SarPhat Author

The Matches
Extra - Part 1
"ပြန်လာပြီလား။"
အိမ်ထဲဝင်လိုက်တာနှင့် ဧည့်ခန်းမှာထိုင်နေတဲ့အဖေက လှမ်းမေးလိုက်တာကြောင့်
"ဟုတ်ကဲ့ အဖေ။ သား သွားနားလိုက်တော့မယ်။"
"အေး အေး… ညစာစားလာပြီလား"
“ဟုတ်ကဲ့…”
အဖေ့ကိုပြောပြီးတာနှင့် လှေကားကနေတက်ခဲ့ကာ ကိုယ့်အခန်းဆီသွားလိုက်သည်။
အဖေ့ကုမ္ပဏီမှာ အလုပ်ဝင်နေပြီဖြစ်သလို အိမ်မှာပဲ ပြန်နေဖြစ်တာကြောင့် အိမ်ကလူကြီးတွေ မျက်စိစပါးမွှေးစူးနေတာတော့ အနည်းငယ်လျော့ပါးသွားသည်။
အခန်းထဲကို ဝင်ပြီး တံခါးကိုပိတ်ကာ လော့ခ် ပါချလိုက်ပြီးတော့မှ
"ဒီနေ့လဲ မစွံပါဘူးကွာ။ သိရခါနီးမှ ဘယ်ပျောက်သွားမှန်းမသိဘူး။"
ကိုယ်ပွားကောင်ကို လှမ်းပြောရင်းက မကျေမနပ် ရေရွတ်လိုက်မိသည်။ ဟိုအဖြစ်အပျက်ပြီးကတည်းက ကိုယ်ပွားကောင်ဟာ ကျွန်တော့်အနားကနေ လုံးဝပျောက်မသွားတော့ပေ။ အနည်းဆုံးတော့ တိုင်ပင်ဖော်ရသည်မို့ ကျွန်တော်လည်း ဘယ်သူ့ကိုမှ ထပ်မပြောတော့ဘဲ နေခဲ့လိုက်သည်။
"မင်း ဆိုက်ထဲကနေ ခဏခဏလစ်ထွက်နေတာတွေ မင်းအဖေသိရင် ကွိုင်ပူမယ်နော်။"
စိတ်ညစ်ရတဲ့အထဲ အဲ့ဒီကောင်ကပါ အဲ့လိုတွေလာပြောနေတာကြောင့် ဘုကြည့်ကြည့်လိုက်မိသည်။ ဒီကောင် ဘယ်တုန်းကတည်းက အဲ့လို ပွစိပွစိ လောင်တတ်လာတာလဲ။
"သိလဲမတတ်နိုင်ဘူးလေ။ ငါလဲ ငါ့ကိစ္စနဲ့ငါ ရှိသေးတာပေါ့။ ဒါနဲ့ ဟိုလင်ငယ်ကောင်တွေဘက်က အရမ်းငြိမ်နေတယ်မထင်ဘူးလား။"
"ဟုတ်တယ်။ သရဲလေးရဲ့သူငယ်ချင်းလဲ တစ်ခုခုတော့ အရေးယူဖို့လုပ်မှာပဲ။ သူတို့တွေကိုသာဖမ်းမိရင် ဒီခေတ်အခြေအနေနဲ့က သတင်းမဖြစ်ဘဲနေမှာ မဟုတ်ဘူး။"
"အေးလေ… ဒါပေမဲ့ ၂ နှစ်တောင်ရှိနေပြီကို အခုထိ သတင်းမထူးတာကတော့ လွန်လွန်းတယ်။"
"မင်း ဒီလောက်တောင် မြန်မြန် သတင်းထူးချင်နေရင်လဲ သရဲလေးသူငယ်ချင်းနဲ့ ကော်ဖီဆိုင်ပိုင်ရှင် ကိုပါ ပြန်ဆက်သွယ်ပြီး တိုင်ပင်ပါလား။ အခုလို မင်းတစ်ယောက်တည်းလုပ်နေတာက အန္တရာယ်များတယ်လေ။ ဒီနှစ်တွေအတွင်း ဟိုကောင်က ဘယ်လောက်ထိ အကောင်ကြီးလာပြီလဲဆိုတာ ခန့်မှန်းလို့မှ မရတာ။"
