Default Profile Photo

SarPhat User

30/06/2024

'သ၍'က အမှန်လား၊ 'သရွေ့'က အမှန်လား။

1 min read
Book Review
Education
General Knowledge
'သ၍'က အမှန်လား၊ 'သရွေ့'က အမှန်လား။'s photo

'သ၍'က အမှန်လား၊ 'သရွေ့'က အမှန်လား။

*****

'မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း' နဲ့ 'မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့် ခွဲထား'တို့မှာ ကြည့်မယ် ဆိုရင် 'သရွေ့ (ဖြစ်နိုင် ~)' ဆိုပြီး ဖော်ပြထားပါတယ်။ ဆိုလိုတာက 'ဖြစ်နိုင်သရွေ့' ဆိုပြီး 'သရွေ့' ဆိုတာကို ရေးထုံးအဖြစ် သတ်မှတ်ထားတယ်ပေါ့။ 'သ၍' ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မြန်မာအဘိဓာန်စာအုပ်မှာ ကြည့်မယ် ဆိုရင်လဲ 'သ၍' ဆိုတာကို မတွေ့ရဘဲ 'သရွေ့' ဆိုတဲ့ တည်ပုဒ် ဖော်ပြထားပါတယ်။

* သရွေ့ /သှယွေ့၊ သယွေ့/ စည်း - ပြုနိုင်စွမ်း၊ ဖြစ်နိုင်စွမ်း အရှိဆုံး ဟူသော အနက်ဖြင့် ကြိယာကို ထောက်ပံ့သော စကားလုံး။ ''တတ်သရွေ့။ မှတ်သရွေ့။ ဖြစ်နိုင်သရွေ့။''

'မြန်မာအဘိဓာန်' ပါ ဖော်ပြပုံမှာ အသံထွက်၊ ဝါစင်္ဂ၊ အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ နမူနာအသုံး' ဆိုပြီး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ပါမယ်။

'သ၍' ဆိုတဲ့ တည်ပုဒ်ကို မြန်မာအဘိဓာန်ထဲမှာ ဖော်ပြထားတာ မရှိပါဘူး။

နောက်တစ်ခါ 'မြန်မာ-အင်္ဂလိပ်အဘိဓာန်'မှာ ကြည့်မယ် ဆိုရင် 'သရွေ့' ဆိုတဲ့ တည်ပုဒ်ကိုပဲ တွေ့ရမှာ ဖြစ်ပြီး 'သ၍' ဆိုတာကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ သတ်မှတ်ရေးထုံး မဟုတ်တော့လဲ တွေ့စရာအကြောင်း မရှိဘူးပေါ့။

ဒီတော့ သတ်မှတ်ရေးထုံးဟာ 'သရွေ့' ဆိုတာ ပိုင်ပိုင်နိုင်နိုင် မှတ်ထားနိုင်ပါပြီ။

အေးကျော်မင်း

ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။

?Telegram channel
https://t.me/yaymaltraining

?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

?LinkedIn
https://www.linkedin.com/company/yay-mal/

?Viber Channel
https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA

Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အော်ဆွေးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာမရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်ဂျက်ကီချန်းဘဝအကြောင်းမြန်မာပြည်မြောက်ပိုင်း𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚တကယ်မရှိသောနှစ်များစိတ်ရှည်ပါ။