Author's Profile Photo

SarPhat Author

30/06/2024

သိမ်ငယ်စိတ်ကို ဖောက်ထုတ်ပစ်လိုက်

2 mins read
Personal Development
General Knowledge
Entrepreneurship
သိမ်ငယ်စိတ်ကို ဖောက်ထုတ်ပစ်လိုက်'s photo

သိမ်ငယ်စိတ် ဆိုတာလေ မအောင်မြင်သေးတဲ့သူတွေတိုင်းမှာရှိတယ် အောင်မြင်ပြီးသားလူတွေမှာလဲရှိတယ်
တစ်ချို့သော အောင်မြင်နေတဲ့သူတွေမှာ
ကိုယ်နယ်ပယ်ပတ်ဝန်းကျင်ကလူအချင်းချင်း ပြိုင်ဆိုင်လိုစိတ်တွေရှိတော့ ဥပမာ celebrity တွေ
Brand ကောင်းကောင်းတွေဝတ်စားတာတွေပြိုင်မယ်
ကားကောင်းကောင်းတွေပြိုင်မယ်
ငါကတော့ သူထက်သာတဲ့အိတ်မဝယ်နိုင်ဘူးဆိုတဲ့အတွေးမျိုး တစ်ချို့သော celebrity တွေမှာတွေ့ရတတ်တယ်

ဒီစိတ်ကို ဖျောက်နိုင်ဖို့ တစ်ခုပဲလိုပါတယ်

"ဂရုမစိုက်ခြင်း" ဒါပဲလိုပါတယ်

ဟုတ်ပါတယ် လောကကြီးကို ဂရုမစိုက်တတ်တဲ့သူတွေမှာ သိမ်ငယ်စိတ်ဆိုတာ တစ်ခါတစ်ရံမှသာ နည်းနည်းလောက်ဖြစ်တတ်တာမျိုးပါ တစ်ချို့တွေဆို သိမ်ငယ်စိတ်ဆိုတာမရှိသလောက်ကို နည်းပါတယ်။

လူတွေမှာ သိမ်ငယ်စိတ် ဘာကြောင့်ဖြစ်ကြသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ရှင်သန်ရာ ပတ်ဝန်းကျင် ကို
ကျွန်တော်တို့ ဂရုစိုက်နေကြလို့ပဲဖြစ်ပါတယ်။

ဥပမာ- သင်က အိမ်နေရင်းဝတ်နဲ့ ပုံလေးတစ်ပုံကို
Social media မှာတင်ဖို့ လက်တွန့်နေသလိုမျိုးပေါ့
ဒီပုံကိုတင်လိုက်ရင် Acc ထဲကလူတွေငါ့ကိုဘယ်လိုမြင်မလဲ စသဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်နေတာနဲ့
ကိုယ့်ရဲ့မပြည့်စုံမှုတွေက သိမ်ငယ်စိတ်ဖြစ်လာစေတာပဲဖြစ်ပါတယ်

အရမ်းကြီး perfect ဖြစ်နေမှဆိုတဲ့သူမျိုးတွေလဲရှိတယ်။ Perfectionism တွေလို့ခေါ်ကြတယ်
ဒီလိုလူမျိုးတွေကျတော့ အရာရာ perfect မဖြစ်နေဘူးဆိုရင် လုပ်နေတဲ့အလုပ်ကိုဆက်မလုပ်ဖြစ်တော့ပဲ
ဒီအလုပ်ကို perfect ဖြစ်အောင်ကြိုးစားရင်းနဲ့
အလုပ်မဖြစ်သွားကြတဲ့သူတွေများတယ်။

ဥပမာ - Vlogger တစ်ယောက်ဖြစ်ချင်တဲ့သူတစ်ယောက်က video quality မကောင်းမှာကြောက်တဲ့အတွက် video editing တွေကိုယ်တိုင်သင်တယ်
‌စိတ်တိုင်းမကျသေးတဲ့အတွက် စိတ်တိုင်းကျအောင်သင်နေရင်း perfect ဖြစ်အောင် လုပ်နေရင်းကနေ vlogger မဖြစ်လာပဲ editor တစ်ယောက်သာဖြစ်လာတယ်။
အစကတည်းက မပြည့်စုံခင်ကတည်းက vlog ရိုက်စရာရှိတာရိုက် editအတွက်လဲ တဖြည်းဖြည်း ဖြည့်သွားရမှာဖြစ်တယ်။. Perfectionism စိတ်ရှိနေပြီဆိုရင် သေချာပေါက်ပြင်ပါ။"အလုပ်ဖြစ်ဖို့ကအဓိက ပြည့်စုံဖို့ကနောက်မှ "ဆိုတဲ့စကားလေးကိုမှတ်သားထားပါ။