ကိုယ်ပွားကောင် ပြောလိုက်မှ အရင်ကအကြောင်းတွေ ပြန်တွေးမိပြီး စိတ်ထဲမှာ မွန်းကျပ်သလို ဖြစ်သွားမိသည်။ ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးအားတင်းလိုက်ရသည်။
"အန္တရာယ်များလဲ လုပ်စရာရှိတာတော့ လုပ်ရမှာပဲလေ။ သူတို့ကို အပြစ်ပေးနိုင်ဖို့အတွက် ပေးဆပ်ရမယ့် အရင်းအနှီးက ငါ့အသက်ဖြစ်နေရင်တောင် ငါကတော့ ဆက်လုပ်မှာပဲ။ ငါလဲ ဒီဘဝမှာ နေပျော်နေတာမှ မဟုတ်တာ။"
ကိုယ်ပွားနဲ့ စကားပြောနေရင်းက ဗီရိုကိုသော့နဲ့ ဖွင့်လိုက်ပြီး အဝတ်တွေကို အနည်းငယ်ဘေးကို ရွှေ့လိုက်သည်။ လိုက်ကာလို အဝတ်စကို ဘေးဘက်ကို ဆွဲလိုက်ပြီးတော့ စုဆောင်းထားတဲ့ အချက်အလက်တွေကို သေချာကြည့်ရင်း ဘယ်နားမှာလွဲနေလဲဆိုတာကို လေ့လာနေမိသည်။
"ငါကလဲ မင်းကိုဆက်ပြီး မစုံစမ်းဖို့ပြောနေတာမှမဟုတ်တာ။ တစ်ယောက်တည်းထက်စာရင် တိုင်ပင်ပြီးလုပ်တာက ပိုကောင်းတယ်လို့ပြောနေတာလေ။"
"ကိုချမ်းမြေ့တို့ ဒေါက်တာတို့ကို ဆွဲထည့်လို့မဖြစ်ပါဘူးကွာ။ ပြီးတော့ ငါက ကိုလင်းကိုတောင် မမှတ်မိတော့ဘူးလို့ ပြောထားတာကို ကိုမင်းထက်နဲ့ ရင်းနှီးနေလို့ရမလား။ လိမ်မှတော့ ပိပိရိရိပေါ့…"
"အေး...အဲ့ဒါလဲ ဟုတ်သားပဲ။"
"ငါလဲ ရေချိုးပြီး အိပ်တော့မယ်။ မင်းလဲလစ်တော့။"
"မင်း ငါ့ကို စကားဆက်မပြောတော့ရင် ပြီးနေတာကို။ လူတွေကို နှင်ထုတ်သလို နှင်နေသေးတယ် ... ဟားဟား"
ကိုယ်ပွားကောင်ပြောတာလဲ ဟုတ်နေတာကြောင့် ကျွန်တော်လဲ သူ့ကို ဘာမှထပ်မပြောတော့ဘဲ လျစ်လျူရှုထားလိုက်သည်။
အဝတ်စကို ပြန်ဆွဲကာ ဖုံးလိုက်ပြီး အဝတ်တွေကို စနစ်တကျပြန်ထားလိုက်သည်။ ရေချိုးပြီးရင်လဲဖို့ အဝတ်တစ်စုံကို ထုတ်ယူလိုက်ပြီး ဗီရိုကို သော့ပြန်ပိခတ်လိုက်သည်။
အဝတ်အစားတွေ ချွတ်ရင်း ဘောင်းဘီအိတ်ထဲက မီးခြစ်ဆံဗူးကိုထုတ်ပြီး စားပွဲပေါ်မှာထားတဲ့ သေတ္တာအသေးလေးထဲ သေချာထည့်လိုက်သည်။ လည်ပင်းမှာဆွဲထားတဲ့ အကြွေစေ့တပ်ထားတဲ့ကြိုးကိုပါဖြုတ်ကာ အတူတူထည့်ထားလိုက်ပြီးမှ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။
အခုဆို အပြင်ထွက်တိုင်း မီးခြစ်ဆံဗူးကိုပါ ယူသွားတတ်သလို ဆွဲကြိုးကိုလဲ နေ့တိုင်း မပျက်မကွက် ဝတ်ထားဖြစ်နေပြီဖြစ်သည်။
................................
