Author's Profile Photo

KAUNG SAN

1/07/2024

သီချင်းနားထောင်ရင်း စာလုပ်ချင်ရင် ဒါမျိုးကို နားထောင်

1 min read
Personal Development
Education
General Knowledge
သီချင်းနားထောင်ရင်း စာလုပ်ချင်ရင် ဒါမျိုးကို နားထောင်'s photo

Lofi music (လိုဖိုင်)

လိုဖိုင် သီချင်းတွေက low-fidelity ကို အတိုကောက် နာမည်ပေးထားတာပါ။

ရိုးရှင်းငြိမ့်ညောင်းပြီး သာယာစွာ ထပ်ခါထပ်ခါ ပျံ့လွင့်နေတဲ့ သံစဉ်တေးသွားတွေကို မသိမသာ ခံစားရစေတဲ့ ဂီတပုံစံတစ်မျိုးပေါ့။

လိုဖိုင် သီချင်းတွေရဲ့ သာယာမှု ငြိမ့်ညောင်းမှုတွေက ငြိမ်သက်အေးဆေးတဲ့ ပတ်ဝန်းကျင်ငယ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
အထူးသဖြင့် အာရုံစူးစိုက်မှုလိုအပ်တဲ့ အရာတွေမှာ လိုဖိုင်သီချင်းသံစဉ်ကို ညင်သာစွာ နားထောင်နေပါက သိသိသာသာ အာရုံပျံ့လွင့်မှုကို လျော့ပါးစေမှာပါ။ 
စာလေ့လာဖို့၊စာအုပ်ဖတ်ဖို့၊အာရုံစိုက်ပြီးအလုပ်လုပ်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ လိုဖိုင်သီချင်းသံစဉ်တွေကို နားထောင်နိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း မကြာမကြာ နားထောင်ဖြစ်လို့ အကျိုးရှိတာကိုလက်ခံတဲ့သူပါ။

YouTubeမှာ lofi လို့အလွယ်တကူ ရှာလိုက်ရုံနဲ့ live streamတွေအပြင် lofi type beat ဆိုပြီး များစွာ ကျလာမှာဖြစ်ပါတယ်။
ကျွန်တော်နားထောင်ဖြစ်နေတဲ့ video linkလေး​တွေကိုလည်း ဒီ telegram channelမှာ မျှဝေပေးထားပါတယ်။ စိတ်ဝင်စားရင် လာရောက်ကြည့်ရှုလို့ရပါတယ်ဗျ။


https://t.me/+OAIXS8y53p5kODVl

မနေ့ကထက် တိုးတက်တဲ့ အမြန်နှုန်းတွေနဲ့ လိုတဲ့ပန်းတိုင်ကို ရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု