Author's Profile Photo

Nicolette

3/07/2024

လေ့လာထားသင့်တဲ့ ဘာသာစကား (6) ခု

1 min read
Personal Development
Education
18 Again
လေ့လာထားသင့်တဲ့ ဘာသာစကား (6) ခု's photo

သတ်သတ်မှတ်မှတ်လေ့လာချင်တဲ့ သာသာစကားမရှိဘူး။

ဘယ်ဘာသာစကား လေ့လာထားရမယ်မှန်းမသိဘူးဆိုသူတွေအတွက် မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး ဘာသာစကား (6) ခုကို ဖော်ပြပေးလိုက်ပါတယ်။

?️?️?️?️?️?️?️?️

? အင်္ဂလိပ်ဘာသာစကား

ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့အတွက်ကြောင့် လေ့ကို လေ့လာထားရပါမယ်။

နည်းပညာအသစ်တွေနဲ့ အခမဲ့ပညာရေး program တွေ တော်တော်များများဟာလဲ အင်္ဂလိပ်ဘာသာစကားနဲ့ အများဆုံးရှိပါတယ်။

?️?️?️?️?️?️?️?️

? တရုတ်ဘာသာစကား (Mandarin)

အထွေအထူးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူး။ တရုတ်စကားပြောတတ်ရင် ပြည်တွင်းမှာတင်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ အရမ်းပေါပါတယ်။

?️?️?️?️?️?️?️?️

? ဂျပန်ဘာသာစကား

အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးအခွင့်အလမ်းအပြင် ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားရင် သင်ထားသင့်ပါတယ်။

Anime တွေ ကြည့်ရတာကြိုက်နှစ်သက်ရင် လေ့လာရတာပိုပြီး အဆင်ပြေမှာပါ။

?️?️?️?️?️?️?️?️

? ကိုရီးယားဘာသာစကား

ယဉ်ကျေးမှုလွှမ်းမိုးမှုကြောင့်ရော ပညာရေး၊ အလုပ်အကိုင်အတွက်ပါ လေ့လာကြသူတွေ အရမ်းများပါတယ်။

Kdrama, Kpop တွေကို ကြည့်ရင်းနဲ့ စိတ်လဲ အပန်းဖြေရင်း ဘာသာစကားလဲ လေ့လာရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်လို့ လေ့လာထားသင့်ပါတယ်။

?️?️?️?️?️?️?️?️

? ထိုင်းဘာသာစကား

ထိုင်းနိုင်ငံကို ပြောင်းရွေ့အခြေချသူတွေနဲ့ သွားရောက်အလုပ်လုပ်ကိုင်သူတွေ နောက်ပိုင်းမှာ အလွန်များပြားလာပါတယ်။

ထိုင်းမှာ မြန်မာလိုတတ်သူတွေ များတယ်ဆိုပေမယ့်လဲ ထိုင်းလိုတတ်ရင် နေရ ထိုင်ရတာ အလုပ်လုပ်ရတာ ပိုချောမွေ့မှာဖြစ်လို့ လေ့လာထားရင် မမှားပါဘူး။

?️?️?️?️?️?️?️?️

? ဂျာမန်ဘာသာစကား

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီးတော့ scholarship အပေးများပြီး ပညာရေးတန်ဖိုးထားတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ပညာတော်သင်သွားသူတွေ များပြားလာပါတယ်။

လူသုံးများတဲ့ ဘာသာစကားတစ်ခုလဲ ဖြစ်တာကြောင့် လေ့လာထားသင့်ပါတယ်။

?️?️?️?️?️?️?️?️

အခုဖော်ပြထားတဲ့ ဘာသာစကားတွေထဲက နှစ်မျိုးမဟုတ်ရင်တောင် တစ်မျိုးလောက် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရင်

အလုပ်အကိုင် အခွင့်အရေးအတွက်ရော ပညာရေးအတွက်ရော အများကြီး အထောက်အကူဖြစ်စေမှာပါ။

ကိုယ်အရမ်းစိတ်ဝင်စားတဲ့ ဘာသာစကားမရှိသေးဘူးဆိုရင် ဒီ (6) မျိုးထဲက ရွေးချယ်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။ ✌?


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?



Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုးအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်