SarPhat Author
Job Interview ဖြေတော့မယ်ဆိုရင် (Part -1) Job Interview ဆိုတာဘာလဲ?

Job Interview ဖြေတယ်ဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အလုပ်လာလျှောက်တဲ့ Applicantsတွေကို Organization ဘက်က တာဝန်ရှိကိုယ်စားလှယ်တစ်ဦးက ယခု Organizationတွင်း လစ်လပ်အလုပ်ရာထူးနေရာအတွက် သင့်တော်လား၊ မသင့်တော်လား၊ အလုပ်ခန့်သင့်လား၊ မခန့်သင့်ဘူးလား သိရအောင် စကားတွေပြောဆိုမေးမြန်းကြတဲ့ Formal Meeting တစ်ခုပဲဖြစ်ပါတယ်။
အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးတဲ့သူက ကိုယ့်ကိုမေးတာဖြေရုံတင်မဟုတ်ဘဲ ကိုယ်ကလဲသိလိုရာကိုပြန်လည်မေးမြန်းနိုင်ပါတယ်။ အဲလိုမေးမြန်းခြင်းကြောင့် မိမိတို့လျှောက်ထားတဲ့အလုပ် Organizationရဲ့ Culture နဲ့ Demands တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ တကယ်တမ်းတော့ အင်တာဗျူးဆိုတာ ဝန်ထမ်းရှာဖွေရွေးချယ်ရေးမှာ အဓိကအကျဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့် အင်တာဗျူးပြုလုပ်တဲ့နေရာမှာ Face to Face Discussion (အင်တာဗျူးသူနဲ့ လျှောက်ထားခံရသူ မျက်နှာချင်းဆိုင်ဆွေးနွေးပြောဆိုခြင်းလို့ပဲ ဘာသာပြန်ပါရစေ) နဲ့ Group Interview (အဖွဲ့လိုက်ကိုအင်တာဗျူးမေးမြန်းခြင်း) ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။
အလုပ်အင်တာဗျူးဖြေဆိုတဲ့အခါ ဆောင်ရန်/ရှောင်ရန်အချက်တွေရှိပါတယ်။ အဲ့အချက်တွေကို Job Interview ဖြေတော့မယ်ဆိုရင်
(Part -2) မှာ ဆက်လက်ပြောပြပေးသွားပါမယ်နော်။
#HRZone
Keep Reading