ဟုတ်ပြီ သိမ်ငယ်စိတ်ကို ဂရုမစိုက်ခြင်း နည်းနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျွန်တော်လုပ်ခဲ့တဲ့ပုံစံ
တစ်ကယ်လဲအလုပ်ဖြစ်ခဲ့တဲ့နည်းကိုပြောပြမယ်။

ကျွန်တော့်မှာ အားကစားဖိနပ်ကောင်းကောင်းတစ်ရံဝယ်ထားတာမရှိဘူး Gym ကလဲဆော့ဖို့ လစဉ်ကြေးလဲပေးပြီပြီ ဒီလထဲအသုံးစရိတ်ကများနေတော့ ဖိနပ်တစ်ရံလဲမဝယ်ချင်သေးဘူး ကျွန်တော့မှာ office shoe တစ်ရံရယ်
အိမ်မှာစီးနေကြ ပြောင်းဖူး Shower တစ်ရံဒါပဲရှိတယ်
Office shoe ကလဲ လည်သာဆိုတော့ gym စီးဖို့မသင့်တော်ဘူး မနက်ဖြန် gym ကသွားရတော့မယ်
ရှိတဲ့ shower နဲ့ပဲသွားမယ်ကွာဆိုပြီး သွားတယ်
ဘယ်သူတွေ ဘယ်လိုမြင်မြင် ဂရုမစိုက်ပဲနေမယ်ကွာ
ဆိုပြီးတွေးထားလိုက်တယ် ဒီဖိနပ်နဲ့ တစ်လတိတိ gym သွားပြီးရင်တော့ ဖိနပ်အသစ် တစ်ရံဝယ်မယ်လို့ စဉ်းစားထားလိုက်တယ်
ပထမဆုံး gym ရောက်တဲ့နေ့မှာ ဖိနပ်က shower နဲ့ဆိုတော့ သိမ်ငယ်စိတ်ဖြစ်မိတာအမှန်ပဲ
Gym‌ေရာက်တာနဲ့ Trainer ဆရာက အရင်ဆုံးအထင်သေးတဲ့ပုံစံမျိုးနဲ့ ဖိနပ်ကိုကြည့်တယ်လို့ခံစားလိုက်ရတယ် နောက် Trainer နဲ့ workout လုပ်နေတုန်း senior အစ်မတွေက ကျွန်တော့ကို ထူးထူးဆန်းဆန်းပုံစံမျိုးနဲ့ကြည့်နေကြတယ် ကျွန်တော်လဲ စိတ်ထဲတစ်မျိုးဖြစ်နေပေမယ့် ဂရုမစိုက်ပဲနေလိုက်တယ် သူတို့
ကျွန်တော့်အပေါ်ရောက်လာတဲ့ Attention က ၅ မိနစ်ထက်ပိုမကြာပါဘူး သူတို့လဲလုပ်စရာရှိတာလုပ်ပြီးပြန်သွားကြတယ် ကျွန်တော်လဲလုပ်စရာရှိတာလုပ်ပြီးပြန်လာတာပဲ ပထမဆုံးရက်ကိုအဲ့ဒီလိုသွားနိုင်လိုက်တော့ နောက်ရက်တွေမှာ ကျွန်တော် shower စီးတာမစီးတာကို ဘယ်သူကမှဂရုမစိုက်ကြသလို ကျွန်တော်ကလဲ ဘယ်သူ့ကိုမှဂရုမစိုက်ပဲသွားနိုင်သွားပြီ အဲ့ဒီလို ဂရုမစိုက်ခြင်းအနုပညာကလေ လုပ်နိုင်ရင် တစ်ကယ်မိုက်တာနော် အဲ့ဒီတစ်ခုလုပ်နိုင်လိုက်တာနဲ့ ကျန်တဲ့ကိစ္စတွေအပေါ်မှာလဲ ပတ်ဝန်းကျင်ရဲ့အထင်အမြင်တွေဂရုမစိုက်တာ့ပဲ ကိုယ်လုပ်စရာရှိတာတွေကိုလုပ်နိုင်လာတယ် သိမ်ငယ်စိတ်ဆိုတာလဲ တဖြည်းဖြည်းနည်းလာတယ်
ပိုပြီးတော့အလုပ်တွေဖြစ်လာတယ်။ဒီတော့ သင်တို့အနေနဲ့လဲ သိမ်ငယ်စိတ်တွေများနေတယ်ဆိုရင် ဒီနည်းလမ်းလေးသုံးကြည့်ပါလို့ ပြောပါရစေ။


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်