ဒီနေ့က freedom escape game room ရှိတဲ့ shopping center မှာရောက်နေတာဖြစ်သည်။
ကျွန်တော် နောက်ယောင်ခံလိုက်နေတဲ့လူကို ဒီနားမှာ ၂ ခါ ၃ ခါလောက်တွေ့ဖူးတာကြောင့် ဒီနေ့စိတ်ကူးပေါက်တာနှင့် ဒီကိုလာခဲ့တာဖြစ်သည်။ ဇာနည်ဆိုတဲ့လူကိုတော့ ဘယ်မှာမှ မတွေ့ရဘဲ သတင်းလဲမကြားရတော့ပေ။ game room မှာတော့ ပုံမှန်ဝန်ထမ်းတွေပဲ ခန့်ထားကာ အဝေးက ညွှန်ကြားနေပုံရသည်။
ကော်ဖီဆိုင်မှာထိုင်နေရင်း ဟိုဘက်ကိုလဲ တစ်ချက်တစ်ချက် လှမ်းကြည့်နေရသည်။ ခဏနေတော့ သူတို့ဆီကို ပါဆယ်ထုတ်တစ်ခုနဲ့ လူတစ်ယောက်ရောက်လာလေသည်။ ဒီနေ့တော့ တစ်ခုခု အကြောင်းထူးပုံပင်။
Game room က ဝန်ထမ်းတွေက တစ်ယောက်ယောက်ကို သွားခေါ်နေပုံရကာ ပြန်ထွက်လာတော့ ကျွန်တော်စောင့်ကြည့်နေတဲ့လူပါ ပါလာလေသည်။ အဲ့ဒီလူက ကိုချမ်းမြေ့တို့နဲ့ ကျောင်းမှာ သိခဲ့တယ်ဆိုတဲ့ ပြည့်စုံ ဆိုတဲ့လူဖြစ်သည်။
သူက ပါဆယ်ထုတ်ကို လက်ခံယူလိုက်ပြီး လက်မှတ်ထိုးပေးလိုက်သည်။ အထုတ်ရဲ့အပေါ်က တစ်ထပ်ကို ဖြည်လိုက်ကာ အမှိုက်ကို ဝန်ထမ်းတစ်ယောက်ထံ လှမ်းပေးလိုက်ပြီး
အထဲက သေချာထုပ်ပိုးထားတာကိုသာ ယူသွားလေသည်။
ဝန်ထမ်းက အမှိုက်ကို သူတို့ game room အဝင်ဝနားက စက္ကူ သီးသန့်ထည့်ရသည့်အမှိုက်ပုံးထဲသို့ သေချာ လုံးချေပြီး ထည့်လိုက်တာကို တွေ့လိုက်ရသည်။
ကျွန်တော် ခဏစောင့်ကြည့်နေတုန်း game room ကို လူငယ်တွေ အုပ်လိုက်ကြီးရောက်လာတာကို တွေ့လိုက်ရတာကြောင့် ဆိုင်ကနေ အမြန်ထလိုက်ပြီး အဲ့ဒီရှေ့ကနေဖြတ်ကာ အမှိုက်ကို မြန်မြန်ကောက်ယူခဲ့လိုက်သည်။ ဝန်ထမ်းတွေလဲ အလုပ်ရှုပ်နေတာကြောင့် ဘယ်သူမှ မသိလိုက်ကြပေ။
အဲ့ဒီကအပြန် ဆောက်လုပ်ရေးကို ဝင်ကြည့်ပြီးမှ ပုံမှန်အလုပ်ကပြန်သလိုပဲ အိမ်ကို ပြန်လာခဲ့လိုက်သည်။ အိမ်ပြန်ရောက်ပြီး အခန်းထဲရောက်တော့မှ စာရွက်ကို ဖြန့်ကြည့်လိုက်သည်။
"New York?"
