များများလက်ခံနိုင်ကြသူများဖြစ်စေသော်


စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်...✍?
My_Collections_Channel

  • https://t.me/My_Collections_Channel

July 6 2024
20:10 PM @Ag

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း