Author's Profile Photo

မြ (စံကားဝါမြေ)

2/07/2024

စာရေးသူစီနီယာ"မြ (စံကားဝါမြေ)"မှ စာရေးသူဂျူနီယာလေးများသို့ ပေးစာ

2 mins read
Personal Development
Education
General Knowledge
စာရေးသူစီနီယာ"မြ (စံကားဝါမြေ)"မှ စာရေးသူဂျူနီယာလေးများသို့ ပေးစာ's photo

ဒီနေ့ ဆောင်းပါးလေးထဲမှာ မြက SarPhat Application လေးထဲမှာ စာစတင်ရေးကြမယ့် ကလောင်သစ်လေးတွေအတွက် မြ ‌စာရေးလာခဲ့တဲ့ သက်တမ်း(၄)လအတွင်းမှာ ရေးသားခဲ့ပုံနဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားမှာပါရှင်။

➠ ကလောင်သစ်လေးတွေက ခုမှ စာကို စာတင်ပြီး ရေးသားမယ်ဆိုပါစို့။

SarPhat Applicationလေးကို Downloadဆွဲပြီးတဲ့အခါ

◆ အကောင့်ဖောက်နည်း၊
◆ Author Account မြှင့်နည်း၊
◆ စာဘယ်လိုတင်ရမလဲ?
◆ ပုံလေးတွေက ဘယ်လိုထည့်ရတာလဲ?
◆ အသဲပေးထားတဲ့သူကြည့်နည်း၊
◆ Follow & Followerဆိုတာ ဘာကိုပြောတာလဲ?
◆ Pointရှိရင် ဘယ်လိုအခွင့်အရေးတွေ ရရှိနိုင်တာလဲ?

အစရှိတဲ့ အချက်လေးတွေကို ဟောဒီလင့်လေးထဲမှာ အချက်တစ်ချက်ချင်းဆီအလိုက် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။

➠ https://www.sarphat.com/articles/4930

အခု ဒီဆောင်းပါးလေးထဲမှာ အဲ့တာတွေကို မရှင်းပြတော့ဘဲ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုပဲ အဓိကထား ရေးသားသွားပါမယ်ရှင်။

❖ မြက SarPhat Applicationလေးကို 12.3.2024မှာ စတင်အသုံးပြုခဲ့တယ်။ ဒီနေ့ဆိုရင် မြ စာရေးလာတာ (၄)လပြည့်ဖို့ (၁၀)ရက်လောက် လိုသေးတယ်ပေါ့နော်။ မြ ပထမစပြီး စာတွေ ရေးခါစက မြကိုယ်တိုင်ရေးသားမှုတွေက သိပ်မရှိခဲ့ဘူး။ Social Media (သို့) မြ ဖတ်ထားတဲ့ စာအုပ်လေးတွေကနေ ပြန်လည်ရေးသားပြီးတော့ပဲ တင်ဖြစ်ခဲ့တာ များပါတယ်။

ဒါပေမယ့် အဲ့တာက တကယ်တွေးကြည့်ရင် စာရေးတာတော့ ဟုတ်ပါတယ်။ သို့သော် ကိုယ်ပိုင်အရေးအသားနဲ့ မြကိုယ်တိုင် ရေးသားထားတဲ့ စာတွေ မဟုတ်တဲ့အတွက် စာဖတ်သူတွေက ဖတ်လိုက်တဲ့အခါ "ငါ ဒီစာကို ဖတ်ဖူးသလိုလိုပဲ၊ ဘယ်‌မှာ ဖတ်ဖူးတာပါလိမ့်၊ ဒီစာကြီးကတော့ copyကြီးပဲ"ဆိုပြီး သိသွားတဲ့အခါမှာ ဆက်မဖတ်ချင်တော့တဲ့အပြင် စာရေးသူလေးရဲ့ ကလောင်လေးကိုလည်း မှတ်ထားပြီး "သူကတော့ #Credit တွေပဲ တင်တာ ကိုယ်တိုင်ရေးတဲ့စာတွေ မဟုတ်ဘူး။" လို့ သဘောထားပြီးတော့ စာဖတ်သူဦးရေလည်း လျော့ကျစေနိုင်ပါတယ်ရှင်။

ဒီအချက်ကနေ မြပြောချင်တာက သူများစာတွေကို ယူမတင်ပါနဲ့။ #Credit တွေကိုလည်း အများအပြား မတင်ပါနဲ့။ တစ်လမှာ တစ်ပုဒ်လောက်တော့ ကိုယ်တိုင်ရေးကြည့်ပါ။ မြဆိုရင်လည်း အဲ့လို တစ်လကို တစ်ပုဒ်ကနေ (၁၀)ရက်ကို တစ်ပုဒ်၊ (၁၀)ရက်ကနေ တစ်ပတ်ကို တစ်ပုဒ်၊ တစ်ပတ်ကနေ အခုတော့ တစ်နေ့ကို တစ်ပုဒ်ထိ ရေးသားနေပါပြီရှင်။