"ဒီဟာကို ဇာနည်က ပို့လိုက်တာလို့ မင်းကဘာလို့ထင်ရတာလဲ။"
ကိုယ်ပွားကောင်က မေးလာတာကြောင့် သူ့ကိုလှည့်ကြည့်လိုက်ပြီး
"ပြည့်စုံက သူနဲ့နီးစပ်တဲ့တပည့်လို့ ပြောလို့ရတယ်လေ။ game room တွေကို အုပ်ချုပ်ဖို့တောင် ဒီကောင့်ကို လွှဲထားတဲ့ဥစ္စာ… အခုလဲ တစ်ယောက်ယောက်ကို မကောင်းကြံဖို့ကိစ္စ လှမ်းပြီးခိုင်းတာ ဖြစ်နိုင်တာပဲ။"
"ဒါပေမဲ့လဲ ဇာနည်က နိုင်ငံခြားမှာသာဆို မင်းသူ့ကို အရေးယူဖို့လဲ မလွယ်ဘူးလေ။ သရဲလေးကိစ္စကိုရော သူက လွယ်လွယ်ဝန်ခံမယ်ထင်လို့လား။ ပြီးတော့ သရဲလေးကလဲ မင်းကို ထိခိုက်မယ်ဆို ဘာမှမလုပ်စေချင်ဘူးတဲ့။ သေသေချာချာ မှာသွားတာ…"
ကိုယ်ပွားကောင်ရဲ့ အသံတွေ ဘာတွေပါ အနည်းငယ် တိမ်ဝင်သွားသည်။ သူတောင် ခဏပဲ တွေ့ရတဲ့ ကိုလင်းကို ခင်နေပုံရသည်။ တကယ် အပြစ်ရှိတဲ့သူ ကျွန်တော်ကရော…။
"ကိုလင်းကတော့ အဲ့လိုပဲ ပြောမှာပေါ့။ အဲ့ဒါက ထားလိုက်ပါ။"
"ဘာကို ထားရမှာလဲ။ မင်းကိုကြည့်ရတာ ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားနေတာနဲ့ မတူဘူး။ မင်းက ဘာပဲဖြစ်လာဖြစ်လာဆိုပြီး မီးပုံထဲခုန်ဆင်းဖို့ပဲ စိုင်းပြင်းနေတဲ့ ပိုးဖလံနဲ့ပဲ တူနေပြီ။"
ကိုယ်ပွားကောင်ရဲ့ စကားကြောင့် ကျွန်တော် နာကျင်စွာ ပြုံးလိုက်မိသည်။
"သိနေရင်လဲ ပြီးတာပဲလေ။ မင်းက တခြားလူတွေကို သွားပြောပြလို့မရတာကတော့ ငါ လွတ်လပ်ဖို့ အကြောင်းတရားလှလှလေးဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီမြို့ကို သွားမယ်။ ဒီလိပ်စာကိုသွားမယ်။ အဲ့ဒီကောင် လက်ချက်နဲ့ အသက်ထွက်ရမယ်ဆိုလဲ ငါနဲ့ကိုလင်းနဲ့ကြားက သံယောဇဉ်ကို သူမဖြတ်နိုင်ခဲ့ဘူးဆိုတာကို ငါ့ရဲ့နောက်ဆုံးထွက်သက်ထိ အသံကျယ်ကျယ်နဲ့ သွားပြောဦးမှာ။"
ကိုယ်ပွားကောင်ဆီက ဘာသံမှထွက်မလာတော့ဘဲ ပျောက်သွားလေသည်။ ကျွန်တော်လဲ ကွန်ပျူတာနဲ့ ပုံတချို့ဖန်တီးကာ ခရီးသွားဖို့ အဖေ့ကို ခွင့်တောင်းရန် ပြင်ဆင်ရတော့သည်။
...................
