Author's Profile Photo

Nyein

26/06/2024

"တန်ဖိုးရှိအောင် ဘယ်လိုလုပ်မလဲ"

1 min read
General Knowledge
Culture
18 Again
"တန်ဖိုးရှိအောင် ဘယ်လိုလုပ်မလဲ"'s photo

တန်ဖိုးဆိုတာ ပညာရှိတာနဲ့ အတူတုပါပဲ

အကြောင်းအရာတစ်ခုလေးနဲ့ ပြောပြချင်ပါတယ်၊


?တစ်ခါက
ရန်ကုန်မြို့ပေါ်မှာ ဟီး..နေအောင်ချမ်းသာတဲ့သူဌေးတစ်ယောက်ရှိတယ်။သူဟာ တိုက်တာအိုးအိမ်၊ကုမ္မဏီတွေအ‌များကြီးကိုလည်း ပိုင်ဆိုင်တယ်။ချမ်းသာကြွယ်ဝတဲ့သူဆိုတော့ ငွေကိုရေလိုသုံးနိုင်တယ်။

?တစ်ရက်သူဟာ
သူ့ရဲ့နောက်ဆုံးပေါ် တန်ဖိုးအကြီးဆုံးကားကြီးတစ်စီးနဲ့ မြို့ထဲသွားတဲ့အခါ တောင်ဥက္ကလာသစ္စာလမ်းမကြီးအရောက်မှာ ကားကအမှတ်မထင် စက်ရပ်သွားတယ်။ငွေကြေးချမ်းသာပြီး ကားမပြင်တတ်တဲ့သူဌေးဟာ ဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။က‌ံအားလျော်စွာပဲ သူကားပျက်တဲ့ နေရာအနီး ကားဝပ်ရှော့ရှိနေတယ်။ဒါနဲ့ပဲ ကားဝပ်ရှော့ဆရာကို ကားပြင်ပေးဖို့ အကျိုးအကြောင်းပြောတယ်။

ကားက ကြီးကြီးမားမားဘာမှမဖြစ်ဘဲ ဝိုင်ယာတစ်ခုက အရစ်ပြုတ်ထွက်ပြီး ရပ်သွားတာ။အဲ့တော့ သုံးမိနစ်အတွင်းမှာ ကြိုးကိုသေချာပြန်တပ် ဝက်အူရစ်ကိုကျကျနန ခွနဲ့ကျပ်ပေးလိုက်တော့ ကောင်းသွားတယ်။

ကားကောင်းသွားတော့ ပိုင်ရှင်သဌေးက
ဝပ်ရှော့‌ဆရာ့ကို "ဘယ်လောက်ပေးရမလဲလို့"
မေးတယ်။
အဲ့ဒီတော့ ဝပ်ရှော့ဆရာက
"တစ်သိန်းကျပါတယ်ခင်ဗျာ"လို့ ပြောလိုက်တယ်။
အဲဒီအခါ သူဌေးလည်း ကြောင်အမ်းအမ်းဖြစ်သွားတယ်။
"မဟုတ်သေးဘူးလေ၊တစ်သောင်းနဲ့များ မှားပြောသလား"။

"မဟုတ်ပါဘူး၊တကယ် တစ်သိန်းကျတာပါ"။

"နည်းနည်းတော့ လျှော့ပါလားကွာ"

သိန်းထောင်ချီတန်တဲ့ကားကို စီးထားပြီးပြီပဲဗျာ ၊တစ်သိန်းလောက်တော့ မကြည့်ပါနဲ့"

"မင်းလက်ခက တန်ဖိုးကြီးလှချေလား"

"ဟုတ်ကဲ့၊လက်ခက တန်ဖိုးကြီးတာမဟုတ်ပါဘူး၊လက်ခတစ်သောင်းပါခင်ဗျာ"

"‌ဒါဆို ကျန်တဲ့၊ကိုးသောင်းက ဘာအတွက်လဲ"

"ဟုတ်ကဲ့၊အဲဒါကတော့ ကျွန်‌တော်အနှစ်နှစ် အလလက ‌‌ေလ့လာသင်ယူလိုက်စားခဲ့ရတဲ့ ကားဝပ်ရှော့ပညာရဲ့ တန်ဖိုးအတွက်ပါ ခင်ဗျာ"

ကားဝက်‌‌ေရှာ့ဆရာရဲ့ စကားဟာ အင်မတန်မှတ်သားဖို့ကောင်းပြီး
အဓိပ္ပာယ်များစွာနဲ့လည်း ပြည့်ဝနေပါတယ်။ဒီတော့ သူဌေးခဗျာ ဘာမှမပြေ သာတော့ဘဲ တစ်သိန်းပေးလိုက်ရတယ်။

လောကမှာ အချို့အရာတွေက ကိုယ်အားဉာဏ်အားတွေ ဘယ်လောက်ရှိရှိ ပညာမရှိရင် တန်ဖိုးမကြီးပါဘူး။
ခွန်အားက တစ်သောင်းလောက်တန်ရင် ပညာက၉‌ေသာင်း‌ေလာက်တန်ပါတယ်။

လူတွေရဲ့တန်ဖိုးအနိမ့်အမြင့်ကွာဟချက်မှာ ခွန်အားဗလလည်းမဟုတ်ဘူး။စည်းစိမ်ဥစ္စာလည်းမဟုတ်ဘူး။ဆွေမျိုးဉာတိလည်းမဟုတ်ဘူး။ပညာပဲဖြစ်တယ်။

ပညာရှိတဲ့သူဟာ တန်ဖိုးရှိတာပါပဲ။
ပညာသာတန်ရင် ၊ပညာရှိဖြစ်အောင်လည်းပညာရှိဖြင့်အောင်လေ့လာလိုက်စားထားရင် ကိုယ်အား၊ခွန်အား၊ဗလမရှိချင်နေ၊ခြေလက်အဂ်ါမစုံချင်နေ အမြဲတန်ဖိုးရှိနေပြီး ဘယ်တော့မှ မဆင်းရဲနိုင်ဘူး။

အလုပ်သမားတွေကိုပဲကြည့်ပါ။
ပညာမတတ်တဲ့သူတွေက အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်းလုပ်ရပြီး လစာနည်းနည်းပဲရကြတယ်။
ပညာတတ်တဲ့ အင်ဂျင်နီယာ၊ဗိသုကာ၊မန်နေဂျာတွေကျတော့ အအေးခန်းထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း အလုပ်ထိုင်လုပ်နေရပြီး
လစာအများကြီးရကြတယ်။
အဲဒါဟာ ပညာက သတ်မှတ်ပေးထားတဲ့ တန်ဖိုးပါပဲ။

ဒီတော့ တန်ဖိုးရှိဖို့ ပညာရှိဖြစ်အောင် ကြိုးစားကြပါ။
ပညာရေးကို ပေါ့ပေါ့ဆဆမသင်ကြပါနဲ့။ပညာနဲ့ ဘဝတန်ဖိုးကို မြှင့်တင်ကြပါ။


#Nyein

ဒီစာပိုဒ်လေးကို ဖတ်ရှုပြီး အားလုံးပဲ တန်ဖိုးရှိတဲ့လူသားတွေဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်


ဒါလေးကတော့

ကိုယ်တိုင်ရေးသားထားခြင်းမဟုတ်ပါ။

စာဖတ်သူလေးတွေကို ပြန်လည်မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်။

Keep Reading

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း …အပိုင်း (၄) ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း ... အပိုင်း (၃)ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းမုန်းခိုင်းတိုင်း မုန်းမှာလား "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