SarPhat Author
ဒီနေ့ Job Interview ဖြေတော့မယ်ဆိုရင် Part (3) မှာတော့ Job Interview နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ Tips လေးတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ သင်အင်တာဗျူးသွားဖြေမယ့် Organization ရဲ့အကြောင်း (ဘယ်လို Industry အမျိုးအစားလဲ၊ ဘာတွေအဓိကလုပ်တာလဲစသဖြင့်)ကို သင်ကိုယ်တိုင်သေချာသိရှိအောင် Research လုပ်ပြီး လေ့လာထားသင့်ပါတယ်။ အင်တာဗျူးမှာမေးတတ်ပါတယ်။ ဒီ Company အကြောင်းကိုသိလား။ ဘာတွေကိုအဓိကထားပြီး လုပ်ကိုင်တာလဲလို့ မေးတဲ့အချိန်မှာ သင်ကအသေးစိတ်ကြီးမသိရင်တောင် အနည်းဆုံးတော့လေ့လာထားတာသိသာရုံလောက်ဖြေနိုင်တာ အကောင်းဆုံးပါ။ လုံးဝမသိဘူးလို့ဖြေတာကြီးက သင့်အတွက် Impression downပါတယ်။
နောက်တစ်ချက်ကတော့ သင်ဘာလို့ဒီအလုပ်ကိုလုပ်ချင်တာလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ အခု Organization ဘက်ကကြေငြာထားတာနဲ့ သင့်ကိုယ့်ပိုင်အရည်အချင်းနဲ့ဘယ်လိုကိုက်ညီမှုရှိတယ် သင့်မှာဘယ်လိုအချက်တွေ၊ အရည်အသွေးတွေပိုင်ဆိုင်ပါတယ်ဆိုတာ အင်တာဗျူးတဲ့သူတွေနားလည်သဘောကျလက်ခံအောင် ပြောနိုင်ရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ဆိုရရင် အင်တာဗျူးသွားဖြေတယ်ဆိုတာ သင့်ကိုယ်သင် Selling လုပ်တာပါပဲ။ (သင့်အရည်အချင်း၊ အရည်အသွေး၊ သင်ဘာတွေတတ်ကျွမ်းတယ်၊ ဘာတွေလုပ်နိုင်တယ်ဆိုတာတွေပြောပြီး သင့်ကိုအလုပ်ခန့် Hiring လုပ်လာအောင် Sellingလုပ်ရမှာပဲ) ဖြစ်ပါတယ်။
အင်တာဗျူးသွားဖြေတဲ့နေရာမှာ မေးနိုင်မယ့်မေးခွန်းများကိုကြိုတင်ခန့်မှန်းပြီး မေးလေ့မေးထရှိတတ်တဲ့မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်သွားပါ။ (မေးတတ်တဲ့မေးခွန်းလေးတွေအကြောင်းကို နောက်တစ်ပိုင်းမှာ ပြောပြပေးသွားပါဦးမယ်) ။ သင့်ဘက်ကလဲ Organization ဘက်ကအင်တာဗျူးသူကို လုပ်ငန်းနဲ့ပတ်သက်ပြီးသိလိုရာမေးဖို့ ကြိုတင်ပြင်ဆင်ထားပါ။
အင်တာဗျူးမဖြေခင် သင့်ဟာထပ်တလဲလဲလေ့ကျင့်ပြင်ဆင်သင့်ပါတယ်။ သင့်အခန်းထဲမှာမှန်ကြည့်ရင်း (သို့) အခြားသူတစ်ယောက်ကိုအကူအညီတောင်းပြီး အင်တာဗျူးဖြေဟန်ကို ထပ်တလဲလဲ Practiceပါ။ မလိုပါဘူး မထင်ပါနဲ့ ။ အင်တာဗျူးဖြေတာ Experience မရှိသေးသူ၊ Experience နည်းနေသူ၊ Exciting အဖြစ်များသူများဟာ ကြိုတင်ပြင်ဆင်ထားမှ စိတ်သက်သာရာရပြီး အဆင်ပြေပါလိမ့်မယ်။
အင်တာဗျူးသွားဖြေတဲ့နေရာမှာ သတ္တိရှိပါ။ စိတ်လှုပ်ရှားမှုကိုထိန်းပါ။ စိတ်ကိုအတတ်နိုင်ဆုံးပေါ့ပါးအောင်ထားပါ။ ဖြစ်လာသမျှအကျိုးဆက်အတွက် အကောင်းဆုံးရော အဆိုးဆုံးပါရင်ဆိုင်နိုင်ဖို့ စိတ်ဆုံးဖြတ်ထားပါ။ (အင်တာဗျူးကိုအကောင်းဆုံးဖြေနိုင်အောင် ကြိုးစားမယ်။ ဒါပေမယ့် အင်တာဗျူးမအောင်ခဲ့ရင်လဲ ဒါဟာငါ့အတွက် ကျရှုံးမှူမဟုတ်ဘူး၊ အတွေ့အကြုံတစ်ခုပဲ၊ အလုပ်တွေအများကြီးလျှောက်လို့ရသေးတယ်၊ ငါ့အတွက်ဒီထက်ပိုကောင်းတဲ့အလုပ်နေရာရမှာ၊ ငါထပ်ကြိုးစားရမယ်ဆိုပြီးစိတ်ကိုဆုံးဖြတ်ထားပါ။ ဒီအလုပ်ရခဲ့တယ်ဆိုရင်လဲ ငါအကောင်းဆုံးကြိုးစားပြီးအလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကိုသွင်းထားပါ)
အင်တာဗျူးခန်းထဲသို့ရောက်ရောက်ချင်း ငါးမိနစ်အတွင်းမှာ သင့်ရဲ့အရည်အချင်းကိုပြသနိုင်အောင် ကြိုးစားပါ။ Communicationကောင်းကောင်း၊ Eye contactရှိစွာ၊ အသံနေအသံထားမှန်ကန်စွာနှင့် ကိုယ်နေဟန်ထား၊ Body Language ပြေပြစ်ကောင်းမွန်စွာ အသုံးပြုပါ။ သင်သည်ခန့်အပ်မည့်အလုပ်နေရာကို မည်မျှကောင်းမွန်စွာတာဝန်ယူနိုင်မည်ဖြစ်ကြောင်း ပြောဆိုပြသပေးပါ။ အပြုသဘောဆောင်သော စကားအပြောအဆိုအသုံးအနှုန်း၊ အမူအရာရှိပါစေ။ အင်တာဗျူးအပြီးမှာ ကျေးဇူးတင်ကြောင်းပြောပြီး လေးစားစွာနှုတ်ဆက်ဖို့ကိုလဲမမေ့ပါနဲ့နော်။
ဒီအချက်လေးတွေမှတ်သားပြီး လေ့ကျင့်သွားမယ်ဆိုရင် အင်တာဗျူးသွားဖြေတဲ့အခါမှာတဖက်တလမ်းက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးအပိုင်းဖြစ်တဲ့ Job Interview ဖြေမယ်ဆိုရင် အပိုင်း(၄) မှာတော့ အင်တာဗျူးတွေမှာ မေးတတ်တဲ့မေးခွန်းလေးတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
#HRZone
Keep Reading