"သားက အလုပ်အတွက် တိုးတက်ရာတိုးတက်ကြောင်းသွားတာပဲ အဖေ ခွင့်ပြုပါတယ်။ ခွင့်ကို email နဲ့ တင်လိုက်လေ။ အဖေ approved ပေးလိုက်မယ်။"
ကျွန်တော်အလုပ်ကို စိတ်ဝင်တစား ရှိနေတယ်ဆိုပြီး ဝမ်းသာနေတဲ့အဖေ့ကို စိတ်ထဲကပဲ တောင်းပန်လိုက်သည်။
တကယ်ကတော့ ဟိုနေ့က ပါဆယ်ထုတ်ထဲက လိပ်စာကိုမြင်ပြီး အဲ့ဒီ မြို့ကိုသွားဖို့ ကြံစည်လိုက်ခြင်း ဖြစ်သည်။ အဲ့ဒီမှာ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲ နဲ့ ကာလတိုသင်တန်းရှိမှာမို့လို့ လူငယ်တွေဆီ ဖိတ်စာပို့လာကြောင်း အဖေ့ကို လိမ်ပြောလိုက်တာဖြစ်သည်။
ဘယ်သူ့ကိုမှ ကြီးကြီးမားမား မထိခိုက်တာကြောင့် ဒါကဆိုးရွားတဲ့ အမှားတော့ မဟုတ်လောက်ဘူး ထင်သည်။
.................
ရုံးကနေ ခွင့်ယူဖို့အတွက် ခွင့်ပြုချက်ရတာနှင့် ဒီကိုတန်းပြီးထွက်လာခဲ့တာဖြစ်သည်။ တည်းခိုခန်းတစ်ခုမှာ အခန်းယူလိုက်ပြီး နေ့တိုင်း အပြင်ထွက် လျှောက်ကြည့်နေတာတောင် ၅ ရက်ရှိပြီ ဖြစ်သည်။
ပတ်ဝန်းကျင်အသစ်ကို ရောက်နေတာကြောင့် စိတ်ပြေလက်ပျောက်ရှိနေသလို ခံစားချက်ရနေကာ အနည်းငယ်ပေါ့ပါးနေသည်။
လမ်းလျှောက်လိုက်၊ မုန့်စားလိုက်၊ ထိုင်ငေးချင်ရင် ငေးနေလိုက်နှင့် လေနှင်ရာလွင့်နေတဲ့ တိမ်တွေလို စိတ်ကို လွှတ်ထားလိုက်သည်။ ကော်ဖီသောက်ချိန်တော့ ကော်ဖီကြိုက်သော တစ်စုံတစ်ယောက်ကို မမေ့လျော့ဘဲ သတိတရလွမ်းဖြစ်သည်။ ဒီအချိန် ကိုလင်းသာ ဘေးမှာပါရင် မရပ်မနားစကားတွေပြောပြီး ပျော်နေမယ်ဆိုတာ တွေးမိတော့ ပြုံးလိုက်မိသည်။
ဟိုနေ့က စကားများပြီးကတည်းက ကိုယ်ပွားကောင်လဲ ထပ်ပေါ်မလာတော့ပေ။ သူက ကျွန်တော့်စိတ်ထဲက ကောင်ဆိုတော့ ကျွန်တော် မလိုအပ်တဲ့အချိန်ဆို သူမရှိနေတာဖြစ်မည်။
လူတွေ သွားလာနေတာကို ကြည့်နေရင်းက ရင်းနှီးနေတဲ့ရုပ်ကို မြင်လိုက်ရတာကြောင့် ခုနက လွှတ်ထားမိတဲ့ စိတ်တွေကို ပြန်လည်စုစည်းပြီး အာရုံစိုက်လိုက်ရသည်။ ဟိုစာရွက်ပေါ်က လိပ်စာနဲ့ အနီးဆုံးနေရာမှာ နေ့တိုင်းအချိန်လာဖြုန်းနေရင်း စောင့်နေခဲ့တာဖြစ်သည်။
