Hnin
သေချာစဥ်းစားကြည့်ရင် လူတွေမှာရှိတဲ့ ပါးစပ်လေးတစ်ပေါက်က တော်တော်ဒုက္ခပေးတာနော။ နေ့စဥ်နှင့်အမျှ အလုပ်လုပ်ရတာ ဒီပါးစပ်ထဲထည့်ဖို့၊ နေ့စဥ်နှင့်အမျှ အဆင်ပြေအောင်ပြောဆို ဆက်ဆံနေရတာ ဒီပါးစပ်ဘဲ။
အရင်အသက်ငယ်တုန်းကတော့ ပြောချင်တာတွေ လျှောက်ပြောလည်း ငယ်သေးလို့ဆိုပြီး ဘယ်သူ့မှစိတ်ထဲမထားကြဘူး။ အစားအသောက်တွေကို အငမ်းမရစားမိရင်လည်း ဟယ်..ကြည့်ပါအုန်း ကလေးလေးက အများကြီးစားနေတယ်၊ ထွားလာတော့မယ် ဆိုပြီး ချစ်ပေးတဲ့မျက်စိလေးတွေနှင့် ကြည့်ပေးကြတယ်။အသက်အရွယ်တစ်ခုရောက်လာတော့ စကားလုံးတစ်ခုပြောဖို့အရေးဆိုရင် အများကြီးတွေးပြီးမှ ပြောဖြစ်တော့တယ်။ အစားအသောက်တစ်ခုစားတော့မယ်ဆိုလည်း
ငါဒီဟာလေးစားလိုက်လို့ ဘာမှမဖြစ်ပါဘူး။ ဝယ်စားမဲ့ ပိုက်ဆံလေးကို တစ်ခြားလိုတဲ့နေရာလေးမှာ သုံးလိုက်မယ် ဆိုပြီး တွေးလာမိခဲ့တယ်။
အခြေအနေတစ်ခုကို မရောက်သေးတဲ့အချိန်၊ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရတဲ့ အချိန်တွေမှာ အရမ်းပင်ပန်းပါတယ်။ တစ်ဖက်လူက ပြောလိုက်တဲ့ စကားလုံးတွေကလေ ကျောပြင်ကို ရိုက်လိုက်တာက ရိုက်ပြီးရင် ပြီးသွားတယ်၊စကားလုံးတွေကလေ ကိုယ့်ကိုလိုတာလား၊ထွက်သွားစေချင်တာလား၊ အဲဒိ ပါးစပ်ပေါက်လေးက ထွက်လာတဲ့ စကားလုံးတွေကလေ တော်တော်နားလည်ကခက်တယ်။ကိုယ်က ပြန်ပြောမယ်ဆိုပေမဲ့လည်း ပြောမရတဲ့အခြေအနေနှင့်ကြုံရပြန်ရော။
နောက်ဆုံးတော့ ကျွန်မမှာ အတွေးတစ်ခုရလာခဲ့တယ်။ တစ်ဖက်လူက ဘယ်လောက်ဘဲ စကားလုံးများစွာပြောနေပါစေ ဘာမှပြန်မပြောဘဲ ဒီတိုင်းနားထောင်လိုက်တယ်။တစ်ဖက်လူက စကားလုံး တစ်ထောင်ပြောနေပေမဲ့လည်း ကိုယ့်ဖက်က စကားလုံး တစ်ရာပြည့်အောင်တောင်မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ အဖွားအမြဲပြောတဲ့ စကားတစ်ခုရှိတယ်''ငါ့မြေး.. လူတွေချစ်စေတာလည်း ဒီပါးစပ်၊လူတွေကိုမုန်းစေတာလည်း ဒီပါးစပ်တဲ့''၊
တစ်ဖက်လူကပြောတဲ့စကားတွေက မကြိုက်ရင်လည်း ကိုယ်မှပြန်ပြောခွင့်မရှိတာ..တစ်ဖက်လူပြောနေတာကြီးကို စိတ်ထဲထားပြီး စိတ်တိုနေရင် အလကားဘဲ။ ကိုယ့်စိတ်မှာဘဲ အနာတွေဖြစ်လာမယ်။ အဲဒိတော့ ပြောချင်တာက ကျွန်မတို့တွေ ရေအိုးထဲရေဖြည့်တော့မယ်ဆို ရေစစ်ဆိုတဲ့အရာလေးသုံးကြတယ်မှတ်လား။ မလိုလားတဲ့ အမှုန့်တွေ ကိုယ်သောက်မဲ့ရေအိုးထဲ မဝင်အောင်လေ၊ အဲလိုဘဲ မလိုလားတဲ့ အမှုန့်တွေဆိုရင် ရေစစ်လေးနှင့် စစ်ပြီး တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့အချိန်တွေကို တစ်ဖက်လူပါးစပ်ကထွက်တဲ့ စကားလုံးတွေနှင့် အချိန်မဖြန်းမိပါစေနှင့်။..
ပါးစပ်တစ်ပေါက်ကြောင့် လူတွေဒုက္ခရောက်သွားကြသလို ပါးစပ်တစ်ပေါက်ကြောင့် လူတွေ မုန်းတီးသွားကြတယ်။
Hnin(29.6.24)9:50PM
Keep Reading