Thar Htoo-Be Unique
အရင်က အချိန်တန်ဖိုးဘယ်လောက်အရေးကြီးလဲ
သေချာမသိခဲ့ပေမဲ့ အသက်အရွယ် တစ်ခုရောက်လာတဲ့အခါတကယ့်လက်တွေမြင်လာရတယ်…၊
ဆိုရိုးတွေ၊ စာပေတွေမှာလည်း အချိန်နဲ့ပတ်သက်လာရင် အတော်လေးဖွဲ့နွဲ့ကိုးကားကြတယ်…။
ဘယ်လောက်အရေးကြီးကြောင်း ဘယ်လောက်
အလေးထားသင့်ကြောင့် ဆိုကြတယ်…၊ဒီနေ့တော့ အရေးကြီးတဲ့ အလုပ်တစ်ခု အချိန်မစေ့ခင် လုလုပ်နေခဲ့ရတာမို့ အချိန်တွေဟာ ဘယ်လောက်ပိုပြီး
တန်ဖိုးများပါလဲဆိုတာကို အသိအမှတ်ပြုမိလာတယ်၊
လူက အအားမနေချင်တဲ့စိတ်ကပါလာလို့နည်းနည်းထိန်းရတယ်ပဲပြောရမလား…တစ်ခါတစ်လေလည်း စိတ်ကိုလျှော့ပြီး နေချင်သလိုနေလိုက်မိတဲ့ အခိုက်အတန့်တွေရှိတယ်လို့၀န်ခံချင်ပါတယ်…။
ဒါပေမဲ့ ကိုယ့်အတွက်လုံး၀ ငြင်းလို့မရတဲ့အချိန်တွေကိုတော့မဖဲ့ပေးဖြစ်တာများတယ်…။
သူ့အချိန်နဲ့သူဖြစ်နိုင်အောင်ကြိုးစားလုပ်ဖြစ်တယ်၊
ပြန်ဆက်ရရင် ပြီးပြတ်ရမဲ့အရာတွေကို အာရုံစူးစိုက်လိုက်ခဲ့တာ မနက်ကနေ လုပ်နေလိုက်တဲ့အလုပ်ဟာ ညနေစောင်းသွားတဲ့အထိ တိုင်မျှောနေခဲ့တယ်…။ နာရီကိုကြည့်လိုက်တဲ့အခါ ဘာကြောင့်အချိန်တွေဟာ ကုန်မြန်လိုက်တာလဲ ဆိုပြီး မသိစိတ်က မေးခွန်းထုတ်နေခဲ့မိတယ်…။
ဒီလိုနဲ့အတွေး၀င်လာတာက လူနဲ့ သက်ရှိတွေဟာ
အချိန်တွေရဲ့ 'ဒုက္ခသည်' ဆိုပါလား…ဆိုတာကိုမြင်လာတယ်…၊ တနည်းအားဖြင့် အချိန်ရဲ့ကျေးကျွန်တွေပါလား…။
အချိန်အထက်မှာ မလွန်ဆန်နိုင်ကြဘူး…အချိန်က ပိုတောင်ရာထူးကြီးတယ်၊ တကယ်လည်း သူ့အထက်မှာဘယ်သူမှမရှိကြဘူး…။
မိမိတို့တွေးထားတာ တစ်နေ့တာဟာ ရှည်လျှားတယ်၊ အများကြီးလုပ်နိုင်တယ်လို့ထင်ကြတယ်…၊
တကယ်သေချာအလုပ်တွေကိုအာရုံစူးစိုက်ပြီး
ဘေးဘီကိုမမူဘဲ အလုပ်လုပ်တဲ့အခါ အတော်လေးကို မြန်နေကြောင်းခံစားရလာမယ်…၊
ကောင်းတဲ့အချက်က အလုပ်ထဲစိတ်နစ်မြုပ်၀င်နေတဲ့အခါ ပူပင်မှုတွေနည်းပြီး အလုပ်ရဲ့ဖိစီးမှုအနည်းငယ်မှတပါး စိတ်ငြိမ်းချမ်းနေနိုင်တာကိုလည်း ခံစားခဲ့ရမယ်၊
သေချာလေ့လာနိုင်ဖြစ်ရင်တော့ စိတ်ညစ်စေမဲ့ ပုံစံတွေက စက္ကန့်အနည်းငယ်တိုး၀င်လာတတ်တယ်၊
ဒါပေမဲ့ သူ့အတွက်နေရာမပေးဖြစ်တော့ ကြာကြာမနေဘဲ ပျောက်သွားလေ့ရှိတယ်။
ဆက်လက်ပြောရရင် မိမိတို့တွေအနေနဲ့တစ်ရက်တာမှာ မိမိထို့ထံကနေ မသိလိုက်မသိဘာသာ
စုပ်ယူသွားတဲ့အချိန်တွေကို မှတ်တမ်းပြန်ကောက်ကြည့်ပါ။ ဘယ်နေရာတွေမှာ အကျိုးမဖြစ်ဘဲကုန်မိနေလဲ?
ဂိမ်းမှာလား? ရုပ်ရှင်မှာလား? အတင်းပြောနေတဲ့အချိန်လား? စိတ်ညစ်နေတဲ့အချိန်လား? ဖုန်းပွတ်နေတဲ့အချိန်လား? အတွေးလွန်နေတဲ့အချိန်လား? စသည်ဖြင့်…။
အကောင်းဆုံး တစ်နေ့တာကို Alarm စနစ်လေးနဲ့သွားနိုင်ရင်တော့ပိုကောင်းပါတယ်။ ကျွန်တော်လည်းအတတ်နိုင်ဆုံး Alarm နဲ့သွားဖြစ်နေတယ်၊ တစ်ခါတစ်လေတော့ လိုအပ်ချက်တွေနဲ့ ပြီးပြတ်စရာတွေကြောင့် တစ်နေ့တာရဲ့ခရီးစဥ်က မှန်းထားသလို မဖြစ်နေတာကိုလည်း ထည့်တွက်ရမယ်။
ဒါကြောင့် မိမိအတွက် အချိန်နဲ့ ပတ်သက်လာတဲ့အခါအလေ့အလွင့်မဖြစ်စေဘဲ ရတဲ့အချိန်လေးမှာ
တစ်ခုခုဖြစ်ထွန်းတဲ့အရာလေးတွေနဲ့ အစားထိုးကြည့်ပါ။ ဖြစ်ထွန်းတယ်လို့ဆိုတိုင်းတစ်ချိန်လုံး လေ့လာနေရမယ်လို့မဆိုလိုပါဘူး။
၀င်လေထွက်လေရှုနေပြီး စိတ်တည်ငြိမ်မှုရနေတာကလည်း တန်ဖိုးဖြည့်ပေးခြင်းပါပဲ…။
မိမိအတွက် အတင်းအကျပ်မဖြစ်စေတဲ့ လည်ပတ်မှုတွေနဲ့ တစ်နေ့တာကို အတိုးအလျှော့လေးနဲ့ ခရီးနှင်သွားကြည့်ပါ…။
ဒီစာလေးကိုဖတ်နေရင်း တစ်နေ့တာ အသက်ကြီးသွားတာကိုလည်း မငြီးမငြူလက်ခံကြည့်ပြီး အချိန်တွေကို တန်ဖိုးထားတတ်ပါစေလို့ ဆန္ဒပြုရင်း….။
Time flies...and we all should grow each day as well...
@followers
@BUNIQCoaching
@TharHtooBeUnique
Thrive with Be-unique
Keep Reading