❖ စာရေးသူလေးတွေရဲ့ ဘဝနှင့်ရင်းပြီး ဂရုစိုက်ရမယ့် နောက်တစ်ချက်က စာလုံးပေါင်းသတ်ပုံပါ။ မြတို့က မြန်မာနိုင်ငံမှာနေပြီး မြန်မာစာကိုမှ ‌သတ်ပုံမှန်အောင်မရေးနိုင်ရင် ဘယ်ဗမာလူမျိုး ပီသတော့မလဲ။ စာရေးသူတစ်ယောက်က သတ်ပုံမှားနေရင် စာဖတ်သူများက "ဟင် စာရေးဆရာတစ်ယောက် လုပ်နေပြီးတော့ ဒီစာလုံးလေးတောင်မှ သတ်ပုံမှန်အောင် မရေးနိုင်ဘူး။" ဆိုတဲ့ ထင်မြင်ချက်‌မျိုးတွေ ဖြစ်ပေါ်လာနိုင်စေပါတယ်ရှင်။

မြတို့က အခု လက်ရေးနဲ့ မဟုတ်ဘူး။ Typingနဲ့ ရေးကြတဲ့အခါ Typing Errorလေးတွေကတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Typing Errorကိုလည်း စာမတင်ခင်မှာ သေချာလေး ဂရုတစိုက် ပြန်လည်စစ်ဆေးပေးပါ။ ဒါ့အပြင် မြတို့ရဲ့ မြန်မာစာမှာ ပုဒ်ကလေး၊ ပုဒ်မနှစ်ချောင်းနဲ့ အဖြတ်အတောက်လည်း အရေးကြီးသေးတယ်နော့်။ ဘယ်အရာမဆို Errorနည်းပြီး Perfectဖြစ်နေမှသာလျှင် လူတိုင်း သဘောကျကြတာပါ။ ဒါ့ကြောင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံကို အသက်တမျှ အထူးဂရုစိုက်ပြီး ရေးသားပါ။

❖ နောက်တစ်ချက်က ဒီဆောင်းပါးလေးထဲမှာ ကိုယ်အဓိကပြောချင်တဲ့ "စာလုံး၊ စာသား၊ အချက်အလက်" လေးတွေကို ထင်ရှားပေါ်လွင်စေဖို့ Bold Wordနဲ့ တခြား Font styleလေးတွေ ပြောင်းပြီးတော့ မြင်သာစေရန် ရေးသားပေးပါရှင်။ အဲ့လိုမှသာ စာဖတ်သူလေးတွေက "ဪ သူက ဘာပြောချင်တာ၊ ဘာကို ဆိုလိုချင်တာ၊ ဘယ်အချက်က အရေးကြီးတယ်၊ ဒီဆောင်းပါးထဲမှာဆို ဘယ်အချက်လေးက အဆီအနှစ်ပဲ" ဆိုတာတွေကို သိမြင်နိုင်မှာ ဖြစ်ပါတယ်ရှင်။

အဲ့တာဆိုတော့ မြပြောခဲ့တဲ့ အချက်လေးတွေကို အကျဉ်းပြန်ချုံ့ရရင်....

ပထမအချက် ➠ #Credit လျှော့ပါ။ Copyတွေ တအား မတင်ပါနဲ့။

ဒုတိယအချက် ➠ ပုဒ်ကလေး၊ ပုဒ်မ၊ အဖြတ်အတောက်၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံကို မိမိအသက်ပမာ ဂရုစိုက်ပေးပါ။

တတိယအချက် ➠ စာရေးတဲ့အခါ အဓိကအချက်လေးတွေကို ထင်ရှာပေါ်လွင်စေဖို့ စာလုံးဖောင့် ပြောင်းပေးပါ။


မြပြောခဲ့တဲ့ ဒီအချက်ကလေး (၃)ချက်ကို ရှောင်သင့်တာရှောင်၊ လိုက်နာသင့်တာ လိုက်နာပြီးတော့ ကလောင်သစ်လေးတွေရဲ့ အကောင်းဆုံးဖန်တီးမှုလေးတွေကို မြက စောင့်ကြိုနေပါမယ်လို့ ပြောရင်းနဲ့ မြရဲ့ "စာရေးသူစီနီယာ"မြ (စံကားဝါမြေ)"မှ စာရေးသူဂျူနီယာလေးများသို့ ပေးစာ" ဆိုတဲ့ ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
2.7.2024(Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