အသွင်ယူစုံစမ်းသည့်နည်းလမ်းများကို လေ့လာထားပြီးတဲ့နောက် ကိုယ်တိုင် ဆံပင်ကို အတိုညှပ်ကာ မျက်မှန်တပ်ပြီး ပါးသိုင်းမွှေးပါထားကာ ပုံစံပြောင်းထားပြီမို့လို့ ရုတ်တရက်ဆို သူတို့ ကျွန်တော့်ကို မမှတ်မိနိုင်လောက်ပေ။ ခေါင်းစွပ်အင်္ကျီနှင့် ဝတ်ပုံစားပုံက မျက်နှာကို အတော်ကွယ်နေတာကြောင့် သတိထားမိမှာကို စိုးရိမ်စရာမလိုသလောက်ရှိနေသည်။
ပြည့်စုံက အဆောက်အဦတစ်ခုထဲကို ဝင်သွားတာကြောင့် သူ့နောက်က လိုက်ဖို့ ထိုင်နေရာကနေ ထလိုက်သည်။ ရုတ်တရက် ခေါင်းထဲမှာ အပြင်းအထန်ထိုးကိုက်လာတာကြောင့် ငြိမ်ငြိမ်ရပ်နေဖို့ ကြိုးစားကြည့်ပေမဲ့ မရပေ။ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်လာကာ ဘယ်လိုမှ ရပ်နေလို့ မရတော့ဘဲ မြေကြီးပေါ် ဒူးထောက်ချလိုက်ရသည်။
ပတ်ဝန်းကျင်က လူတွေ ကျွန်တော့်ဆီကို လျှောက်လာတာကို နောက်ဆုံးအနေနဲ့ ဝေဝေဝါးဝါး မြင်လိုက်ရပြီး မြင်ကွင်းက မှောင်အတိကျသွားတော့သည်။
................
"အခုရော ခေါင်းကိုက်နေသေးလား။"
ဆရာဝန်က အင်္ဂလိပ်လို မေးလာသည်။
"သက်သာပါတယ်။ ကျွန်တော် ဆေးရုံဆင်းလို့ရပြီလား။"
ကျွန်တော်က ပြန်မေးလိုက်တော့ ဆရာဝန်က သူယူလာတဲ့ဖိုင်ကိုကြည့်နေရင်းက
"ဒီနိုင်ငံမှာ တခြားအသိမိတ်ဆွေမရှိဘူးလား။ မင်းကို စောင့်ရှောက်ပေးနိုင်မယ့် တစ်ယောက်ယောက်ဖြစ်ဖြစ်ပေါ့။"
"မရှိပါဘူး။ ကျွန်တော် ဒီကို တစ်ယောက်တည်း လာလည်တာ။"
"ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ”
“အခုထိတော့ အတိအကျ မပြောနိုင်သေးပါဘူး…”
“ဒါဆို မင်းရဲ့ ကျန်းမာရေးအခြေအနေကို တိုင်ပင်လို့ရမယ့် တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ရော ပေးလို့ရမလား။"
"ကျွန်တော့်မှာ ဆိုးဆိုးရွားရွားရောဂါတစ်ခုခု ရှိနေလို့လား။ ကျွန်တော့်ကိုပဲ ပြောပါ။ ကျွန်တော်က အရွယ်ရောက်ပြီးသားလူပါ။ နားထောင်နိုင်ပါတယ်။"
ကျွန်တော်ပြောလိုက်တော့မှ ဆရာဝန်က သက်ပြင်းချလိုက်ရင်းက
"မင်းမှာ Brain Tumour ရောဂါရှိနေတယ်။ အခြေအနေက ပြင်းထန်တယ်။ အချိန်မရွေး သတိလစ်တာ၊ မှတ်ဉာဏ်ပျောက်တာတွေဖြစ်နိုင်တယ်။ မင်းတစ်ယောက်တည်း လျှောက်သွားနေတာမျိုး မလုပ်သင့်ဘူး။"
ထိုင်နေရင်းနဲ့ ကြမ်းပြင်တွေက ချာချာလည်နေသည်။ နားထဲမှာလည်း ဆူညံသံတွေ စုပြုံလာသလို ခံစ
Unlock to read this premium article with 10 points.