Tapathi (တပသီ)
?လူတိုင်းမှာမတူညီတဲ့ ထူးချွန်မှုတွေနဲ့ စွမ်းအားတွေ ကိုယ်စီ ရှိကြပါတယ် ။ ကိုယ်က ဘယ်အရာအပေါ်မှာ ထူးချွန်သလဲဆိုတာ သိရဖို့အတွက် ပညာရပ်ပေါင်းစုံကို စူးဆန်းလေ့လာကြည့်ဖို့ လိုအပ်ပါတယ် ။ လေ့လာရမှာလည်း သေချာအာရုံစိုက်ပြီး အချိန်ပေးဖို့ လိုအပ်ပါတယ် ။ ဥပမာ ပန်းချီဆွဲတာမျိုးကို စာဖတ်သူက ထူးချွန်တယ် ဝါသနာလည်းပါတယ်ဆိုရင် ပန်းချီဆွဲနေရတာကို ပျော်မယ် ။ ကိုယ်ဝါသနာပါတဲ့အရာကို လုပ်နေရတဲ့အတွက်လည်း စိတ်ကလေး အေးချမ်းနေမယ် ။ ဒါမှမဟုတ် ပန်းချီဆွဲတာမျိုးကို ဝါသနာလည်းမပါ ဆွဲနေရတာလည်း စိတ်မပါဘူးဆိုရင် စာဖတ်သူအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး ။
? ထူးချွန်မှုဆိုတာ ဝါသနာက တစ်ဆင့် ဖြစ်ပေါ်လာတတ်တဲ့ အရာဖြစ်ပါတယ် ။ ဝါသနာနှင့် ထူးချွန်မှုကိုသာ ပေါင်းစပ်လိုက်ရင် ထိုက်သင့်သလောက် အောင်မြင်မှု ရရှိလာမှာ ဖြစ်ပါတယ် ။ ကိုယ့်ရဲ့ထူးချွန်မှုကို ရှာဖွေသိဖို့အတွက်လည်း စိတ်ရှည် အချိန်ပေးရန် လိုအပ်ပါတယ် ။ တစ်ရက် နှစ်ရက် လောက် လုပ်ကြည့်ရုံနဲ့ အဆင်မပြေပါဘူး ဝါသနာမပါဘူးဆိုပြီး သတ်မှတ်လို့ မရပါဘူး ။ လနဲ့ချီပြီး အာရုံစိုက်၍ ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ် ။ သို့မှသာ ကျွမ်းကျင်မှုဆိုတဲ့ စွမ်းအားကို ရရှိလာမှာ ဖြစ်ပါတယ် ။ ဝါသနာ ၊ ထူးချွန်မှု ၊ ကျွမ်းကျင်မှု ဒါတွေကိုသာ ပေါင်းစပ်လိုက်ရင် ပြီးပြည့်စုံပြီး အောင်မြင်ဖို့အတွက် လုံလောက်နေပါပြီ ။ ကြိုးစားနေချိန်မှာလည်း အခက်အခဲတွေကို သည်းခံဖို့ အရေးကြီးပါတယ် ။
?မိမိရဲ့ ထူးချွန်မှုတွေကို ရှာဖွေတွေ့ရှိသွားသူတွေကလည်း ဘဝကို အကောင်းဆုံး ဖြတ်သန်းနေနိုင်ကြပါတယ် ။ ကျောင်းစာမှာ မထူးချွန်ခဲ့ပေမယ့် လုပ်ငန်းခွင်ရောက်တဲ့အခါ ငယ်ငယ်က ကိုယ့်ထက် ပညာရေးမှာ ထူးချွန်ခဲ့တဲ့သူတွေဟာ ကိုယ့်လက်အောက်က အလုပ်သမားတွေ ဖြစ်နေတတ်ပါတယ် ။ ဒါကြောင့် ကိုယ်က ဘယ်နေရာမှာ ထူးချွန်လဲဆိုတာ သိရဖို့ပဲ လိုအပ်ပါတယ် ။
?ကိုယ့်မှာ ထူးချွန်မှုတွေ မရှိဘူး ။ ကြိုးစားရင်လည်း မအောင်မြင်နိုင်ဘူး လို့ အတွေးမှားတွေနဲ့ လွယ်လွယ် လက်လျှော့မယ်အစား " မင်း မပျံသန်းနိုင်ရင် ပြေးပါ ။ မပြေးနိုင်ရင် လမ်းလျှောက်ပါ " ဆိုတဲ့ ကျွန်တော် ဖတ်ဖူးတဲ့ စာစုလေးအတိုင်း ဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါ ။ ကြိုးစားမှုဆိုတာ အရှုံးမရှိတဲ့ ရင်းနှီးမှုပါ ။ အဲ့ဒါကြောင့် ကြိုးစားရင်း ထူးချွန်မှုနှင့် ဝါသနာတွေကို ရှာေဖွတွေ့နိုင်မှာ ဖြစ်ပါတယ် ။
စာဖတ်သူတို့အကျိုးတစုံတရာ ရရှိမယ်လို့မျှော်လင့်ပါတယ် ။ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ် ။ ပျော်ရွှင်အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ။☘️
#Tapathi
Keep Reading