Author's Profile Photo

Hnin

27/06/2024

ခံစားချက်တွေကို တစ်နည်းနည်းနှင့် ဖွင့်ပေးလိုက်ပါ

1 min read
Personal Development
General Knowledge
လူတိုင်း လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြပါတယ်။စိတ်ညစ်တယ်၊ပျော်တယ်၊ဝမ်းနည်းတယ် စသည်ဖြင့်ခံစားချက်အများကြီးဖြစ်ပေါ်လာကြတယ်။ ပျော်ရွှင်ရတဲ့အချိန်တွေကို မိတ်ဆွေ၊သူငယ်ချင်းတွေနှင့်ခံစားမျှဝေလို့ကောင်းပေမဲ့ ကျရှုံးတဲ့အချိန်တွေ၊ဝမ်းနည်းတဲ့အချိန်တွေဆိုရင် ကိုယ်ယုံကြည်ရတဲ့သူဆီကိုဘဲ ရင်ဖွင့်တတ်ကြပါတယ်။

ခံစားချက်တွေရင်ဖွင့်ကြတာနှင့်ပတ်သတ်ပြီး လူတိုင်းတော့မတူညီကြပါဘူး။



  • တစ်ချို့က လူသူတိတ်တဲ့နေရာကိုသွားပြီး အကျယ်ကြီးအော်ပစ်တယ်။
  • တစ်ချို့ကျတော့လည်း ကိုယ်ခံစားနေရတာကြီးကို တစ်ဖက်လူဆီပုံပြီး သောင်းကျန်းချင်ကြတယ်။
  • တစ်ချို့ကျတော့လည်း စာအုပ်ထဲရေးတာဘဲ ဖြစ်ဖြစ် လုပ်ကြပါတယ်။


ဝမ်းမနည်းဖူးတဲ့သူ၊ စိတ်ဓာတ်မကျဖူးတဲ့သူလို့ကတော့ ရှိမယ်လို့မထင်ပါဘူး။အနည်းနှင့်အများ ခံစားဖူးကြမှာပါဘဲ။ဘယ်လိုဘဲ ခံစား၊ခံစား ကိုယ့်ရင်ထဲမှာ အကြာကြီးမထားဘဲ ဖွင့်ထုတ်လိုက်တာကတော့အကောင်းဆုံးပါဘဲ။ကျွန်မဆိုရင် ကိုယ်တစ်ခုခုခံစားရတိုင်း ရင်ဖွင့်လေ့ရှိတဲ့ သူငယ်ချင်းရှိတယ်။ သူအမြဲနားထောင်ပေးတယ်။ဒါပေမဲ့လေ တစ်ခါတစ်ကျတော့ ပြန်တွေးမိတယ်။ ကိုယ်ခံစားရတိုင်း တစ်ဖက်လူဆီရင်ဖွင့်တဲ့အကျင့်ကကောင်းပေမဲ့ ကိုယ်ကိုယ်ကိုများတစ်ယောက်ထဲဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးဝင်လာခဲ့တယ်။.

အဲလိုဆိုတော့ ကိုယ်ကခံစားချက်ကိုဖွင့်ထုတ်ချင်တယ်၊သူများကိုလည်း အမြဲရင်မဖွင့်ချင်ရင် နည်းလမ်းကတစ်ခုဘဲရှိတယ်၊အဲဒါကတော့ ''စာအုပ်ထဲမှာ ရေး ဒါမှမဟုတ် Phoneရဲ့ noteမှာချရေး''
အဲလိုရေးရင်လေ အချိန်၊ရက်၊လ၊နှစ်၊တည်နေရာ အဲဒါတွေအကုန်ရေးထားရင် အကောင်းဆုံးဘဲ။ကိုယ်က နောက်ရက်တွေ နောက်ရက်တွေ ပြန်ဖတ်မိရင်လေ အော်..ငါအဲဒိနေ့၊အဲဒိရက် အဲဒိနေရာမှာ အဲလိုခံစားခဲ့ရတာပါလား ဆိုတဲ့အတွေးလေးဝင်ပြီး အဲဒါတွေတောင်ကျော်ဖြတ်နိုင်တာဘဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို အားပေးတဲ့အကျင့်လေးရလာခဲ့တယ်။..

ခံစားချက်ဆိုတာကလေ မိုးရွာတုန်းမှာရေရအောင်လို့ နှစ်ရှည်လများ လှောင်ကန်ထဲမှာ ထည့်လှောင်ရတဲ့အရာမဟုတ်ဖူး။အိမ်မှာ ဘုရားပန်းအိုးထိုးသလိုမျိုး နှစ်ရက်ခြား သုံးရက်ခြား လဲလဲပေးရတယ်။မကောင်းရင် သွန်ပစ်၊ပြီးရင် အသစ်ပြန်လဲ။

အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးပါနှင့်။
Hnin(27.6.24)1:35Pm

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